Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပွဲတက်ဝတ်စုံထဲမှာ ဆီးစွန့်ခဲ့ဖူးတယ်လို့ Kim Kardashian ပြော

$
0
0

အနောက်တိုင်းရဲ့ နာမည်ကျော်တဦးဖြစ်တဲ့ Kim Kardashian ဟာ သူ့ရဲ့ တောက်ပတဲ့ ဂါဝန်ဝတ်စုံထဲမှာ ဆီးစွန့်ခဲ့ဖူးတဲ့အကြောင်း ပြောပါတယ်။

“Keeping Up With the Kardashians” အစီအစဉ်စတား Kim ဟာ တင်းကျပ်လွန်းတဲ့ ဝတ်စုံတွေဝတ်ရတဲ့အခါမှာ အိမ်သာတက်ဖို့ ဘယ်လောက် ခက်ခဲသလဲဆိုတာကို သိရှိထားတာကြောင့် သူနောက်ဆုံး ထုတ်လုပ်ထားတဲ့ SKIMS ဝတ်စုံဒီဇိုင်းတွေအတွက် ဆီးစွန့်ဖို့ အပေါက်တခု ထပ်ဖို့၊ မထည့်ဖို့ ဆုံးဖြတ်နေတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တင်ဆက်သူ Jimmy Fallon နဲ့အတူ “The Tonight Show” အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ Kim က “ကျမက SKIMS ကို မိတ်ဆက်ခဲ့တယ်။ ပြီးတော့ အဲ့ဒီလိုမျိုး ဝတ်စုံတွေထဲမှာ ကျမ အနေနဲ့ ဆီးစွန့်ဖို့အပေါက် လိုမလားဆိုတာကို ဆွေးနွေးနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

သူက “Emmys နဲ့ တခြားဆုပေးပွဲအတွက် ဝတ်စုံအောက်မှာ ကျမက ဆီးစွန့်တဲ့အပေါက်ကို အသုံးပြုဖို့ ကြိုးစားခဲ့တယ်။ ကိုယ့်ဘာသာ ဆီးစွန့်နိုင်ပြီး အခက်အခဲ သိပ်မဖြစ်တော့ဘူး။ အဲ့ဒါက စဉ်းစားရမယ့် မေးခွန်းပါ” လို့ ဆိုပါတယ်။

အသက် ၃၈ နှစ်အရွယ် Kim ဟာ အစီအစဉ် တင်ဆက်သူ Fallon နဲ့အတူ ဖုန်းထဲကနေ တချို့အကြောင်းအရာတွေကို ရွေးထုတ်ပြောပြရတဲ့ ဂိမ်းတခုကို ကစားနေစဉ်မှာ အခုလိုမျိုး ထုတ်ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးတော့ မွေးမြူရေးခြံ ဓာတ်ပုံတပုံကို ပေးပို့လာတဲ့ ခင်ပွန်း Kanye West ဆီကနေ ရရှိခဲ့တဲ့ စာတိုကိုလည်း ပြသခဲ့ပါတယ်။ ခင်ပွန်း Kanye က “West Lake လေ။ ငါတို့မိသားစုရဲ့ ပထမဆုံး မွေးမြူရေးခြံကြီး။ အခုကနေ စပြီးနောက်နှစ် ၅၀ ဟာ ငါတို့အတွက် သိပ်ကို အဓိပ္ပာယ်ရှိမှာပါ”လို့ ရေးသားပို့ခဲ့တာ ဖြစ်ပါတယ်။

ကလေး ၄ ယောက်ရဲ့ မိခင် Kim က ဝေဖန်မှုတွေခံခဲ့ရတာနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးခဲ့ရပေမယ့် အဲ့ဒီဝေဖန်မှုတွေကို စိတ်ခွန်အားအနေနဲ့ အသုံးချခဲ့တယ်လို့ ဆိုပါတယ်။

Kim က “တချိန်လုံး ကျမက ကိုယ့်ကိုယ်ကို သံသယဖြစ်ခဲ့ရပါတယ်။ ကျမမှာ အသားအရေတွေတောင် ပျက်စီးခဲ့တယ်။ တချိန်လုံး ဓာတ်ပုံ အရိုက်ခံခဲ့ရတယ်။ ကျမအတွက်တော့ လူတွေက တကယ့်ကို မမျှမတ ဝေဖန်ကြတဲ့ အချိန်မှာတောင် စိတ်ခွန်အားအနေနဲ့ အမြဲတမ်းအသုံးချခဲ့ပါတယ်။ ကျမ ဘာလို့ ဒီလိုခံစားနေရတာလဲ ဆိုတာကို ဖော်ထုတ်ပြီးတော့ ပိုအလုပ်ကြိုးစားချင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Ref. asiaone

You may also like these stories:

အတွင်းခံဝတ်စုံ နာမည်ကို SKIMS လို့ နာမည်ပြန်ပြောင်းလိုက်တဲ့ Kim Kardashian

နာမည်ပြောင်းလိုက်တဲ့ ကီမိုနိုအတွင်းခံ ၂ သန်းကို အလဟဿ မဖြစ်အောင် Kim Kardashian ကြိုးပမ်းနေ

ဝေဖန်မှုများကြောင့် Kim Kardashian ရဲ့ “ကီမိုနို”အတွင်းခံကို နာမည်ပြောင်းပေးမည်

Kim Kardashian West ရဲ့ “ကီမိုနို” အတွင်းခံကို ဂျပန်နိုင်ငံသားတွေ ဝေဖန်

The post ပွဲတက်ဝတ်စုံထဲမှာ ဆီးစွန့်ခဲ့ဖူးတယ်လို့ Kim Kardashian ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


All Update Reader 4.0 ဗားရှင်းသစ်ထွက်ပြီ...


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ကားလိုင်စင်နံပတ်တွေ တိုက်စစ်ချင်သူတွေအတွက် 4P ထိ စစ်လို့ရမယ့် Myanmar Car...


မရင့်မှည့်မီနှင့် ဆေးထိုးထားသည့် သရက်သီးများ တရုတ်သို့ တင်ပို့ရောင်းချမှု...


ဥပဒေဆိုင်ရာစာအုပ်များ ဆိုင်ရာ Link


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


တရုတ်နတ်သမီးဆယ်ယောက်


မန္တလေးက ကုလား ပဋိပက္ခ ဖြစ်စဉ် ကျွန်တော် သိသလောက်ပါ


ဘယ်သူပဲ မုန်းမုန်း ပြန်ချစ်အောင် ယတြာလုပ်မယ်


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


စစ်သားဆိုတာ ....


မြန်မာဘီယာသံဘူး ကံစမ်းမဲကာလ တဘူးကျပ် ၁၃၀၀ အထိ ဈေးမြင့် လိုအပ်သည့်အရေအတွက်...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ကျိုင်းတုံမြို့တွင် ခရီးသည်တင်ယာဉ်များအား တစ်လလျှင် ဆယ်ကြိမ်အထက်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


အနောက်တံခါးဝမှ ကျောင်းဆရာ/မများဘဝ


ဘူးလက်ပြောတဲ့ လူမိုက် ၀င်းနိုင်


ဖိုးထက် - သြော် လူတွေ…လူတွေ