Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“နှစ်ပတ်အလို”မှာ အကယ်ဒမီ ၉ လက်ရဲ့ အားပြိုင်မှုကို တွေ့ရမယ်လို့ မောင်မျိုးမင်း ပြော

$
0
0

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)ဟာ သူကိုယ်တိုင် ရေးသားထားတဲ့ “နှစ်ပတ်အလို” ဝတ္ထုကို ရုပ်ရှင်အဖြစ် ကိုယ်တိုင် ပြန်ရိုက်ကူးခဲ့ပြီး ဒီဇာတ်ကားမှာ အကယ်ဒမီဆုရှင် ၉ ဦးရဲ့ အားပြိုင်မှုကို မြင်တွေ့ရမယ်လို့ ပြောပါတယ်။

“ဒီကားရိုက်တဲ့ အချိန်တုန်းက ကျော်ကျော်ဗိုနဲ့ အေးမြတ်သူ အကယ်ဒမီ မရသေးပါဘူး။ ဒါပေမဲ့ ဒီကား ရုံတင်မယ့် နှစ်မှာ တနှစ်တည်း၊ တပြိုင်တည်း အကယ်ဒမီ ရခဲ့တဲ့အတွက် ဒီဇာတ်ကားက ကျနော် အပါအဝင် အကယ်ဒမီ ၉ လက် အားပြိုင်မှုလို့ ပြောလို့ရတယ်။ အကယ်ဒမီ ၉ လက် အားပြိုင်မှုကို ပရိသတ်တွေ ကြည့်ရှုရမှာပါ”လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပါတယ်။

ဇာတ်ကားနာမည်နဲ့ ပတ်သက်ပြီးတော့လည်း ဒါရိုက်တာ မောင်မျိုးမင်းက အခုလိုပဲ ပြောပါတယ်။ “Two Weeks Notice လို့ ဘာလို့ပေးထားလဲဆိုတော့ တချို့က Two Weeks Before လို့ ပေးပါလား ပြောကြတယ်။ Notice စာ တစောင်ကနေ စတာမို့ အဲ့စာကလည်း နှစ်ပတ်ပဲ အချိန်ပေးထားတဲ့အတွက် ပေးဖြစ်တာပါ”လို့ သူက ဆိုပါတယ်။

ကိုယ်တိုင် ဝတ္ထုရေးရခြင်း အကြောင်းကိုလည်း ဒါရိုက်တာ မောင်မျိုးမင်းက “စာရေးဆရာ၊ ဒါရိုက်တာတွေကို အရမ်းလေးစား အားကျခဲ့ရတယ်။ သူတို့ရေးတဲ့ ဝတ္ထုနဲ့ သူတို့ရိုက်တဲ့ ရုပ်ရှင် မတူကြဘူး။ ရုပ်ရှင်ကို ရုပ်ရှင် ဗားရှင်းနဲ့ ရိုက်တယ်။ ဝတ္ထုကို ဝတ္ထု ဗားရှင်းနဲ့ ရေးတယ်။ ဘာသာရပ်နှစ်ခု ကွဲပြားနေတာကို ရုပ်ရှင်မှာလည်း ရှာတွေ့သလို ဝတ္ထုမှာလည်း ရှာတွေ့နိုင်တယ်။ သူ့ဟာနဲ့ သူတော့ အားသာချက်၊ အားနည်းချက်တွေ ရှိတယ်။ အဲ့ အားသာချက်၊ အားနည်းချက် နှစ်ခုကို ကိုယ်တိုင်တွေ့ချင်လို့ ဖန်တီးကြည့်တာပါ”လို့ ပြောပါတယ်။

ရုံတင်ခွင့်ရရှိခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ဒါရိုက်တာ မောင်မျိုးမင်းဟာ သူ့မွေးနေ့ ဖြစ်တာကြောင့် ဇာတ်ကားလည်း ရုံတင်၊ ရုပ်ရှင်လာကြည့်တဲ့ ပရိသတ်တွေနဲ့အတူ မွေးနေ့ အခမ်းအနား လုပ်မယ့်အကြောင်း အခုလိုပဲ ပြောပါတယ်။

“ထူးခြား တိုက်ဆိုင်စွာပဲ လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ရုပ်ရှင် ရုံတင်ပါမယ်။ အဲဒီနေ့က ထူးထူးခြားခြား ကြိုတင်လုပ်ထားတာ မဟုတ်ဘဲ ကျနော်ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ကြိုတင် စီမံထားတာလည်း မဟုတ်ဘူး။ ကြိုတင် စီမံလို့လည်း မရပါဘူး။ ထူးခြားစွာ အရင်က သောကြာနေ့မှာ ဇာတ်ကားသစ် လဲတာ၊ အခု သိပ်မကြာခင်ကမှ ကြာသပတေးဆိုတာ ပြောင်းသွားတယ်။ အဲ့နေ့ ရုပ်ရှင်လာကြည့်တဲ့ ကျနော် ပရိသတ်တွေနဲ့ မွေးနေ့ အခမ်းအနားလေး လုပ်ဖြစ်မယ်”လို့ မောင်မျိုးမင်းက ဆိုပါတယ်။

“နှစ်ပတ်အလို” ဇာတ်ကားကြီးမှာတော့ အကယ်ဒမီဆု ပိုင်ရှင်များဖြစ်ကြတဲ့ သရုပ်ဆောင် ပြေတီဦး၊ မင်းဦး၊ ကျော်ကျော်ဗို၊ ရဲအောင်၊ ဝတ်မှုံရွှေရည်၊ အေးမြတ်သူ၊ မျိုးသန္တာထွန်းနဲ့ ချိုပြုံးတို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ကိုယ်တိုင် ရေးသား ရိုက်ကူးထားပါတယ်။

You may also like these stories: 

“နှစ်ပတ်အလို” ရုပ်ရှင်ကားဟာ ကော်ပီကား မဟုတ်ကြောင်း ရှင်းလင်းပြောဆိုတဲ့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)

“လူကြီးတွေ ကိုယ့်အသိစိတ်နဲ့ကိုယ် နုတ်ထွက်တာ ကောင်းတယ်”လို့ ဒါရိုက်တာ မောင်မျိုးမင်း ပြော

“နာမည်ကြီးဖို့အတွက် လူတိုင်းလုပ်တဲ့ အလုပ် မလုပ်ဖြစ်ဘူး”လို့ ပြောတဲ့ မေဘရဏီသော်

“အကယ်ဒမီကို အားလုံးထိုက်တန်လို့ ရကြတယ်”လို့ မှတ်ယူတဲ့ ကျော်ကျော်ဗို

The post “နှစ်ပတ်အလို”မှာ အကယ်ဒမီ ၉ လက်ရဲ့ အားပြိုင်မှုကို တွေ့ရမယ်လို့ မောင်မျိုးမင်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ