Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သီချင်းမူပိုင်ခွင့် နဲ့ ပတ်သက်ပြီး တေးသံရှင်ဂျက်မြသောင်း တရားစွဲဆိုတော့မည်

$
0
0
တေးသံရှင် ဂျက်မြသောင်း

တေးသံရှင် ဂျက်မြသောင်း

တေးသံရှင် ဂျက်မြသောင်း က သူရဲ့တေးသီချင်းများနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးအပါအ၀င် မည်သူ့ကိုမှ လွှဲပြောင်းအပ်နှံထားခြင်း မရှိကြောင်းနဲ့ သူ့ရဲ့ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ရုပ်သံထုတ်လွှင့်မှုများ၊ FM မှ ထုတ်လွှင့်မှုများနဲ့ ပြိုင်ပွဲများမှာ သီဆိုမှုတွေအတွက် အလွဲသုံးစားပြုမှုနဲ့ တရားစွဲဆိုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကို တေးသံရှင် ဂျက်မြသောင်းက ဒီနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

တေးသံရှင် ဂျက်မြသောင်း

တေးသံရှင် ဂျက်မြသောင်းက သူကိုယ်တိုင် ရေး၊ ဆို၊ တီး ထားတဲ့ သီချင်းများကို ခွင့်ပြုချက်မတောင်းခံဘဲ မိမိကိုယ်စား တဆင့်ရောင်းချခြင်းများ၊ အသုံးပြုသီဆိုမှုများ၊ ရိုက်ကူးမှုများ၊ ထုတ်လုပ်မှုများ၊ အသံလွှင့်မှုများ၊ ပြိုင်ပွဲများမှာ သီဆိုစေမှုများအပါအ၀င် စီးပွားရေး ကိစ္စအလို့ငှာ အလွဲသုံးစားပြုနေခြင်းများကို သူရဲ့ တရား လွှတ်တော်ရှေ့နေများမှ သတိပေးတားမြစ်ချက်များကို နိုင်ငံတော်ပိုင်အစိုးရသတင်းစာများမှာ ၂ ကြိမ်တိတိ ကြော်ငြာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှာ ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သော်လည်း မဖြေရှင်းပေးတဲ့အတွက် ယခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်တယ်လို့လည်း သိရပါတယ်။
တေးသံရှင် ဂျက်မြသောင်း
အဆိုတော် ဂျက်မြသောင်းက သူရဲ့ တေးသီချင်းများထုတ်လွှင့်မှုများနဲ့ ပတ်သက်လို့လည်း သက်သေခံ အထောက်အထား အပြည့်အစုံနဲ့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း လွှတ်တော်အမတ် စတဲ့ နိုင်ငံတော်အဆင့်ဆင့် ကိုလည်း တိုင်တန်းထားတယ်လို့ သိရပါတယ်။

The post သီချင်းမူပိုင်ခွင့် နဲ့ ပတ်သက်ပြီး တေးသံရှင်ဂျက်မြသောင်း တရားစွဲဆိုတော့မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link