Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ချစ်သူရှိနေပြီဆိုတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော် လက်မထပ်ဖြစ်သေးဟုဆို

$
0
0
ခင်ဇာခြည်ကျော်

သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်(ဓာတ်ပုံ – ခင်ဇာခြည်ကျော် / facebook)

အနုပညာသက်တမ်း အနှစ် ၂၀ ကျော်ပြီဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်က သူ့မှာ ချစ်သူရှိနေပါပြီ လို့ ဧရာဝတီကို ပြောဆိုလိုက်ပါတယ်။

ဒါဟာ သိပ်မကြာသေးခင်လောက်က ဖေ့စ်ဘုတ်မှာ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ ချစ်သူအသစ်ပါဆိုပြီး စုံတွဲ ဓာတ်ပုံများ တက်လာခဲ့တဲ့အပေါ် ဧရာဝတီရဲ့ မေးမြန်းခြင်းကို ပြန်လည် ဖြေကြားလိုက်တာလည်း ဖြစ်ပါတယ်။

“အွန်လိုင်းမှာတက်လာတဲ့ ဓာတ်ပုံကိစ္စတွေနဲ့ပတ်သက်ပြီး ကျမ ဘာမှမပြောချင်ပါဘူး။ အခု ချစ်သူရှိနေပြီ ဆိုတာကတော့ မှန်ပါတယ်။ ချစ်သူရှိတယ်၊ ဒါပေမယ့် ဒီနှစ်အတွင်းမှာတော့ လက်ထပ်ဖို့ မရှိသေးပါဘူး။ ဒါပေမယ့် ပရိသတ်ကို ချပြတယ်ဆိုတာကလည်း ရည်ရွယ်ချက်တခုရှိလို့ပါပဲ။ တကယ်လို့ရည်ရွယ်ချက်ပြည့်တဲ့နေ့ကျရင်တော့ ပရိသတ်ကို ကြိုတင်ပြီးတော့ ကြေညာမှာပါလို့” သရုပ်ဆောင် ခင်ဇာခြည်ကျော်က ဧရာဝတီကို ပြောပါတယ်။

ခင်ဇာခြည်ကျော်

သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်(ဓာတ်ပုံ – ခင်ဇာခြည်ကျော် / facebook)

ဒါ့အပြင် ခင်ဇာခြည်ကျော်ရဲ့ ချစ်သူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်သူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင်ခင်ဇာခြည်ကျော်ဟာ “ငါ သူတပါး ယောကျာ်း မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆု ရရှိထားသူ တဦးလည်း ဖြစ်ပါတယ်။

ယခုအချိန်မှာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားများမှ ကျရာဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်နေပြီး  ဇာတ်ကားများ ရိုက်ကူးမှုနဲ့ပတ်သက်လို့ “ဒီလောကက ကိုယ်နဲ့ဆိုင်ရာဆိုင်ရာတွေနဲ့ပဲ ပတ်သက်ပြီး လှုပ်ရှားနေကြတာလေ။ ကိုယ်နဲ့ အဆင်ပြေတဲ့သူဆိုရင် ရိုက်ကြတယ်။ ကိုယ်နဲ့ အဆင်မပြေတဲ့သူဆိုရင် ပြောင်းတယ်။ အဲလိုမျိုးလေး စဉ်းစားလိုက်တဲ့ အခါ နောက်ပိုင်းမှာ ကိုယ့်နေရာကို ပြောင်းရိုက်ရင်တောင် ကိုယ်လည်း နေလို့ကောင်းသွားတယ်။ ဘာမှလည်း မဖြစ်တော့ဘူး။ ကိုယ်ရဲ့စိတ်ထဲမှာလည်း ဘယ်လိုမှမရှိတော့ပါဘူး”လို့ သူက ဆိုပါတယ်။
သရုပ်ဆောင် ခင်ဇာခြည်ကျော်က လတ်တလောမှာ စိုင်းစိုင်းခမ်းလှိုင် နဲ့ ၀တ်မှုန်ရွှေရည်တို့ အဓိက ပါဝင်ရိုက်ကူးမယ့် “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အင်းလေးသူအပျိုကြီး နေရာကနေ ပါဝင်သရုပ်ဆောင် ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။

The post ချစ်သူရှိနေပြီဆိုတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော် လက်မထပ်ဖြစ်သေးဟုဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ