Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူရဲ့သစ္စာဖောက်မှုကို Live လွှင့်ပြီးပြောခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်

$
0
0

အဆိုတော် အိုင်းရင်းဇင်မာမြင့်က ၈ နှစ်ကြာ လက်တွဲခဲ့တဲ့ချစ်သူက သစ္စာဖောက်ခဲ့သည်များကို ဖေ့ဘွတ်မှတဆင့် Live လွှင့်ကာ မေလ ၁၆ ရက်နေ့ညက ပြောပြခဲ့ပါတယ်။

“ချစ်တဲ့မောင်နှမတွေကို စကားပြောချင်တယ်။ ကျမက ဘယ်သူ့ကိုမှ နာမည်ဖျက်လိုတဲ့ စိတ်နာကျင်စေချင်တဲ့စိတ်မရှိပါဘူး။ ကျမကိုလူတိုင်းက လာလာမေးကြတယ်။ ကျမအနာဂတ်အတွက် ကြိုးစားတယ်။ ကျမမှာ အမေရှိတယ်။ နောက်ပြီး အနာဂတ်မိသားစုကို တင့်တောင့်တင့်တယ် ထားချင်တဲ့အတွက် ကြိုးစားတယ်။ ကြိုးစားနေတဲ့အချိန်မှာ ကျမကို သစ္စာဖောက်တယ်။ အဲ့ဒီသစ္စာဖောက်တာကလည်း ကျမ Facebook ထဲက သူငယ်ချင်းဖြစ်နေတယ်” လို့ အိုင်းရင်းဇင်မာမြင့်က သူ့ရဲ့ ဖေ့ဘွတ် Live ထုတ်လွှင့်မှုမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သစ္စာဖောက်သွားတဲ့ သူ့ရဲ့ချစ်သူကို ကျမချစ်သူက ကျမတို့ မိသားစုဘဝလေးကို ထူထောင်ဖို့သွားရင်းက ကွယ်လွန်သွားတယ်လို့ သဘောထားပါတယ်လို့လည်း ဆိုပါတယ်။

အိုင်းရင်းဇင်မာမြင့်က သူ့ရဲ့ ချစ်သူနဲ့ လက်တွဲလာခဲ့တာဟာ နောက်လဆိုလျှင် ၈ နှစ်ပြည့်ပြီဖြစ်ပြီး သူ့အပေါ် သစ္စာဖောက်ခဲ့ခြင်းကိုတော့ ပြီးခဲ့တဲ့ ၁၁ လပိုင်းလောက်ကမှ စတင် သိခဲ့ရတာလို့လည်း ပြောဆိုထားပါတယ်။

“ကျမအလုပ်တွေလုပ်နေတဲ့ အချိန်မှာ ကျမနောက်ကျောကို ဓားနဲ့ထိုးတာပါ။ သူနဲ့ပတ်သက်တာ ဘာမှမမေးပါနဲ့တော့။ ဒီတခါမျက်ရည်ကျတာနောက်ဆုံးပါ။ ၁၁ လပိုင်းကတည်းကခံစားနေရတာပါ။ ဓာတ်ပုံတွေတော့ ပြန်ပေးပါလို့ ကျမက ပြောခဲ့ပါတယ်။ ဓာတ်ပုံအပိုင်းအစတွေပြန်လာပေးပါတယ်။ ကျမလူတိုင်းဆီက မျက်ရည်ချူတာမဟုတ်ပါဘူး။ ကျမကို တယောက်ပြီး တယောက်က မေးလာတဲ့အခါကျတော့ ရှင်းပြရခက်လာတဲ့အတွက် ပြောရတာပါ။ ကျမ မျက်ရည် ကျသလို မကျပါစေနဲ့လို့ ပြောချင်ပါတယ်”လို့လည်း ဆိုထားပါ။

အဆိုပါ Live ထဲတွင် အိုင်းရင်းဇင်မာမြင့်က ဘယ်သူ့ကိုမှ နာမည်ဖျက်လိုစိတ်မရှိတာကြောင့် သူ့ရဲ့ ချစ်သူနာမည်ကို ထည့်မပြောခဲ့ပါဘူး။

သူ လွှင့်ခဲ့တဲ့ Live ဟာ ဖေ့ဘွတ်စာမျက်နှာတွေမှာ လူအများစိတ်ဝင်စားခဲ့တဲ့ Live တခုဖြစ်သွားခဲ့ပါတယ်။

သူတို့နှစ်ဦး လမ်းခွဲပြတ်စဲသွားသည်မှာ ခြောက်လကျော်ခန့်ရှိပြီဖြစ်ကြောင်း၊ ချစ်သူဖြစ်သူက အခြားမိန်းကလေး တဦးနဲ့ လက်ထပ်သွားခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါ မိန်းကလေးမှာ သူ့ချစ်သူရဲ့ရင်သွေးကို လွယ်ထားရသည့်အတွက် လက်ထပ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားအမျိုးသမီးတဦးနဲ့ ပတ်သက်မှုရှိကြောင်းကို အရင်က လုံးဝမရိပ်မိခဲ့ကြောင်း၊ ခိုးပြေးသွားမှသာ သိရှိခြင်းဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

အဆိုတော် အိုင်းရင်းဇင်မာမြင့်ဟာ Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် အနုပညာလောကထဲ ဝင်ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိမှာ တကိုယ်တော် တေးစီးရီး နှစ်ခွေ ထွက်ရှိထားပြီးသူလည်း ဖြစ်ပါတယ်။

The post ချစ်သူရဲ့သစ္စာဖောက်မှုကို Live လွှင့်ပြီးပြောခဲ့တဲ့ အိုင်းရင်းဇင်မာမြင့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)