Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ညစ်ညမ်းသော ပြက်လုံးများလုံးဝမပါဘူးဆိုတဲ့ “ဂျော်နီငပိနှင့် တော်ကီချက်ကြီး”ဇာတ်လမ်းတွဲ

$
0
0

“ဂျော်နီငပိနှင့် တော်ကီချက်ကြီး”အမည်ရှိ မြန်မာ့ရိုးရာ Super Power ဇာတ်လမ်းတွဲတွင် ဟာသကားဖြစ်သော်လည်း ညစ်ညမ်းသော ပြက်လုံးများလုံးဝမပါဝင်ဘူးလို့ ဇာတ်ညွှန်းရေးသားသူ ကိုရွှေမိုးသက်က ပြောပါတယ်။

“ဒီ ဇာတ်ညွှန်းကို ကျနော့်ဘဝမှာ ပထမဆုံးရေးဖူးတာဖြစ်ပါတယ်။ အထူးသဖြင့် ဒီဇာတ်ညွှန်းမှာ ညစ်ညမ်းတဲ့ အောက်လုံးပြက်လုံးများတခုမှ မပါပါဘူး။ အပိုင်း၂၀ လုံးကို အာမခံပြီးပြောရဲပါတယ်။ စောင့်ပြီးတော့လည်း ကြည့်နိုင်ပါတယ်။ ကျနော်ရေးသားထားတဲ့ ဇာတ်ညွှန်းမှာ မောင်နဲ့နှမ သားနဲ့အမိ အတူထိုင်ပြီး ကြည့်လို့မရတဲ့ ပြက်လုံးတခုမှ မပါပါဘူး။ အဲဒါတခုကို ကျနော်ရဲရဲကြီး အာမခံပါတယ်” လို့ ကိုရွှေမိုးသက်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲတွင် သရုပ်ဆောင်များအဖြစ် ညီထွဋ်ခေါင်၊ ကြက်ဖ၊ သားစိုး၊ ဆုမြတ်နိုးဦးစတဲ့ သရုပ်ဆောင်များ ပါဝင်ထားပြီး ဒါရိုက်တာ ဘိုသန့်က ရိုက်ကူး၍ ဇာတ်ညွှန်းရွှေမိုးသက် က ရေးသားပေးထားပါတယ်။

“ဂျော်နီငပိနှင့် တော်ကီချက်ကြီး”ဇာတ်လမ်းတွဲကို အဆိုတော် သားစိုးရဲ့ တစ်နှစ်သုံး မီဒီယာက ရိုက်ကူးတင်ဆက်ပြီး Mntv နဲ့ Channel 9 တို့မှာ ဇွန်လ ၁၄ ရက်နေ့ ည ၆ နာရီခွဲမှ စတင်ကာ ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ကာ အပိုင်း ၂၀ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သားစိုးက “ကျနော်က ဒီထဲမှာ စိန်ဘိုစည်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အရက်ဆိုင်ပိုင်ရှင်ပါ ခရိုနီလက်သစ်ပေါ့။ ဒီ ဇာတ်လမ်းလေး ကိုကြည့်ရင်း တဝါးဝါးနဲ့ ရယ်ရမယ်လို့ အာမခံပါတယ်။”လို့ ပြောပါတယ်။

The post ညစ်ညမ်းသော ပြက်လုံးများလုံးဝမပါဘူးဆိုတဲ့ “ဂျော်နီငပိနှင့် တော်ကီချက်ကြီး”ဇာတ်လမ်းတွဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)