Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင်ကား iflix မှာ ကြည့်ရှုနိုင်ပြီ

$
0
0

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ပိုင်ဖြိုးသု၊ မာရီကိုးလ်၊ မြနှင်းရည်လွင်၊ ဝင့်ယမုံလှိုင်၊ မေဂရေစ့် စတဲ့ မင်းသမီးငါးလက် ပါဝင်သရုပ်ဆောင်ထားတဲ့ “ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင်ဇာတ်ကားကို iflix မှာ ပထမဆုံး သီးသန့်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့က ကြေညာခဲ့ပါတယ်။

Iflix ဝန်ဆောင်မှုဟာ လစဉ်ကြေးပေးသွင်းပြီး အင်တာနက်မှတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ Website နဲ့ Application ဝန်ဆောင်မှု ဖြစ်ပါတယ်။ iflix ကို ဖုန်း၊ Tablet, Laptop, Desktop, TV နဲ့ အခြား ချိတ်ဆက်လို့ရတဲ့ Device များမှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

“ကျမတို့ရဲ့ ရည်မှန်းချက်က လူပေါင်း 1 Billion အတွက် ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုကို ဖန်တီးပေးပြီး TV နဲ့ ရုပ်ရှင်ကြည့်ရှုနေရတာကို ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။ Iflix အသုံးပြုသူတွေအနေနဲ့ မယုံကြည် နိုင်လောက်အောင် သက်သာတဲ့ လစဉ်ကြေးနဲ့ စိတ်ကြိုက်အစီအစဉ်တွေကို တိုက်ရိုက်ဖြစ်စေ၊ Download လုပ်ပြီးဖြစ်စေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်” iflix ရဲ့ Country Manager, Ms.Adeana Greenlee က ပြောပါတယ်။

iflix မှာ ပြသမယ့် “ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင် မိတ်ဆက်ပွဲ

မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ သီရိလင်္ကာ၊ မော်လ်ဒိုက်ဗ်၊ ပါကစ္စတန်၊ ဗီယက်နမ် စတဲ့ နိုင်ငံများမှ iflix အသုံးပြုသူများအနေနဲ့ အဆိုပါ “ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင်ကားကို ယခုလမှ စတင်ပြီး တိုက်ရိုက် (သို့မဟုတ်) Download လုပ်ပြီး ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

အဆိုပါ ဇာတ်ကားနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က “ကျနော်တို့ရဲ့ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသပြီးတဲ့နောက်မှာ ရုံမှာကြည့်လိုက်ရတဲ့သူတွေ ရှိကောင်း ရှိနိုင်ပေမယ့် အခု အခွေလည်း ပြန်မဖြန့်ချိရ သေးခင်မှာ iflix ကနေ မြန်မာတနိုင်ငံလုံး အပါအဝင် iflix သက်ရောက်တဲ့ နိုင်ငံတိုင်းမှာ ကြည့်ရှုခွင့်၊ ကျနော်တို့ဘက်ကနေ ပြသခွင့်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီအတွက် iflix တဖွဲ့သားလုံးကို ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်” လို့ ပြောပါတယ်။

“ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မီးပွားရိုက်ကူးပြီး Heart & Soul နဲ့ Frenzo Production တို့မှ ရိုက်ကူး ထုတ်လုပ်တာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၆ အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ရရှိထားတာ ဖြစ်ပါတယ်။

iflix မှာ ပြသမယ့် “ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင် မိတ်ဆက်ပွဲ

ဇာတ်လမ်းမှာ စိုင်းစိုင်းခမ်းလှိုင်က မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင် “ဧဒင်” အဖြစ် သရုပ်ဆောင် ထားပြီး သူနှစ်သက်တဲ့ မိန်းကလေး “ဧဒင်ရဲ့နတ်သမီး” ကို ရှာဖွေရင်း လိုက်လံ ကူညီပေးတဲ့ သတင်းထောက်မလေး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အဆိုပါ အမှုကို ဖော်ထုတ်တဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများ၊ ရေပန်းစားနေတဲ့ ဇာတ်ကားများ၊ TV Series များ၊ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲများ၊ ဒရာမာ၊ အက်ရှင်၊ လျှို့ဝှက်သည်းဖို၊ ဟာသ အစရှိတဲ့ ဇာတ်လမ်း အမျိုးအစားပေါင်းစုံကို အွန်လိုင်းပေါ်မှ တိုက်ရိုက် သို့မဟုတ် Download ဆွဲကာ ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

ဈေးနှုန်းအနေနဲ့ တလလျှင် လစဉ်ကြေး မြန်မာငွေ ကျပ် ၃၀၀၀ နဲ့ iflix မှာ အကန့်အသတ်မရှိ ရုပ်ရှင်များ တိုက်ရိုက် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်း

The post “ဧဒင်ရဲ့နတ်သမီး” ရုပ်ရှင်ကား iflix မှာ ကြည့်ရှုနိုင်ပြီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ