အဆိုတော် တေလာဆွစ်ဖ် (Taylor Swift) ဟာ သူ့အနေနဲ့ သူ့ရဲ့ အချစ်ရေးကို လူသိမခံအောင် လုပ်ဖို့ကတော့ အတော်လေးကို မလွယ်ကူတာပါ။
ဒါပေမယ့်လည်း အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တေလာဆွစ်ဖ်နဲ့ သူ့ထက် အသက် ၁ နှစ်ငယ်တဲ့ သူ့ရဲ့ ချစ်သူအသစ် ဂျိုးအောင်းလ်လင် (Joe Alwyn) တို့ဟာ သူတို့နှစ်ဦး ပတ်သက်မှုကို လ အတော်ကြာအောင် လျို့ဝှက်ထားနိုင်ခဲ့ပါတယ်။
ဂျိုးအောင်းလ်လင်ကိုတော့ မြန်မာပရိသတ်တွေအနေနဲ့ အနည်းငယ် စိမ်းနေပါလိမ့်မယ်။ သူဟာ အင်္ဂလန်နိုင်ငံသား တက်သစ်စ မော်ဒယ်မင်းသားတဦးပါ။ လက်တလောမှာတော့ သူဟာ တေလာဆွစ်ဖ်ရဲ့ သူငယ်ချင်းဖြစ်သူ အမ်မာစတုန်း (Emma Stone) နဲ့အတူ The Favourite ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။
တေလာဆွစ်ဖ်ဟာ ဂျိုးအောင်းလ်လင်နဲ့ ချစ်သူမဖြစ်မီ အချိန်မှာလည်း အချိန်အတော်ကြာအောင် မိတ်ဆွေသူငယ်ချင်းအဖြစ်နဲ့ ပတ်သက်ခဲ့တာပါ။
ယခုလက်ရှိ သူဟာ ဂျိုးနဲ့အတူနေထိုင်ဖို့အတွက် လန်ဒန်မြို့မြောက်ပိုင်းတနေရာမှာ ဘယ်သူမှ မသိအောင် အိမ်ငှားထားကြောင်း The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Ref : people
ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
The post ချစ်သူရှိရာလိုက်သွားတဲ့ တေလာဆွစ်ဖ် appeared first on ဧရာဝတီ.