အသက် ၃၂ နှစ်အရွယ် အမေရိကန်အဆိုတော် ကေတီပယ်ရီ (Katy Perry)ဟာ လူမှုကွန်ရက်စာမျက်နှာတခုဖြစ်တဲ့ တွစ်တာမှာ ပရိသတ် သန်းပေါင်းရာချီရှိတဲ့ ပထမဆုံး အကောင့်ပိုင်ရှင်ဖြစ်တယ်လို့ CNN သတင်းတရပ်က ဆိုပါတယ်။
ဒါဟာ သူမရဲ့နောက်ထွက်ရှိမယ့် အယ်လ်ဘမ်သစ် Witness အတွက် အခွင့်အရေးတခုလို့လည်း ပြောလို့ရပါတယ်။
သူမဟာ တွစ်တာကို ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့တာဖြစ်ပြီး မကြာခဏဆိုသလို တွမ်တာမှာ ပရိသတ်တွေနဲ့လည်း အပြန်အလှန်ပြောဆိုလေ့ရှိပါတယ်။ သူမရဲ့ သီချင်းသစ်တွေ၊ အယ်ဘမ်သစ်တွေ သီချင်းဗီဒီယိုသစ်တွေကိုလည်း အမြဲကြော်ငြာလေ့ရှိပါတယ်။ တခါတလေ အရေးကြီးသတင်းမျိုးတွေ လတ်တလောဖြစ်ရပ်တွေကိုလည်း တင်ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက Super Bowl Halftime ဖျော်ဖြေပွဲတုန်းက သူရဲ့အကသမားတဦးဖြစ်သူက ငါးမန်းလို ဝတ်ဆင်ကပြခဲ့ပြီး ဖျော်ဖြေပွဲတခုလုံးကို ဖမ်းစားခဲ့တာနဲ့ပတ်သက်လို့ တွစ်တာမှာ အတော်လေးနာမည်ကြီးခဲ့တာပါ။
တွစ်တာမှာ သူမအနေနဲ့ အများဆုံးရေးသားပြောဆိုဖြစ်တဲ့အကြောင်းတွေကတော့ One Direction, Justin Bieber, Ariana Grande, Hillary Clinton, Demi Lovato စတဲ့နာမည်ကြီးတွေရဲ့အကြောင်းတွေများတယ်လို့ သိရပါတယ်။
အဆိုတော် ဂျစ်စတင်ဘီဘာကလည်း တွစ်တာမှာ ပရိသတ်ပေါင်း ၉၇ သန်းနဲ့ အမှီလိုက်နေပါတယ်။ အဆိုတော် တေလာဆွစ်ကတော့ ပရိသတ်ပေါင်း ၈၅ သန်း ရှိတယ်လို့ သိရပါတယ်။
Ref: cnn/latimes
သုန္ဒြီဆီလျော်အောင် ဘာသာပြန်ဆိုသည်။
The post တွစ်တာမှာ ပရိသတ်အများဆုံး စံချိန်ချိုးသွားတဲ့ အဆိုတော် ကေတီပယ်ရီ appeared first on ဧရာဝတီ.