Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift

$
0
0

Pop အဆိုတော်နဲ့ သီချင်းရေးသားသူ Taylor Swift ဟာ ဇွန်လ ၁၇ ရက်နေ့မှာ နာမည်ကျော်တွေ ပါဝင်တဲ့ ဂီတဗီဒီယို တပုဒ်ကို ဖြန့်ချိခဲ့ပါတယ်။

ဒီသီချင်းနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေမှာ အနုပညာရှင်တွေ နောက်ပြောင်ခံရမှုကို ဝေဖန်တာနဲ့ ယောကျာ်းချင်း ချစ်ခင်စုံမက်သူ၊ မိန်းမချင်း ချစ်ခင်စုံမက်သူနဲ့ လိင်ပြောင်းခံယူထားသူများအတွက် အမေရိကန်မှာ တရားဥပဒေနဲ့ ကာကွယ်ခွင့် တောင်းဆိုမှုကို လက်မှတ်ထိုးကြဖို့ ပရိသတ်ကို တိုက်တွန်းခဲ့ပါတယ်။

သူ့ရဲ့ Single သီချင်းအသစ် “You Need to Calm Down” ဂီတဗီဒီယိုမှာ အရင်တုန်းက သူနဲ့ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ကေတီပယ်ရီနဲ့ အခြားနာမည်ကျော်တွေ ပါဝင်ထားကြပါတယ်။ ကေတီပယ်ရီရဲ့ ပါဝင်သရုပ်ဆောင်မှုဟာ ၂၀၁၃ ခုနှစ်တုန်းက ဖျော်ဖြေပွဲတွေမှာ သူတို့နှစ်ဦးရဲ့ နောက်ခံ အကသမားတွေနဲ့ ပတ်သက်လို့ ပြဿနာဖြစ်ပြီးနောက် ကတောက်ကဆဖြစ်မှု အဆုံးသတ်ပြီဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီ ဂီတဗီဒီယိုမှာဆိုရင် ကိုယ့်ကိုယ်ကိုယ် လိင်တူချစ်သူလို့ ကြေညာထားကြတဲ့ Ellen DeGeneres, Billy Porter, RuPaul, Jesse Tyler Ferguson, Adam Lambert, Hannah Hart နဲ့ Tan France တို့လိုမျိုး နာမည်ကျော်တွေလည်း ပါဝင်ကြပါတယ်။

အဆိုပါ ဗီဒီယိုထဲမှာတော့ အဆိုတော် Swift ဟာ French Fries ဝတ်စုံကို ဝတ်ဆင်ထားပြီး Metropolitan Museum of Art မှာပြုလုပ်ခဲ့တဲ့ Met Gala ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံအတိုင်း တုပထားတဲ့ ဟမ်ဘာဂါ ဝတ်စုံကို ဝတ်ဆင်ထားထဲ့ ကေတီကို ဖက်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ ဟမ်ဘာဂါ ဝတ်စုံက Swift ရဲ့ အိုင်ဒီယာလို့ သိရပါတယ်။

သီချင်းတွေထဲမှာ စောင်းချိတ်ရေးသားခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့ အကွဲအပြဲ ဇာတ်လမ်းဟာ ၂၀၁၈ ခုနှစ်မှာ အဆုံးသတ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့တုန်းက ကေတီဟာ သူ့ရဲ့ Instagram အကောင့်မှာ ဓာတ်ပုံတပုံကို တင်ခဲ့ပြီး Swift ကိုပါ Tag တွဲပေးခဲ့ပါတယ်။ အဲဒီပုံမှာတော့ ကွတ်ကီး ပန်းကန်တချပ်ကို မြင်တွေ့ရပြီး ရေခဲပုံစံနဲ့ ရေးသားထားတဲ့ “နောက်ဆုံးမှာ ငြိမ်းချမ်းရေးရပြီ” ဆိုတဲ့ စာသားကြောင့် ပရိသတ်တွေက သူတို့နှစ်ဦး ပြန်ပြေလည်သွားပြီလို့ ခန့်မှန်းခဲ့ကြပါတယ်။

ဒီဂီတဗီဒီယိုရဲ့ အဆုံးမှာတော့ အမေရိကန်ဆီးနိတ် အထက်လွှတ်တော်မှာ ခွဲခြားဆက်ဆံမှုကနေ LGBTQ အသိုင်းအဝန်းကို ကာကွယ်ပေးမယ့် ဥပဒေကို ခွင့်ပြုချက်ရစေဖို့ လက်မှတ်ရေးထိုး တောင်းဆိုကြရေး ပရိသတ်ကို တိုက်တွန်းတဲ့ စာနှစ်ကြောင်း ထည့်သွင်းထားပါတယ်။

Ref: Asiaone

You may also like these stories:

အရောင်အသွေးစုံတဲ့ သီချင်းအသစ်ကို ဖြန့်ချိလိုက်တဲ့ အဆိုတော် Taylor Swift

အဆိုတော် Taylor Swift လက်ထပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်

အမေရိကန်ဂီတဆုပေးပွဲ ဆုရရှိမှုစံချိန်တင်ခဲ့တဲ့ အဆိုတော် Taylor Swift

The post သီချင်းအသစ်နဲ့အတူ LGBTQ တန်းတူညီမျှမှုအတွက် တောင်းဆိုလိုက်တဲ့ Taylor Swift appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258