Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Tom Hiddleston နဲ့ လမ်းခွဲပြီး Taylor Swift ရဲ့ နောက်ထပ် အချစ်ဇာတ်လမ်းစတင်ဦးမလား

$
0
0
် Taylor Swift

သရုပ်ဆောင် မင်းသား Tom Hiddleston နဲ့ အဆိုတော် Taylor Swift

ဒီနှစ်ထဲမှာဆိုရင်တော့ အဆိုတော် Taylor Swift ရဲ့ အချစ်ဇာတ်လမ်းတွေဟာ သတင်းမီဒီယာတွေပေါ်မှာ ပလူပျံအောင် ဖော်ပြခံနေရတဲ့ နှစ်တခုလို့ ပြောလို့ရပါတယ်။

အခုလည်း Thor ဇာတ်ကားထဲက Loki အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Tom Hiddleston နဲ့ ၃ လတာ အချစ်ဇာတ်လမ်းပြီးဆုံးသွားခဲ့ပါပြီ။ အဲ့ဒီလို ပြီးဆုံးသွားခဲ့ပြီး နောက်ပိုင်းမှာလည်း သူမရဲ့ လူကြိုက်များခဲ့တဲ့ “Blank Space” သီချင်းထဲက စာသားအတိုင်း နောက်ထပ် အချစ်ဇာတ်လမ်းသစ်တွေ ဖန်တီးဖို့ အဆင်သင့် ဖြစ်နေပြီး ဒီလို အဖြစ်အပျက်တွေဟာ သူမကို စိတ်မရှုပ်ထွေးစေခဲ့ပါဘူးလို့ သူမရဲ့ ရင်းနှီးသူတချို့က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် အဆိုတော်မလေးဟာ သူမရဲ့ ကိုယ်တိုင်ရေး သီချင်းတွေထဲမှာ သူမရဲ့ ရည်းစားဟောင်းတွေအကြောင်းထည့်ရေးလေ့ရှိပြီး သီချင်းတိုင်းဟာလည်း လူကြိုက်များခဲ့ပါတယ်။ သူမနဲ့ ရင်းနှီးသူတချို့ရဲ့ ပြောကြားချက်အရ ဒီလိုလမ်းခွဲမှု အဖြစ်အပျက်တွေဟာ သူမကို အိပ်ရေးတောင် မပျက်စေပါဘူးတဲ့။ တကယ်တမ်း သူမအလေးအနက်ထားပြီး အာရုံစိုက်နေတာကတော့ သူမရဲ့ အဆိုတော် အလုပ်ပါတဲ့လေ။

Taylor Swift

သရုပ်ဆောင် မင်းသား Tom Hiddleston နဲ့ အဆိုတော် Taylor Swift

Taylor နဲ့ ရင်းနှီးသူတချို့ကတော့ အသက် ၃၅ နှစ်အရွယ် Tom ဟာ သူအောင်မြင်ဖို့ပဲ အာရုံစိုက် နေခဲ့တယ်လို့ဆိုပြီး Tom နဲ့ နီးစပ်သူတချို့ကတော့ သူဟာ Taylor အပေါ် စိတ်မပါတော့ဘူးလို့လည်း ဆိုခဲ့ပါတယ်။

US weekly သတင်းဌာနမှာ ဖော်ပြထားချက်အရ Taylor Swift ဟာ သူတို့ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ စတင်ခဲ့တဲ့သူပါတဲ့။ ဒါဟာကလည်း Tom က သူတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို လူတွေပိုအာရုံစိုက်လာအောင် လုပ်ဆောင်မှုတွေက Taylor ကို မသက်မသာဖြစ်စေခဲ့တယ်လို့ ရေးသား ဖော်ပြထားပါတယ်။

Tom ဟာ အခုဆိုရင် Thor နောက်ဆက်တွဲ ဇာတ်ကားအတွက် အလုပ်များနေပြီး ယခုလကုန်မှာ ကျင်းပမယ့် Emmy Award မှာ Taylor Swift ကို သူနဲ့အတူတူပွဲတက်ဖို့ ခေါ်ခဲ့တာကို ငြင်းပယ်ခဲ့လို့ ဒီလိုပြတ်စဲခဲ့တဲ့ အခြေအနေအထိ ရောက်ခဲ့တာပါလို့ ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းလောက်ကမှ Tom ဟာ “I heart T.S” ဆိုတဲ့ စာသားပါတဲ့ T Shirt ကိုဝတ်ဆင်ပြီး သူတို့နှစ်ဦး အတူတူ ရှိခဲ့ကြပါသေးတယ်။

DJ အဆိုတော်သမား Calvin Harris နဲ့ လမ်းခွဲပြီး သိပ်မကြာခင်မှာပဲ စတင်ခဲ့တဲ့ အဆိုတော် Taylor Swift နဲ့ သရုပ်ဆောင် မင်းသား Tom Hiddleston တို့ရဲ့ အချစ်ဇာတ်လမ်းဟာလည်း ၃ လအကြာမှာ ရပ်တန့်သွားပြီ ဖြစ်ပါတယ်။ Taylor ရဲ့ ပရိသတ်တွေကတော့ သူမရဲ့ သီချင်းအသစ်ကိုလည်း စောင့်မျှော်ရင်း သူမရဲ့ Blank Space မှာ နောက်ထပ် ဘယ်လို အချစ်ဇာတ်လမ်းမျိုးကို ထပ်မံခေါ်ဆောင်လာဦးမလဲဆိုတာကို တွေးနေကြ ပါလေရဲ့။

Ref: www.mirror.com

The post Tom Hiddleston နဲ့ လမ်းခွဲပြီး Taylor Swift ရဲ့ နောက်ထပ် အချစ်ဇာတ်လမ်းစတင်ဦးမလား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ