Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မွမ်ဘိုင်းမှ ကျောင်းသားလေးများကို အံ့အားသင့်စေခဲ့တဲ့ ဂျက်စတင်ဘီဘာ

$
0
0

သီချင်းအသစ်ထွက်တိုင်း အမေရိကန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေရဲ့ ပရိသတ်အားပေးမှုအများဆုံး နံပါတ် ၁ နေရာကို ရက်သတ္တပတ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ဂျက်စတင်ဘီဘာ(Justin Bieber) ဟာ အခုဆိုရင် ကမ္ဘာ့နိုင်ငံအရပ်ရပ်ကို လှည့်လည်သွားလာပြီး ဖျော်ဖြေပွဲတွေ ပြန်လည်ပြုလုပ်နေပါပြီ။

လောလောဆယ် အချိန်မှာတော့ ဘီဘာနဲ့ သူ့ရဲ့ အဖွဲ့သားတွေဟာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ဖျော်ဖြေပွဲ လုပ်ဖို့ စီစဉ်ရင်းနဲ့ ရောက်ရှိနေကြတာပါ။ ဒါပေမယ့် ဘီဘာဟာ အလုပ်မအားလပ်တဲ့ကြားက စီစဉ်မှုတွေကို ခေတ္တရပ်နားခဲ့ပြီး သူ့ရဲ့ပရိသတ်တွေနဲ့ ဆုံဆည်းနိုင်ဖို့ ဖန်တီးခဲ့ပါတယ်။

မေလ ၁၀ ရက်နေ့မှာ ဘီဘာဟာ မွမ်ဘိုင်းရှိ မူလတန်းအရွယ်ကလေးများ စီးနင်းလာတဲ့ ကျောင်းကားပေါ်ကို ရုတ်တရက် ခုန်တက်ခဲ့ပြီး ကလေးငယ်များကို အံ့အားသင့်စေခဲ့ပါတယ်။

ကလေးများကိုလည်း တရင်းတနှီး လက်ဆွဲနှုတ်ဆက်ပြီး စနောက်ကျီစယ်ရင်း စကားတွေပြောဖြစ်ခဲ့ပါတယ်။ အမှတ်တရအနေနဲ့လည်း ဗီဒီယိုရိုက်ပြီးတော့ သူ့ရဲ့အင်စတာဂရမ်မှာ တင်ပေးခဲ့ပါသေးတယ်။

ဒါ့အပြင် Hindustan Times သတင်းစာရဲ့ဖော်ပြချက်အရ ဘီဘာဟာသူရဲ့ ဖျော်ဖြေပွဲကို လာရောက် ကြည့်ရှုဖို့ ကလေးငယ်အယောက် ၁၀၀ ကို လက်မှတ်တွေ အခမဲ့ပေးဝေခဲ့ပါတယ်။
အဲဒီ ကလေးငယ်အယောက် ၁၀၀ ကြည့်ရှုဖို့အတွက် သီးသန့်ခုံတန်းရှည်တခု စီစဉ်ပေးထားပြီး ပွဲကြည့်နေချိန်အတွင်းမှာလည်း ကလေးငယ်များ ဗိုက်ဆာတာမျိူးမဖြစ်အောင် စားစရာသောက်စရာ တွေကိုလည်း လိုလေသေးမရှိအောင် စီစဉ်ထားကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။

အိန္ဒိယခရီးစဉ်နဲ့ပတ်သက်ပြီး ဘီဘာဟာ ပွဲစီစဉ်သူတွေအပေါ် တောင်းဆိုမူတွေ များပြားကြောင်း ဝေဖန်ခံ နေရသော်လည်း ယခုလုပ်ရပ်မှာ သူ့ရဲ့ဖျော်ဖြေပွဲကို စောင့်မျှော်နေကြမယ့် အိန္ဒိယမှ ပရိသတ်တွေအတွက်တော့ နှစ်သက်အားရဖွယ်ဖြစ်မှာပါ။

Ref: teenvogue

ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

The post မွမ်ဘိုင်းမှ ကျောင်းသားလေးများကို အံ့အားသင့်စေခဲ့တဲ့ ဂျက်စတင်ဘီဘာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ