Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အဆိုတော် သားစိုးရဲ့ ဂျပန်မှာ ဖြန့်ချိမယ့် တေးစီးရီးသစ်

$
0
0

အဆိုတော် သားစိုးက “ရသရူး” (ဘယ်လိုနေလဲအဆင်ပြေလား) တေးစီးရီးသစ်ကို ဂျပန်နိုင်ငံတွင် ဒီ နှစ်ကုန်ပိုင်းလောက် သွားရောက်ဖြန့်ချိမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“၂၀၁၇ နှစ်ကုန်ပိုင်းလောက်တော့ ဖြန့်ချိမယ့်ရက်ကို သတ်မှတ်ပြီးတာနဲ့ ဂျပန်နိုင်ငံကို လိုက်သွားမှာဖြစ်ပါတယ်။ ဂျပန်မှာလည်း ကျနော်ကိုယ်တိုင်သွားရောက်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဂျပန်သီချင်းကိုက ဂျပန်တွေဆိုထားတာပါ။ “ရသရူး”သီချင်းကို ဂျပန်လိုကတော့ ဘယ်လိုနေလဲအဆင်ပြေလား ဆိုပြီး ခေါင်းစဉ်ပေးထားပါတယ်”လို့ ပြောပါတယ်။

ဒီ အခွေကတော့ ပြည်ပမှာဖြန့်ချိမယ့် သားစိုးရဲ့ပထမဆုံးစီးရီးဖြစ်ပြီးတော့ သူရဲ့အောင်မြင်ခဲ့တဲ့ မြန်မာသီချင်း ၆ ပုဒ်၊ ဂျပန်သီချင်း၂ ပုဒ်နဲ့ အင်္ဂလိပ်သီချင်း၂ ပုဒ်တို့ ပါဝင်သွားမယ်လို့ သိရပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သွားရောက်ဖြန့်ချိရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်မှာ သွားရောက်ဖြန့်ချိမယ့် အကြောင်းနဲ့ပတ်သက်လို့ အဆိုတော် သားစိုးက “အဓိကကတော့ ကျနော်ရဲ့ ပရိုဂျူဆာက စင်ကာပူနိုင်ငံမှာ ၂၀၁၀၊ ၂၀၁၁ လောက်က သွားရင်းလာရင်းနဲ့ စင်ကာပူက မြန်မာတွေ အသွားအလာ များတဲ့ ပလာဇာတခုမှာ ဖွင့်ထားတာကို သူကနားထောင်ဖူးပါတယ်။ အဲ့ဒါနဲ့သဘောကျပြီး စုံစမ်းတော့ သားစိုးဆိုတာ သိသွားတယ်။ မြန်မာပြည်ကို ဆက်သွယ်ဖို့လုပ်တာ မဆက်သွယ်ဖြစ်လိုက်ဘဲနဲ့ ကျနော် ဂျပန်နိုင်ငံ တိုကျိုမှာ သွားဖျော်ဖြေတော့ သူကလာဆက်သွယ်တယ်။ အခွေထုတ်ဖို့အတွက်ကမ်းလှမ်းတာပါ” လို့ ဆိုပါတယ်။

ဂျပန်မှာ ဖြန့်ချိရောင်းချမယ့် သားစိုးရဲ့ “ရသရူး” (ဘယ်လိုနေလဲအဆင်ပြေလား) လို့ အမည်ပေးထားတဲ့ အခွေထဲမှ ဂျပန်သီချင်းများကို သားစိုးက မြန်မာလို ရေးသားပေးထားပြီး ဂျပန်ဘာသာဖြင့် ဂျပန်အဆိုတော်များက သီဆို ထားတယ်လို့ သိရပါတယ်။

သားစိုးက သူရဲ့ တစ်နှစ်သုံးမီဒီယာက စီစဉ်ရိုက်ကူးတဲ့ “ဂျော်နီငပိနဲ့ တော်ကီချက်ကြီး”ဆိုတဲ့ ဇာတ်လမ်းတွဲ ထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး နောက်ထပ်လည်း ရုပ်ရှင်ကားများနဲ့ ဇာတ်လမ်းတွဲများ ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

The post အဆိုတော် သားစိုးရဲ့ ဂျပန်မှာ ဖြန့်ချိမယ့် တေးစီးရီးသစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles