Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထွန်းထွန်း(Examplez) ရဲ့ပထမဆုံးတကိုယ်တော်စီးရီး ထွက်မည်

$
0
0
ထွန်းထွန်း ထွန်းထွန်း

တေးသီချင်းလောကနဲ့ အတန်ငယ်ဝေးကွာနေတဲ့ Examplez အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ တေးသံရှင်ထွန်းထွန်းရဲ့ ပထမဆုံး တကိုယ်တော်တေးစီးရီး DVD ကို ဧပြီ ၃၀ ရက်နေ့မှာ စတင်ဖြန့်ချိပေးတော့မှာပါ။

ဒီတေးစီးရီးကို Superstar လို့ အမည်ပေးထားပြီး ၎င်းဟာ လွန်ခဲ့တဲ့လေးနှစ်ကတည်းက CD အဖြစ် ထွက်ရှိထားပြီး ဖြစ်ပါတယ်။

အဆိုတော် ထွန်းထွန်းရဲ့ Superstar တေးစီးရီးမှာ ပါဝင်တဲ့တေးသီချင်းတွေကို Featuring သီဆိုပေးထားတဲ့ အခြားသော အဆိုတော်တွေကတော့ လွှမ်းပိုင်၊ သားကြီး၊ ထိန်ဝင်း၊ သဇင်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ စင်ဒီနဲ့ Bobby Soxer တို့ဖြစ်ကြပါတယ်။

ယခုထွက်ရှိလာမယ့် Superstar တေးစီးရီးနဲ့ပတ်သက်ပြီး ထွန်းထွန်းက “ကျနော် ဒီအခွေလေးကို နောက်လထဲ ထွက်မယ်ဆိုပြီး ပြောပြောနေခဲ့တာ သုံးနှစ်လောက်ရှိပါပြီ၊ အခုတော့ ဒီအခွေကို တကယ်ထွက်နိုင်ခဲ့ပါပြီ၊ အခု Music Video မှာလည်း ကြည့်ရှူ့တဲ့ပရိသတ်တွေ စိတ်ကျေနပ်မှုရှိအောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြပါတယ်။ ကျနော် နောက်ထပ်လုပ်မယ့်အလုပ်တွေအတွက်လည်း အရမ်းအားရှိလာပါပြီ။ မျက်နှာလဲ မပူရတော့ပါဘူး” လို့ ပြောပြခဲ့ပါတယ်။

Superstar တေးစီးရီးထဲမှာ အရင် CD အဖြစ်ထွက်ရှိထားခဲ့တုန်းက ပါဝင်ခဲ့သောတေးသီချင်းများအပြင် နောက်ထပ် တေးသီချင်းများကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အခွေထွက်မယ်နေ့ ဧပြီ ၃၀ ရက်နေ့မှာ ထွန်းထွန်းက ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ လက်မှတ်ရေးထိုးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

The post ထွန်းထွန်း(Examplez) ရဲ့ပထမဆုံးတကိုယ်တော်စီးရီး ထွက်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)