Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အိမ်ထောင်မပြုဖြစ်သေးတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင်နေတိုး

$
0
0

အနုပညာမှာ ဘက်စုံတော်ပြီး ပရိသတ်အားပေးမှု တခဲနက်ရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီ နေတိုးတယောက် ယခုထက်ထိ အိမ်ထောင်မပြုဖြစ်သေးခြင်းမှာ မိခင်ကြောင့်မဟုတ်ဘဲ အနုပညာတာဝန်များကို ထမ်းနေရတဲ့ သူ့အတွက် အိမ်ထောင်တာဝန်ထမ်းဖို့ အလှည့်မရောက်နိုင်သေးလို့ပါလို့ ဧရာဝတီကို ပြောဆိုပါတယ်။

“အမေကြောင့်ဆိုတာတော့ မမှန်ဘူးဗျ၊ အမေချစ်လို့ အိမ်ထောင်မပြုဖြစ်တာ မဟုတ်ပါဘူး။ ကျနော်က အနုပညာကိုချစ်တယ်။ အနုပညာရဲ့တာဝန်ကို အခုချိန်မှာ ကျနော်ထမ်းထားရတယ်။ ဒါကြောင့်အိမ်ထောင်ပြုပြီး အိမ်ထောင်တာဝန်ထမ်းဖို့ ကျနော်အလှည့်မရောက်နိုင်သေးတာပါ” လို့ သရုပ်ဆောင်နေတိုး ကဆိုပါတယ်။

မိခင်ကိုချစ်တဲ့စိတ်ကြောင့် အိမ်ထောင်မပြုဖြစ်သေးတာလားလို့ ဧရာဝတီရဲ့ အမေးအပေါ် သရုပ်ဆောင် အကယ်ဒမီနေတိုးက အခုလို ဖြေကြားလိုက်ခြင်းလည်း ဖြစ်ပါတယ်။

မိခင်နဲ့အတူ တွေ့ရတဲ့ သရုပ်ဆောင် နေတိုး
မိခင်နဲ့အတူ တွေ့ရတဲ့ သရုပ်ဆောင် နေတိုး

ဒါ့အပြင် သရုပ်ဆောင်နေတိုးရဲ့ နံဘေးမှာ မိခင်ဖြစ်သူက ရှုတင်တိုင်းလိုလို အမြဲလိုက်ပါဖြစ်နေတာကို တွေ့ရတဲ့ အတွက်ကြောင့် အခုလို မေးမြန်းဖြစ်တာလည်း ဖြစ်ပါတယ်။

အဲ့ဒီလို ရှုတင်တွေမှာ မိခင်ဖြစ်သူ အမြဲလိုက်ပါဖြစ်တာနဲ့ ပတ်သတ်ပြီးတော့ နေတိုးက “လူတယောက်ဆိုတာက အကျင့်ပေါ့။ ကျနော်စစချင်း အနုပညာအလုပ်ကိုလုပ်တော့ ရှုတင်သွားမယ်ဆိုတဲ့အချိန်မှာ အမေက သူပါလိုက်မယ် ဆိုပြီး လိုက်ခဲ့တယ်ပေါ့။ဆိုတော့ ရှုတင်သွားရင် အမြဲတမ်း အမေကပါနေကျလိုမျိုး ဖြစ်သွားတယ်။ အမေ မပါတဲ့ အခါလည်းရှိပါတယ်။ ဥပမာ အမေကျန်းမာရေးမကောင်းတဲ့အခါတို့ ဥပုပ်နေ့ဖြစ်နေတာတို့ အိမ်မှာ ဧည့်သည် ရှိနေတာတို့ ခရီးဝေးက ပြန်လာလို့ ပင်ပန်းတဲ့အချိန် ဒီလောက်ပဲ နားတယ်။ ကျန်တဲ့အချိန်တွေက အမေက ရှုတင်လိုက်ပေးတာ အကျင့်ဖြစ်နေတာပေါ့” လို့ ဧရာဝတီကို ဆိုပါတယ်။

ဆက်လက်ပြီး သူ့ရဲ့အမေနဲ့ပတ်သက်တဲ့ ခံစားမှုကို “သားသမီးဆိုတာ မိဘနှစ်ပါးက မွေးဖွားပေးလိုက်လို့ လူတယောက်ဖြစ်လာပြီဆိုရင် ကျနော်တို့က မိခင်နားမှာပဲ ပူးပူးကပ်ကပ် ပိုပြီး နေခွင့်ရတယ်ပေါ့။ မိခင်ရဲ့ မေတ္တာတရားတွေ၊ မိခင်ရဲ့စေတနာတွေကို ဘယ်လောက်ကြီးမားတယ်ဆိုတာ ခံစားရတယ်”လို့ သူက ဆက်ပြောပါတယ်။

သရုပ်ဆောင် နေတိုးဟာ လတ်တလောမှာ ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးထားတဲ့ “ထာဝရအမေ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး ၎င်းပါဝင်သရုပ်ဆောင်ထားတဲ့ ထိုင်းနဲ့မြန်မာ ချစ်ကြည်ရေးအတွက် ရိုက်ကူးသော From Bangkok To Mandalay ဇာတ်ကားကိုလည်း အောက်တိုဘာ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့ မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

The post အိမ်ထောင်မပြုဖြစ်သေးတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင်နေတိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)