Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပထမဆုံး ရင်သွေးလေးရပြီဖြစ်တဲ့ ရိန်းနဲ့ ကင်ထယ်ဟီး

$
0
0

ပြီးခဲ့တဲ့ ဇန်နဝါရီလက ကိုရီးယားသတင်းစာမျက်နှာတွေထက်မှာ နေရာယူနိုင်ခဲ့တဲ့ ကိုရီးယားထိပ်တန်း သရုပ်ဆောင် ရိန်းနဲ့ကင်ထယ်ဟီးတို့နှစ်ယောက်ဟာ မင်္ဂလာပွဲသတင်းအပြီး ငြိမ်သွားရာကနေ ယခုလ၂၃ ရက်နေ့မှာတော့ သတင်းစာမျက်နှာတွေရဲ့ထိပ်ဆုံးကို ရောက်ခဲ့ပြန်ပါတယ်။

အဲဒါကတော့ ကင်ထယ်ဟီးဟာ ရိန်းနဲ့ရတဲ့ ကိုယ်ဝန်ကိုလွယ်ထားရပြီး၊ ကိုယ်ဝန်မှာ ၁၅ ပတ် ရှိနေပြီလို့ သူ့ရဲ့ အေဂျင်စီက အတည်ပြုလိုက်တဲ့ သတင်းပဲဖြစ်ပါတယ်။

“ကင်ထယ်ဟီးက အခုဆို ကိုယ်ဝန်က ၁၅ ပတ်ရှိနေပါပြီ။ အဲဒါကြောင့် ဂရုစိုက်နေရပါတယ်။ ဒီသတင်းအမှန်ကို သူတို့စုံတွဲကို အားပေးခဲ့တဲ့ ပရိတ်သတ်တွေကို ပထမဆုံး အသိပေးသင့်တယ် ထင်လို့ အသိပေးတာပါ” လို့ ကယ်ထင်ဟီးရဲ့အေဂျင်စီဖြစ်သော Ruach Entertainment က မနေ့က ကြေညာခဲ့ပါတယ်။

ဆက်လက်ပြီးတော့ “သူက မိခင်တယောက်ရဲ့ တာဝန်များကိုလေ့လာနေပြီး မိခင်တယောက် ဖြစ်အောင်ပြင်ဆင်သွားမှာဖြစ်တယ်”လို့လည်း ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် သရုပ်ဆောင် ရိန်း နဲ့ အသက် ၃၇ နှစ်အရွယ် ကင်ထယ်ဟီး တို့နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်အကြာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ဆိုးလ်မြို့မှာရှိတဲ့ ရိုမန်ကတ်သလစ် ဘုရားကျောင်းတခုဖြစ်တဲ့ Gahoe-dong မှာ အထူးဧည့်သည်တွေဖြစ်တဲ့ PSY၊ ဂျန်ဆန်းမို (ကင်ထယ်ဟီးရဲ့မိတ်ကပ်ပညာရှင်) အပါအဝင် ဧည့်ပရိသတ် ၅၀ သာ တက်ရောက်ခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကို တိတ်တဆိတ် အကျဉ်းချုံးပြီး လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Ref: thestar

ဧပရယ်ဆု ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post ပထမဆုံး ရင်သွေးလေးရပြီဖြစ်တဲ့ ရိန်းနဲ့ ကင်ထယ်ဟီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ