Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အကယ်ဒမီလျှောက်လမ်းတွင် အကယ်ဒမီစာရင်းဝင်သာလျှောက်ခွင့်ပေးမယ်လို့ စီစဉ်သူ ဂျွန်လွင်ပြော

$
0
0

မတ်လ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင် အကယ်ဒမီ လျှောက်လမ်းပေါ်သို့ အကယ်ဒမီ စာရင်းဝင်များသာ လျှောက်ခွင့်ပြုမယ်လို့ ပွဲစီစဉ်သူ Star Event Production မှ ကိုဂျွန်လွင်က ပြောပါတယ်။

“အကယ်ဒမီ လျှောက်လမ်းကို လျှောက်လှမ်းလာတဲ့အခါမှာလည်း တကယ့် အကယ်ဒမီစာရင်းဝင်ပဲ ပေးလျှောက်မှာပါ။ သူတို့အိမ်က အဖော်တွေလည်း မလိုက်ရဘူး။ အဖေအမေတွေလည်း မလိုက်ရဘူး မိတ်ကပ်ဆရာတွေလည်း လိုက်ခွင့်မရှိဘူး။ အကယ်ဒမီစာရင်းဝင်အစစ်သာလျှင် အကယ်ဒမီလျှောက်လမ်းပေါ် လျှောက်ခွင့်ရှိပါမယ်။ နိုင်ငံတကာမှာလည်း မင်းသားမင်းသမီးဘေးနားမှာ မိတ်ကပ်ဆရာတွေ အမေအဖေတွေ ပါနေတာတို့ မရှိဘူးပေါ့နော်” လို့ ဂျွန်လွင်က ပြောပါတယ်။

အကယ်ဒမီပွဲသို့ တက်ရောက်အားပေးကြမယ့် အခြားအနုပညာရှင်တွေအနေနဲ့ သီးသန့်ဝင်ပေါက်ကနေ ဝင်ရောက်နိုင်ဖို့အတွက်ကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

မကြာခင်ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲတွင် Star Event Production မှ ဂျွန်လွင်က စတိတ်အပြင်အဆင်ပိုင်းအပါအဝင် အစီအစဉ်တရပ်လုံးကို စီစဉ်ကြီးကြပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီအချိန်မှာ ပြောင်းလဲချိန်တန်ပြီဆိုတော့ လူမုန်းချင်မုန်း အပေါက်ဝမှာ ကျနော်တို့ ကိုယ်တိုင်လည်း ရှိရင်ရှိမယ်။ အားတော့မနာဘူး။ အကန့်အသတ်လေးတွေ လုပ်ထားတယ်”လို့လည်း ပြောပါတယ်။

ယခင်နှစ်များက အကယ်ဒမီပွဲကျင်းပပုံနဲ့ ပတ်သက်ပြီး လေ့လာထားကာ အခုနှစ် အကယ်ဒမီပွဲအတွက် အကောင်းဆုံးဖြစ်အောင်လုပ်သွားမယ်လို့လည်း  သူကဆိုပါတယ်။

The post အကယ်ဒမီလျှောက်လမ်းတွင် အကယ်ဒမီစာရင်းဝင်သာလျှောက်ခွင့်ပေးမယ်လို့ စီစဉ်သူ ဂျွန်လွင်ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ