Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီ ဘယ်သူတွေကို ခန့်မှန်းထားသလဲ

$
0
0

မတ်လ ၁၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့်၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲ အခမ်းအနား ကျင်းပဖို့ တဖြည်းဖြည်း နီးလို့ လာပါပြီ။ ပွဲကျင်းပမယ့်နေရာဖြစ်တဲ့ ပြည်သူ့ရင်ပြင်မှာလည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ပရိသတ်တွေအနေနဲ့လည်း အကယ်ဒမီအတွက် ကိုယ်ရစေချင်တဲ့ မင်းသား မင်းသမီး၊ ဇာတ်ပို့ ဇာတ်ရံတွေ ရှိကြမှာပါပဲ။

အခုချိန်မှာ ဘယ်ရုပ်ရှင်ဇာတ်ကားနဲ့ ဘယ်သူရမယ်ဆိုတဲ့ ကြိုတင်ခန့်မှန်းနေကြတာတွေလည်း တွေ့နေရပါတယ်။ ဒီတော့ ပရိသတ်တွေရင်ထဲမှာ ပေးထားတဲ့သူနဲ့ အများစု ခန့်မှန်းထားတဲ့သူတွေ တူရဲ့လားဆိုတာ တိုက်ကြည့်ကြရအောင်ပါ။

အမျိုးသားဇာတ်ဆောင်ဆုအနေနဲ့ သရုပ်ဆောင်ထွန်းထွန်းက “အုတ်ကြားမြက်ပေါက်” ရုပ်ရှင်ဇာတ်ကား၊ မြင့်မြတ်က “ခိုးဆိုးလုနှိုက်” ရုပ်ရှင်ဇာတ်ကား၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က “အေဒင်ရဲ့ နတ်သမီး” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အကယ်ဒမီ တစ်ကြိုပေးခြင်းခံနေရပါတယ်။

အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ သရုပ်ဆောင် သက်မွန်မြင့်ကို “ချစ်လှစွာသော အမုန်း” ရုပ်ရှင်ကားနဲ့ အကယ်ဒမီ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကြမ်းကားတကားဖြစ်တဲ့ “မအေးပွင့် မြင့်မြင့်စန်း လမ်း ၃၀” ရုပ်ရှင်ကားမှာတော့ အဓိကဇာတ်ဆောင် အေးမြတ်သူကို ခန့်မှန်းထားကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကိုလည်း “ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ်ကားနဲ့ ခန့်မှန်းထားကြခြင်း ဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်

“နှင်းဆီပန်သူ” ရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီခန့်မှန်းခံနေရတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကို အကယ်ဒမီရင်ခုန်သံ မေးမြန်းခဲ့ရာ  “အကယ်ဒမီနဲ့ ပတ်သက်ပြီး အမအနေနဲ့ကတော့ မထင်ပါဘူး။ တခြား ရမယ့်သူတွေကို အားပေးဖို့အတွက်ပဲ တက်မှာပါ။ အမအတွက်က ပေးခဲ့ရင်တော့လည်း ရကာမှသာ ရတော့ပေါ့နော်။ မမျှော်လင့်ချင်တာပါ။ ရမလားမသိဘူးဆိုတဲ့ စိတ်ကြီး ထားထားမိရင် မရခဲ့ရင် ကိုယ်ခံစားရတယ်လေ။ အဲဒီတော့ အမ နှစ်တိုင်း အဲဒီလိုစိတ်ပဲ ထားဖြစ်ပါတယ်။ စိတ်ကို ပေါ့ပေါ့ပါးပါ့းနဲ့ပဲ ရရင်လည်း ယူမယ်။ မရရင်လည်း ရတဲ့သူကိုပဲ အားပေးဖို့ တက်မှာပါ” လို့ သူက ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် အေးမြတ်သူ

ဆက်လက်ပြီး “မအေးပွင့် မြင့်မြင့်စန်း လမ်း ၃၀” ရုပ်ရှင်ဇာတ်ကားနဲ့ အဓိက ဇာတ်ဆောင်နေရာကို ခန့်မှန်းခြင်းခံနေရတဲ့ သရုပ်ဆောင် အေးမြတ်သူကလည်း “အေးမြတ်သူ အကိုတွေ အမတွေအတွက် အမြဲတမ်းရင်ခုန်ရပါတယ်။ ဒီနှစ်မှာတော့ ပရိသတ်တွေရဲ့ မေတ္တာတရားနဲ့ ကိုယ့်ကိုယ်ကို အရမ်းစိတ်လှုပ်ရှားပြီး ရင်ခုန်ရပါတယ်။ အဲဒီလို ရင်ခုန်ရတာနဲ့တင် အေးမြတ်သူ ကျေနပ်နေပါပြီ။ အဲဒီတော့ ပရိသတ်ရဲ့ မေတ္တာတရားအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်” လို့ အေးမြတ်သူက ဧရာဝတီကို ပြောပါတယ်။

အမျိုးသား ဇာတ်ပို့ဆု အနေနဲ့ သရုပ်ဆောင် နေတိုးကို “အနူးဘစ်” ရုပ်ရှင်ကားမှာလည်းကောင်း သရုပ်ဆောင် ဇင်ဝိုင်းကို “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ကားမှာလည်းကောင်း ခန့်မှန်းထားတယ်လို့ သိရပြီး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ “အုတ်ကြားမြက်ပေါက်” ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင် ထူးမွန်ကို ခန့်မှန်းထားကြပါတယ်။

The post ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီ ဘယ်သူတွေကို ခန့်မှန်းထားသလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ