Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရဲတိုက် ဘယ်တော့လွတ်မလဲ

$
0
0

တောင်ငူအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် အကျဉ်းကျနေတဲ့ သရုပ်ဆောင် ရဲတိုက် ပြန်လွတ်ရန် ရက်မှာနီးကပ်နေသော်လည်း ဘယ်အချိန်လွတ်မလဲဆိုတာမသိရသေးကြောင်း ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးက ကိုရီဇော်က ဧရာဝတီကို ပြောပါတယ်။

“ဘယ်တော့လွတ်မလဲဆိုတာတော့ အတိအကျမသိပါဘူး။ အကျဉ်းသားတယောက်ရတဲ့ လျော့ရက်တွေနဲ့ ဆိုရင် သိပ်မကျန်တော့ဘူးပဲသိတာပါ။ အတိအကျမသိပါဘူး။ ခန့်မှန်းခြေပဲသိတာပါ”လို့ ကိုရီဇော်က ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက်ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၇ ရက်နေ့က ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တရားရုံးမှအလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

“အင်းစိန်ကိုရွှေ့ပြီး ဒီအမှုကို ထပ်ပြီးတော့ ထောင်ချတာပေါ့။ အဲဒါက မူးယစ်ဆေးဝါးမှုနဲ့က ၆ နှစ်ကျတယ်။ အယူခံကို ခရိုင်ရုံးမှာ ၁ နှစ် လျော့ပေးတဲ့အတွက် ၅ နှစ်ဖြစ်သွားတယ်။ ဘုရားကျောင်းအမှုကကျတော့ မူးယစ်ဆေးဝါးမှုကျပြီးတော့ တရားရုံးမှာ စစ်တာနဲ့ ဘုရားကျောင်းဘက်က ကျေအေး ရုပ်သိမ်းပေးထားတာ ပြီးပြီထင်တာကို မပြီးဘဲနဲ့ မူးယစ်မှု ထောင်ချပြီးခါမှ အမှုက ၂ ခုမှာ ၁ ခု ကို ၁ နှစ်စီနဲ့ ၂ ခု ကို တပေါင်းတည်းကျခံစေဆိုပြီး ၁ နှစ် စုစုပေါင်း ၆ နှစ် ကျနေတာပေါ့” လို့ ကိုရီဇော်က ပြောပါတယ်။

မေလ ၂၄ ရက်နေ့က ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုတဲ့အနေနဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း သရုပ်ဆောင် ရဲတိုက် မပါဝင်တဲ့အပေါ် ဒါရိုက်တာရီဇော်က “ကျနော်တို့လည်း ပရိသတ်ကြီးလိုပါပဲ။ သူလွတ်လာမယ့်ရက်ကို မျှော်နေတာပါ။ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာပေးတာပါမလားလို့မျှော်ပါတယ်။ အခုတော့မပါလာဘူးဆိုတော့ ပုံမှန်လွတ်မယ့်ရက်ကို စောင့်ရမှာပေါ့။ သူကျန်းကျန်းမာမာနဲ့ အန္တရာယ်ကင်းကင်းနဲ့ လွတ်လာပါစေလို့ ဆုတောင်းပါတယ်။”လို့ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာပါက ရဲတိုက်နဲ့ ဇာတ်ကားရိုက်ကူးမှုများပြုလုပ်သွားရန်လည်း ပြင်ဆင်ထားပြီး ရဲတိုက်အနေနဲ့လည်း ဇာတ်ကားရိုက်ကူးရန်အတွက် တက်တက်ကြွကြွရှိနေတယ်လို့ သိရပါတယ်။

The post ရဲတိုက် ဘယ်တော့လွတ်မလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)