Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ

$
0
0

၁။ မြန်မာပန်းချီဆရာ ၂၅ ဦးပါဝင်သည့် Artists Beyond Boundaries အနုပညာပြပွဲကို ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ The American Center တွင် ၁၇.၆.၂၀၁၇ မှ ၂၉.၆.၂၀၁၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြပွဲအား The American Center မှ ပံ့ပိုးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏နိုင်ငံရေး၊ လူမှုရေးအပြောင်းအလဲများအပေါ် ထင်ဟပ်သည့် ပန်းချီ၊ ပန်းပု၊ အင်စတော်လေးရှင်း၊ ဓာတ်ပုံအနုပညာလက်ရာများကို ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

၂။ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဥဇဘက်ကစ္စတန်လက်ဝှေ့သမားများပါဝင်သည့် Lethwei Nation Fight လက်ဝှေ့ပြိုင်ပွဲ ကို သိမ်ဖြူလက်ဝှေ့ရုံတွင် ၂၅.၆.၂၀၁၇ ရက်နေ့ နေလည် ၁ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းများမှာ ၅ ထောင်ကျပ်မှ ၅ သောင်းကျပ်အထိ သတ်မှတ်ထားပြီး ဖုန်း ၀၉-၇၃၀၀၉၆၈၆၊ ၀၉-၉၆၄၄၀၀၂၁၅၊ ၀၉-၉၆၄၃၀၀၂၁၅ တို့ တွင် ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

၃။ ရန်ကုန်မြို့တွင် ပထမအကြိမ်ကျင်းပသည့် World Refugee Day Film Screening ရုပ်ရှင်ပြပွဲကို ဗိုလ်ချုပ်အောင် ဆန်း လမ်းရှိ ဝဇီရာရုပ်ရှင်ရုံတွင် ၂၀.၆.၂၀၁၇ ရက်နေ့ ည ၇ နာရီ ၃၀ တွင် ပြသသွားမည်ဖြစ်သည်။ အဆိုပါရုပ်ရှင်ပြပွဲတွင် ဆယ်ကျော်သက်အရွယ်နှင့် နေရပ်စွန့်ခွာနေထိုင်ရသူတို့၏ ဘဝကိုခံစားနားလည်ရင်း စိတ်ဓာတ်ခွန်အားမြှင့်တင်ပေး နိုင်မည့် Cast from the Storm ရုပ်ရှင်ကားကို ပြသသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ ဖြစ်ကြောင်းသိရသည်။

၄။ အီတာလျံဓာတ်ပုံပညာရှင် Chiara Luxardo ၏ Rakhine Stories ဓာတ်ပုံပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၉ လမ်းရှိ Myanmar Dietta အနုပညာပြခန်းတွင် ၂၂.၆.၂၀၁၇ မှ ၂၉.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ဓာတ် ပုံပြပွဲတွင် ဒေသခံတို့၏ ရိုးရာလူနေမှုဘဝ၊ ရှားပါးတောရိုင်းတိရစ္ဆာန်တို့၏ ပုံရိပ်များနှင့် ရုပ်သံဇာတ်လမ်း ၂ ပုဒ်ကို ကြည့်ရှု ခံစားနိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

၅။ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ၏ ၂၅ နှစ်ပြည့်မြောက် ဓာတ်ပုံပြပွဲအား ပြည်သူ့ရင်ပြင်ရှိ Yangon Gallery တွင် ၂၂.၆.၂၀၁၇ မှ ၂၅.၆.၂၀၁၇ အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါဓာတ်ပုံ ပြပွဲတွင် MSF ၏ မြန်မာနိုင်ငံအတွင်း လက်ရှိ လုပ်ကိုင်လျက်ရှိသော လုပ်ငန်းများ၊ သမိုင်းကြောင်းများကို ထင်ဟပ်စေသည့်ဓာတ်ပုံများ၊ ဝန်ထမ်းနှင့်လူနာများ ၏ဓာတ်ပုံများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

၆။ ဒုတိယအကြိမ်မြောက်ကျင်းပသည့် European Food Festival ပွဲတော်ကို ပန်းဆိုးတန်းအထက်လမ်းရှိ Rose Garden Hotel တွင် ၂၄.၆.၂၀၁၇ ရက်နေ့ ညနေ ၃ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် ရန်ကုန်မြို့ရှိ European စားသောက်ဆိုင်များ၏အကောင်းဆုံးစား သောက်ဖွယ်ရာများကို သုံးဆောင်နိုင်မည်ဖြစ်ပြီး ဝင်ကြေး ၂ သောင်းကျပ် သတ် မှတ်ထားကြောင်းသိရသည်။

၇။ ACID နှင့်Antibiotic အဖွဲ့တို့ ပူးပေါင်းဖျော်ဖြေမည့် Going Deeper ဂီတပွဲကို ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းမရှိ Yangon sky bistro တွင် ၂၃.၆.၂၀၁၇ ရက်နေ့ ည ၈ နာရီတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။ အနဂ္ဂ၊ ဇေယျာသော်၊ ရန်ရန်ချန်းနှင့် ကိုင်ဇာတင်မှုံတို့က ဖျော်ဖြေသွားမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းမှာ ၈ ထောင်ကျပ် သတ်မှတ် ထားကြောင်း သိရသည်။

၈။ မော်ဒန်ပန်းချီဆရာကြီးဦးဝင်းဖေ၏ ဝင်းဖေ၏ဘရဖီ ပန်းချီပြပွဲကို ဒဂုံမြို့နယ်၊ နဝဒေးလမ်းရှိ Think Art Gallery တွင် ၂၀.၆.၂၀၁၇ မှ ၂၄.၆.၂၀၁၇ ရက်နေ့အထိ ပြသသွားမည်ဖြစ်သည်။ ပြပွဲတွင် အခရိုင်းလစ်ပန်းချီကား ၅၀ ကျော်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။

၉။ ပန်းချီဆရာ ၃၈ ဦးပါဝင်သည့် Sketches of 38 Artist ပုံကြမ်းပန်းချီပြပွဲကို ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းရှိ 43 Art Gallery တွင် ၁၈.၆.၂၀၁၆ မှ ၂၅.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ပြပွဲတွင် ပုံကြမ်းပန်းချီပေါင်း ၇၀ ကျော် ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

၁၀။ နိုင်ငံကျော်အဆိုတော်များပါဝင်မည့် ဂီတအလှပန်းချီဂီတဖျော်ဖြေပွဲကို မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ၂၅.၆.၂၀၁၇ ရက်နေ့ ညနေ ၆နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်မှတ်ဈေးနှုန်းများမှာ ၇ ထောင်ကျပ်၊ တသောင်း ကျပ် သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ၁၈၇၆ တို့တွင် ဆက်သွယ်မှာ ယူနိုင်ကြောင်း သိရသည်။

The post ဒီတပတ် ရန်ကုန်မှာ လည်ပတ်စရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)