Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

၂၀၁၇ ခုနှစ်မှာ စစ်မှုတာဝန်မှ ပြီးဆုံးလာမယ့် ကိုရီးယားအနုပညာရှင်များ

$
0
0

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိ အမျိုးသားတိုင်း ၂ နှစ်ကြာ စစ်မှုတာဝန်ထမ်းဆောင်ရလေ့ ရှိပါတယ်။ အဲ့ဒီလို တာဝန်ထမ်းဆောင်မှုကို တောင်ကိုရီးယား အနုပညာရှင်များလည်း ရှောင်လွဲလို့မရပါဘူး။ ယခု ၂၀၁၇ နှစ်ဆန်းပိုင်းမှာ တောင်ကိုရီးယားအနုပညာရှင်များ စစ်မှုတာဝန်ထမ်းဆောင်မှုကနေ ပြီးဆုံးလာကြတော့မယ်လို့ သိရပါတယ်။

တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင်နဲ့ အဆိုတော် အများစုဟာ အသက် ၃၀ ပြည့်ခါနီး မလွဲမရှောင်သာတဲ့အချိန် ရောက်မှသာ တာဝန်ထမ်းဆောင်ကြလေ့ရှိပါတယ်။ အဲ့ဒီလို တာဝန်ထမ်းဆောင်နေစဉ်ကာလမှာ သူတို့ကို ပရိသတ်များ မမေ့လျော့သွားရအောင် အနုပညာလှုပ်ရှားမှုများကို ကြိုတင်လုပ်ဆောင်သွားခဲ့ကြကာ အဲ့ဒီကာလအတွင်းမှာပဲ ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းနဲ့ တေးအယ်လ်ဘမ်များကို ထုတ်ဝေကြလေ့ရှိပါတယ်။

တချို့သော အနုပညာရှင်များကတော့ စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် ပိုမိုရင့်ကျက်တဲ့ အသွင်အပြင်များနဲ့ ပရိသတ်များကို ဖမ်းစားနိုင်ခဲ့သလို တချို့တွေဟာလည်း အနုပညာလှုပ်ရှားမှုများနဲ့ ကင်းကွာသွားကာ ယခင်ကလောက် အောင်မြင်မှု မရကြတော့ပါဘူး။ စစ်မှုတာဝန်ထမ်းဆောင်ပြီးမှ ပိုမိုအောင်မြင်ခဲ့ကြတဲ့ သရုပ်ဆောင်အနုပညာရှင် တွေကတော့ ဆောင်းဂျွန်ကီ (Descendants of the Sun)၊ ယွန်းဆောင်ဟို (Remember – War of the Son) တို့ပဲ ဖြစ်ကြပါတယ်။

မကြာခင်မှာ စစ်မှုတာဝန်က ပြီးဆုံးတော့မယ့် အနုပညာရှင်များကတော့ အဆိုတော်၊သရုပ်ဆောင်တဦးဖြစ်တဲ့ ကင်ဟွန်ဂျွန်း၊ TVXQ အဖွဲ့မှ ယွန်းဟို၊ Super Junior အဖွဲ့မှ အွန်ဟော့နဲ့ ဒုံဟီး၊ သရုပ်ဆောင်နဲ့ အဆိုတော် လီဆောင်းဂီ တို့ဖြစ်ကြပါတယ်။

သရုပ်ဆောင် – ကင်ဟွန်ဂျွန်း

ကင်ဟွန်ဂျွန်းကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဂေါင်ဂျီးပြည်နယ်က ပါဂျူးစစ်စခန်းမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၇ ခုနှစ် ဖေဖဝါရီလမှာ တာဝန်ပြီးဆုံးမှာ ဖြစ်ပါတယ်။

ကင်ဟွန်ဂျွန်းကိုတော့ မြန်မာပရိသတ်များက F4 ချစ်သူ ရုပ်သံဇာတ်လမ်းတွင် ဂျီဟိုအဖြစ်နဲ့ စတင် သတိမိခဲ့ကြတဲ့ သရုပ်ဆောင်တဦးဖြစ်ကာ သူဟာ ယခင်က SS501 အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။

စစ်မှုတာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာပဲ ချစ်သူဟောင်း မိန်းကလေးက သူရဲ့ကလေးကို မွေးဖွားခဲ့ရပြီး ကင်ဟွန်ဂျွန်းအား ဝမ်ငွေ ၁.၆ သန်း ရလိုမှုဖြင့် တရားစွဲခဲ့ကာ သူမအား ကင်ဟွန်ဂျွန်းက ကိုယ်ဝန်ဖျက်ချရန်အတွက် အတင်းအဓမ္မစေခိုင်းမှုတွေ ရှိခဲ့တယ်လို့  တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ သို့သော်လည်း တရားရုံးမှ သူမရဲ့ စွပ်စွဲချက်များဟာ သက်သေခိုင်လုံခြင်းမရှိခဲ့ဘူးလို့ တရားရုံးက အမိန့်ချမှတ်ခဲ့ကာ သူမဟာ တရားရုံးမှာ အယူခံဝင်နေပါတယ်။ အဲ့ဒီလို ကိုယ်ရေးကိုယ်တာ အမှုများက စစ်မှုတာဝန်ထမ်းဆောင်မှုမှ ပြီးဆုံးလာမယ့် ကင်ဟွန်ဂျွန်းကို ဆီးကြိုလို့နေပါတယ်။

ဒီလို ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အမှုကိစ္စများရင်ဆိုင်နေရတဲ့ ကင်ဟွန်ဂျွန်းတယောက် အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေပြန်လည်ရရှိဖို့အတွက် ဘယ်လိုစွမ်းဆောင်မလဲဆိုတာကို တောင်ကိုရီးယားအနုပညာ အသိုင်းအဝိုင်းက စိတ်ဝင်စားနေကြပါတယ်။

TVXQ အဖွဲ့မှ ယွန်းဟို

နောက်ထပ် စစ်မှုတာဝန်မှ ပြီးဆုံးလာမယ့် အနုပညာရှင်တဦးကတော့ TVXQ အဖွဲ့မှ ယွန်းဟိုဖြစ်ပါတယ်။ သူကတော့ ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်ကာ စစ်မှုတာဝန်ထမ်းဆောင်ခဲ့တာကြောင့် လာမယ့်၂၀၁၇ ခုနှစ် ဧပြီလမှာ တာဝန် ပြီးဆုံးမှာပါ။ သူ့ကိုတော့ TVXQ အဖွဲ့ရဲ့ အနုပညာလှုပ်ရှားမှုအသစ်များက စောင့်ကြိုနေပါတယ်။ TVXQ အဖွဲ့ဟာ ရုပ်သံ ဇာတ်လမ်းဖြစ်တဲ့ “ I Order You” ကို ရိုက်ကူးရန်ရှိသလို သူတို့ရဲ့ တေးအယ်လ်ဘမ်အသစ်ဖြစ်တဲ့ “Rise As God” ကို လည်း ထုတ်ဝေရန်စီစဉ်ထားပါတယ်။ ဒီလို စီစဉ်မှုတွေဟာ ယွန်းဟိုနဲ့ အကျုံးဝင်မှု ရှိ၊မရှိဆိုတာကို ကိုရီးယားပေါ့ပ် သတင်းရပ်ကွက်က စိတ်ဝင်စားနေကြပြန်ပါတယ်။

Super Junior အဖွဲ့မှ အွန်ဟော့နဲ့ ဒုံဟီး

Super Junior အဖွဲ့မှ အွန်ဟော့နဲ့ ဒုံဟီးတို့ဟာလည်း လာမယ့် ဇူလိုင်လမှာ တာဝန်ပြီးဆုံးကြမှာပါ။ ဒုံဟီးက အွန်ဟော့ ထက် ၂ ရက် နောက်ကျပြီးမှ တာဝန်ထမ်းဆောင်ခဲ့သော်လည်း တာဝန်ပြီးဆုံးတဲ့ရက်ကတော့ အတူတူပဲဖြစ်ကြမှာပါ။ Super Junior အဖွဲ့သားအများစုမှာ စစ်မှုတာဝန်ထမ်းဆောင်နေကြရတာကြောင့် တေးစီးရီး အသစ်များကို မထုတ်ဝေနိုင်ဘဲ ဖျော်ဖြေပွဲများကိုသာ ဖျော်ဖြေနေကြရပါတယ်။ အဖွဲ့ဝင်များ တာဝန်ပြီးဆုံးလာတာကြောင့် Super Junior ရဲ့ နောက်ထပ် ဂီတခြေလှမ်းအသစ်များကို တောင်ကိုရီးယား ပေါ့ပ်ဂီတချစ်သူများက စောင့်မျှော်နေကြတယ်လို့လည်း သိရပါတယ်။

သရုပ်ဆောင်နဲ့ အဆိုတော် လီဆောင်းဂီ

နောက်ထပ် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ စစ်မှုတာဝန်ပြီးဆုံးလာမယ့်သူကတော့ သရုပ်ဆောင်နဲ့ အဆိုတော် လီဆောင်းဂီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူဟာ တောင်ကိုရီးယားလေတပ်မှာ တာဝန်ထမ်းဆောင်နေရပြီး I’m Joining the Military ဆိုတဲ့ တေးအယ်လ်ဘမ်ကို ဖြန့်ချိရန်လည်း စီစဉ်နေသူပါ။ ဒါဟာ စစ်မှုတာဝန် မထမ်းဆောင်ခင်နဲ့ ထမ်းဆောင်နေစဉ်ကာလမှာ သူ့ရဲ့ ကြိုးစားအားထုတ်မှုဖြစ်ကာ တောင်ကိုရီးယား လေတပ်မှလည်း လီဆောင်းဂီအား လေတပ်အတွက် အထူးဂုဏ်ဆောင်သူအဖြစ်  အသိအမှတ်ပြုထားပါတယ်။

Ref : http://www.koreatimes.co.kr

The post ၂၀၁၇ ခုနှစ်မှာ စစ်မှုတာဝန်မှ ပြီးဆုံးလာမယ့် ကိုရီးယားအနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)