Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အင်တာနက်မှတဆင့် ရုပ်ရှင်ဇာတ်ကားများ တိုက်ရိုက်ကြည့်နိုင်တဲ့ iflix ဝန်ဆောင်မှု စတင်

$
0
0

အင်တာနက်မှ တဆင့် အခကြေးငွေပေးပြီး နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများကို တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီ iflix ကို မြန်မာနိုင်ငံမှာ မတ်လ ၉ ရက်နေ့က စတင် မိတ်ဆက်လိုက်ပါတယ်။

စတင်မိတ်ဆက်ပေးချိန်မှ စပြီး iflix မှ ရုပ်ရှင်ဇာတ်ကားများကို သုံးစွဲသူများအနေနဲ့ www.iflix.com ဝက်ဘ်ဆိုက် သို့မဟုတ် Google Play နှင့် Apple Store မှ iflix Application ကို မိမိတို့ရဲ့စမတ်ဖုန်းများ၊ Tablet များမှတဆင့် Download ဆွဲပြီး အကောင့်ဖွင့်ကာ ရက် ၃၀ စာ အခမဲ့ သုံးစွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။

iflix မှာ နိုင်ငံတကာ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများ၊ ရေပန်းစားနေတဲ့ ပြည်တွင်း၊ ဒေသတွင်း ဇာတ်ကားများ၊ TV Series များ၊ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲများ၊ ဒရာမာ၊ အက်ရှင်၊ လျှို့ဝှက်သည်းဖို၊ ဟာသ အစရှိတဲ့ ဇာတ်လမ်း အမျိုးအစားပေါင်းစုံကို အခကြေးငွေးပေးချေပြီး အွန်လိုင်းပေါ်မှ တိုက်ရိုက် သို့မဟုတ် Download ဆွဲကာ Offline ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

“ကမ္ဘာ့စတုတ္ထမြောက် တိုးတက်မှုအမြန်ဆုံး မိုဘိုင်းဈေးကွက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ iflix ဝန်ဆောင်မှုကို မိတ်ဆက်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကျမတို့ရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ Mobile Device တွေကနေ နိုင်ငံတကာ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲ TV Series တွေကို အင်တာနက်ကနေတဆင့် လွယ်လွယ်ကူကူ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် ဖျော်ဖြေရေးစနစ်ကို မိတ်ဆက် ပေးချင်တာပဲ ဖြစ်ပါတယ်” လို့ iflix ရဲ့ Country Manager, Ms.Adeana Greenlee က ပြောပါတယ်။

ဓာတ်ပုံများ – သီဟတိုး/ဧရာဝတီ

iflix ကို မိမိတို့ရဲ့ ဖုန်း၊ Tablet, Laptop, Desktop, TV နဲ့ အခြား ချိတ်ဆက်လို့ရတဲ့ Device များ အပါအဝင် Device အရေအတွက် ၅ ခုအထိ iflix ကို တပြိုင်တည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

iflix ဟာ နိုင်ငံတကာ ရုပ်ရှင်စတူဒီယို၊ ဖြန့်ချိရေးပေါင်း ၁၇၀ ကျော်နဲ့ ချိတ်ဆက်ထားတဲ့အတွက် လစဉ်ကြေး ပေးသွင်းသူများအနေနဲ့ နာမည်ကျော် ရုပ်ရှင်စီးရီးများ၊ ဒေသတွင်း ပရိသတ်အကြိုက် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ ရုပ်ရှင် အများအပြားကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

“iflix ကို ကြိုဆိုပါတယ်။ ဒီလို တိုက်ရိုက်ကြည့်ရှုလို့ရတဲ့ အင်တာနက် TV ဝန်ဆောင်မှုမျိုး မြန်မာနိုင်ငံကို ရောက်လာတာဟာ သရုပ်ဆောင်၊ ဒါရိုက်တာ၊ စာရေးဆရာနဲ့ ထုတ်လုပ်သူ အားလုံးအတွက်၊ မြန်မာ့ရုပ်ရှင် လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ တခု ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။

iflix မှာ နာမည်ကျော် ရုပ်သံစီးရီးများဖြစ်တဲ့ “The Flash, Arrow, Gotham, The Vampire Diaries, Friends, Two and a Half Men, Merlin” နဲ့ “Supernatural” စတဲ့ ဇာတ်လမ်းတွဲများ၊ Emmy ဆုရ အမေရိကန် ရုပ်ရှင်စီးရီး Mr. Robot၊ ကြောက်မက်ဖွယ်စီးရီး “Channel Zero: Candle Cove” နဲ့ သိပ္ပံရုပ်ရှင် “Aftermath” တို့ကို မြန်မာနိုင်ငံရဲ့ iflix ဝန်ဆောင်မှုမှာ ပထမဆုံး ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

ရုပ်သံစီးရီးများအပြင် ကလေးများအကြိုက် “Dora the Explorer, Spongebob Squarepants, Mr. Bean Animated” စတဲ့ ရုပ်ရှင်များစွာလည်း ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ iflix မှာ လူကြိုက်များတဲ့ ထိပ်တန်း ဒေသတွင်းနဲ့ ပြည်တွင်း ရုပ်ရှင်ဇာတ်ကားများကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ဓာတ်ပုံများ – သီဟတိုး/ဧရာဝတီ

iflix Myanmar အသုံးပြုသူများအနေနဲ့ ထိုင်းနိုင်ငံမှ ကြောက်စရာကောင်းတဲ့ ရုပ်သံစီးရီး “Graveyard Story”၊ ကိုရီးယား ရုပ်သံဇာတ်လမ်း “Legend of the Blue Sea”၊ ဘောလိဝုဒ် ရုပ်ရှင်များစတဲ့ နာမည်ကြီး ဇာတ်ကားများနဲ့အတူ ထိုင်း မြန်မာ ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ “From Bangkok To Mandalay” (ဘန်ကောက်မှ မန္တလေးသို့) ဇာတ်ကားနဲ့ အခြား ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

ဈေးနှုန်းအနေဖြင့် တလလျှင် လစဉ်ကြေး မြန်မာငွေ ကျပ် ၃၀၀၀ ဖြင့် အကန့်အသတ်မရှိ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး တစ်နှစ်စာ လစဉ်ကြေးပေးချေမည်ဆိုရင် ၂ လစာ လျှော့ဈေးနဲ့ တနှစ်စာအတွက် မြန်မာငွေ ကျပ် ၃၀၀၀၀ ကျသင့်မယ်လို့ သိရပါတယ်။

iflix ဝန်ဆောင်မှုကို လက်ရှိ မြန်မာနိုင်ငံ အပါအဝင် မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သိရိလင်္ကာ၊ ဘရူနိုင်း၊ မော်ဒိုက်ဗ်၊ ဗီယက်နမ်နဲ့ ပါကစ္စတန်နိုင်ငံများမှာ အသုံးပြုနိုင်ပြီး လတ်တလောတွင် iflix ဟာ ကမ္ဘာ့ အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အမေရိကဒေသတွေမှာ ဖွင့်လှစ်ဖို့အတွက် iflix အာရေဗီးယားနှင့် Zain ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။

The post အင်တာနက်မှတဆင့် ရုပ်ရှင်ဇာတ်ကားများ တိုက်ရိုက်ကြည့်နိုင်တဲ့ iflix ဝန်ဆောင်မှု စတင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ