Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သင်မသိသေးတဲ့ လိင်တူချစ်သူ အနုပညာရှင်များ

$
0
0

အောင်မြင်ထင်ရှားတဲ့ လိင်တူချစ်သူ အနုပညာရှင်တွေ အဖြစ် အများသိ ပေါ်ထွက်လာပေမယ့် သူတို့ အလုပ်တွေကို ထိခိုက်မှာ မစိုးရိမ်ကြပါဘူး။ အခုဖော်ပြမှာကတော့ ထိပ်တန်း အနုပညာရှင် လိင်တူချစ်သူ ၁၀ ဦးအကြောင်းပါ။ သင်ထင်မှတ် မထားသူများ ပါနေမလားဆိုတာ ကြည့်ကြည့်ပါဦး။

Raven Symone (ရာဗင်ဆိုင်မွန်း)

Raven Symone (ရာဗင်ဆိုင်မွန်း)

Raven Symone (ရာဗင်ဆိုင်မွန်း)

အမေရိကန် အမျိုးသမီး ဟစ်ဟော့ပ် အဆိုတော် ရာဗင်ဆိုင်မွန်းဟာ ၂၀၁၃ ခုနှစ်က လက်ထပ်ခွင့် အညီအမျှရရှိရေး အများသိ တောင်းဆိုခဲ့သူပါ။ သူဟာ တကယ်လို့ သူရွေးချယ်သူနဲ့ လက်ထပ်ခွင့်ရမယ်ဆိုရင် သူ့အနေနဲ့ စိတ်လှုပ်ရှား ပျော်ရွှင်နေလိမ့်မယ်လို့ ဆိုပါတယ်။ ဖော်ပြထားတဲ့ပုံက သူ့ရဲ့ ရည်းစားဟောင်း AzMarie Livingston နဲ့အတူ ရှိခဲ့စဉ်က ရိုက်ထားတာပါ။

Jim Parsons  (ဂျင်ပါဆန်စ်)

Jim Parsons (ဂျင်ပါဆန်စ်)

Jim Parsons (ဂျင်ပါဆန်စ်)

အသက် ၄၃ နှစ်အရွယ် သရုပ်ဆောင် ဂျင်ပါဆန်စ် ဟာ The Big Bang Theory ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲဖြင့် လူသိများထင်ရှားခဲ့သူပါ။ ၂၀၁၄ ခုနှစ် Ellen ရဲ့ ရှိုးပွဲတွင် ဧည့်သည်ဖျော်ဖြေသူအဖြစ် တင်ဆက်ဖျော်ဖြေပေးစဉ် သူ့အသက် ၁၁ နှစ်ကတည်းက ပုံမှာမြင်တွေ့ရတဲ့ Todd Spiewak ဆိုသူနဲ့ ပတ်သက်ဆက်ဆံမှုရှိနေခဲ့ပြီလို့ ၀န်ခံပြောဆိုသွားခဲ့ပါတယ်။

Ellen Page (အယ်လင်ပေ့ဂ်ျ)

Ellen Page (အယ်လင်ပေ့ဂ်ျ)

Ellen Page (အယ်လင်ပေ့ဂ်ျ)

အသက် ၂၉ နှစ်အရွယ် ကနေဒီယန် သရုပ်ဆောင် မင်းသမီးတဦးဖြစ်တဲ့ အယ်လင်ပေ့ဂ်ျ ဟာ ၂၀၁၄ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့သော Time to Thrive လို့ခေါ်တဲ့ LGBT ညီလာခံမှာ ပြင်းပြင်းထန်ထန်ပြောဆိုသွားခဲ့တဲ့ သူ့ရဲ့ စကားတွေဟာ လူထုကြားထဲထိ ရောက်ရှိလာခဲ့တာပါ။ ပုံမှာ မြင်တွေ့ရတဲ့ နယူးယောက်မြို့ရဲ့ လမ်းမ တနေရာမှာ Ellen Page နဲ့အတူ လမ်းလျှောက်နေသော အမျိုးသမီးကတော့ သူနဲ့ ကောလဟလတွေ ထွက်ပေါ်ခဲ့တဲ့ သူ့ချစ်သူ မိန်းကလေးပဲဖြစ်ပါတယ်။

Queen Latifah (ကွင်းလာတီဖာ)

Queen Latifah (ကွင်းလာတီဖာ)

Queen Latifah (ကွင်းလာတီဖာ)

အသက် ၄၆ နှစ်အရွယ် အမေရိကန်အဆိုတော် ကွင်းလာတီဖာကို သူ့ရဲ့ ဖိုမ ကိစ္စနဲ့ပတ်သက်လို့ နှစ်တော်တော်များများ လူအများက ထင်မြင်ယူဆထားကြသလို ၂၀၁၂ ခုနှစ်တွင် ပြုလုပ်ခဲ့တဲ့ လိင်တူချစ်သူတွေကျင်းပပြုလုပ်သော Long Beach Pride ဆိုတဲ့ ပွဲကို တက်ရောက်စဉ် အတောအတွင်းမှာပဲ သေချာစွာ သိရှိလိုက်ရတော့တာပါ။ ဓာတ်ပုံမှာ ကွင်းလာတီဖာနဲ့အတူ မြင်တွေ့ရတဲ့ Jeanette Jennings ဆိုသူကတော့ သူ့ရဲ့ ချစ်သူ ရည်စားဟောင်းပါ။

 Michelle Rodriguez  (မီချဲလ်ရွန်ဒရီဂွက်ဇ်)


Michelle Rodriguez (မီချဲလ်ရွန်ဒရီဂွက်ဇ်)

Michelle Rodriguez (မီချဲလ်ရွန်ဒရီဂွက်ဇ်)

အသက် ၃၇ နှစ်အရွယ် အမေရိကန် သရုပ်ဆောင် မီချဲလ်ရွန်ဒရီဂွက်ဇ် ဟာ Fast and Furious ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်က Entertainment Weekly ဂျာနယ်နဲ့ အမေးအဖြေတခုမှာ ဖြေကြားခဲ့တာက – သူ့ အနေနဲ့ ဘက်တဖက်တည်းကို အတိအကျတော့ မရွေးရသေးကြောင်း၊ ယောက်ျားလေးကိုရော မိန်းကလေးကိုပါ စိတ်ဝင်စားတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဖော်ပြထားတဲ့ ပုံကတော့ သူ့ရဲ့ ရည်းစား Cara Delevingne နဲ့ ပုံပါ။

 Jane Lynch (ဂျိန်းန်လင့်ခ်ျ)


Jane Lynch (ဂျိန်းန်လင့်ခ်ျ)

Jane Lynch (ဂျိန်းန်လင့်ခ်ျ)

ဂျိန်းလင့်ခ်ျဟာ ငယ်စဉ် ကလေးဘ၀ကတည်းက တကိုယ်ရည် သိုသိုသိပ်သိပ် နေထိုင်တတ်သူပါ။ သူ့ကိုယ်သူလည်း တသီးတခြား ဖြစ်နေသူ …၊ ပြီးတော့ သူ့ စိတ်ခံစားမှုမှာ တခြားသူတွေနဲ့ မတူတဲ့ တကိုယ်တည်း ရှိနေသူလို့ ခံစားနေခဲ့ရတယ်။ သို့ပေမယ့် အရွယ်ရောက်လာတော့ သူ ခံစားရတာတွေက တကယ့်သာမန် လူတဦး ခံစားနေရတာထက် ဘာမှ မပိုဘူးလို့ နားလည်လာခဲ့တယ်။ ဖော်ပြထားတဲ့ ပုံမှာတော့ သူ့ရဲ့ ဇနီးဟောင်း လာရာအင်ဘာရီ Lara Embry နဲ့ အတူတွေ့ရတာပါ။

Jillian Michaels (ဂျီလီယန် မိုက်ကယ်)

Jillian Michaels (ဂျီလီယန် မိုက်ကယ်)

Jillian Michaels (ဂျီလီယန် မိုက်ကယ်)

ဂျီလီယန် မိုက်ကယ်ကို လူသိများ ထင်ရှားတာက The Biggest Loser ဇာတ်ကားမှာ ကြမ်းကြမ်းတမ်းတမ်း ပြင်းပြင်း ထန်ထန် လေ့ကျင့်ပေးတဲ့ သင်တန်းမှူး အဖြစ် သရုပ်ဆောင်တဲ့နေရာမှာပါ။ ၂၀၁၀ ခုနှစ်က Lady’s Home ဂျာနယ်နဲ့ အင်တာဗျူး တခုမှာ ထုတ်ဖော်ပြောတာက သူ့အနေနဲ့ အမျိုးသားနဲ့ နေရနေရ၊ အမျိုးသမီးနဲ့ပဲ နေရနေရ ကိစ္စမရှိပါဘူးတဲ့။ ဖော်ပြထားတဲ့ ပုံထဲမှာ သူနဲ့ စေ့စပ်ထားသူ Heidi Rhoades နဲ့အတူတွေ့ရတာပါ။

Cynthia Nixon (စင်သီယာ နစ်ဇွန်)

Cynthia Nixon (စင်သီယာ နစ်ဇွန်)

Cynthia Nixon (စင်သီယာ နစ်ဇွန်)

Sex and the City ဇာတ်ကားမှာ အရာရာကို သံသယပွားနေပြီး ယုံကြည်စိတ်ချမှု မရှိသူ “Miranda” (မီရန်ဒါ) အဖြစ် သရုပ်ဆောင်ရာမှာ အောင်မြင်ထင်ရှားလာတဲ့ စင်သီယာ နစ်ဇွန်ဟာ တကယ့်အပြင်မှာတော့ ဇနီးဖြစ်သူ ခရစ်စတင်း မာရီနိုနီ (Christine Marinoni) နဲ့ အတူ အချစ်စစ်ကို တွေ့ရှိသူပါပဲ။ ၂၀၁၂ ခုနှစ်က The Daily Telegraph သတင်းစာကို ပြောတာက သူ့ အနေနဲ့ ယောက်ျားတွေနဲ့သာ ဘ၀တလျှောက် အတူနေခဲ့ပေမယ့် – မိန်းမတယောက်နဲ့ အတူနေတာ ကလည်း သိပ်အထူးတဆန်းကြီးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

 David Hyde Pierce (ဒေးဗစ် ဟိုက်ဒီ ပီယက်စ်)


David Hyde Pierce (ဒေးဗစ် ဟိုက်ဒီ ပီယက်စ်)

David Hyde Pierce (ဒေးဗစ် ဟိုက်ဒီ ပီယက်စ်)

အသက် ၅၇ ခုနှစ်အရွယ် အမေရိကန် ဟာသသရုပ်ဆောင် ပီယက်စ် ကတော့ လူအများ ထင်ကြေးပေးထားကြတဲ့ သူ့ရဲ့ကောလဟလတွေကို ၂၀၀၇ ခုနှစ်မှာ လူသိရှင်ကြားအတည်ပြုပြောကြားမှုတွေ ပေါ်ထွက်ခဲ့တာပါ။ ပီယက်စ် နဲ့အတူ ပုံမှာ မြင်တွေ့ရသူကတော့ သူ့ရဲ့ အမျိုးသား Brian Hargrove ဆိုသူပါ။

Jesse Tyler Ferguson (ဂျက်ဆီတိုင်လာ ဖာဂူဆန်)

Jesse Tyler Ferguson (ဂျက်ဆီတိုင်လာ ဖာဂူဆန်)

Jesse Tyler Ferguson (ဂျက်ဆီတိုင်လာ ဖာဂူဆန်)

အသက် ၄၀ အရွယ် အမေရိကန်သရုပ်ဆောင် ဂျက်ဆီတိုင်လာဖာဂူဆန် ဟာ Modern Family ဆိုတဲ့ အမေရိကန် ရုပ်သံဇာတ်လမ်းမှာ လိင်တူချစ်သူလင်မယားစုံတွဲတတွဲရဲ့ အမျိုးသားနေရာမှာ သရုပ်ဆောင်ခဲ့သလို သူ့ရဲ့ လက်တွေ့ပြင်ပ ဘ၀မှာလည်း အမျိုးသားတဦးနဲ့ လက်ထပ်ထားသူပါ။ ပုံမှာ သူနဲ့အတူ မြင်တွေ့ရတာ ကတော့ Justin Mikita ဆိုတဲ့ သူ့ရဲ့ အမျိုးသားပါ။

Ref : topcelebdaily.com

The post သင်မသိသေးတဲ့ လိင်တူချစ်သူ အနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ