Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကျနော့်ကို ဂီတသမားအဖြစ် သိတာ နည်းတယ်”လို့ ဒါရိုက်တာ အောင်ကိုလတ် ပြော

$
0
0

ဒါရိုက်တာ တယောက်အနေနဲ့ လူသိများတဲ့ ဒါရိုက်တာ အောင်ကိုလတ်ကတော့ တေးရေးဆရာ၊ အဆိုတော်တဦး ဖြစ်ခဲ့တဲ့အကြောင်း လူတော်တော်များများက သိတာ နည်းပါးတယ်လို့ ပြောပါတယ်။

“ကျနော့်ရဲ့ ဂီတအစည်းအရုံးဝင် နံပါတ်က ဆိုရှယ်လစ်ခေတ်မှာ ၈၀၁ ပါ။ ကျနော်က ၁၉၇၀ ခုနှစ်မှာစပြီး ပထမဆုံး ဂီတနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ ကျနော့်ရဲ့ ပထမဆုံး ပွဲဦးထွက်ကို ဆွဲခေါ်ပေးတာက ကိုစိုးပိုင်ပါ။ ကိုစိုးပိုင်က ကျနော့်ရဲ့လမ်းပြဆရာပါ။ သူ့ကို ကျနော် ဆုတောင်းပေးတယ်။ ချစ်လည်း ချစ်တယ်။ ကျနော် ၁၀ တန်း ဖြေခါနီး သူ့ကို တွေ့တယ်။ တသက်လုံး ဟိုမှာ သွားတီး၊ ကန်ထုတ်ခံရ။ ဒီမှာ သွားတီး၊ ကန်ထုတ်ခံရတဲ့ ကောင်က သူဆွဲခေါ်သွားတဲ့အချိန်မှာ ဂီတသမားဖြစ်ဖို့ ဖြစ်လာတယ်။ အဲဒီက စဖြစ်လာတယ်” လို့ အောင်ကိုလတ်က ပြောပါတယ်။

မကြာခင်မှာ ကျင်းပမယ့် Myanmar Idol Season 4 သီချင်းဆို ပြိုင်ပွဲမှာလည်း ဒိုင်တဦးအနေနဲ့ ပါဝင်မယ့်အပေါ် ဒါရိုက်တာတယောက် အနေနဲ့သာ သိတဲ့ ပရိသတ်များက မေးမြန်းမှုမျာ းရှိလာမယ့် အပေါ်ကိုလည်း အခုလို ပြောပါတယ်။

“ဟေ့ အဘိုးကြီး မုတ်ဆိတ်နဲ့ အပေါ်မှာ တက်ထိုင်နေတဲ့ ဒိုင်။ မင်း Music ကို ဘယ်လောက် နားလည်လို့လဲ။ မင်းကို သိတာတော့ ဒါရိုက်တာ တယောက် အနေနဲ့ပဲ သိတာ။ အရှေ့က သတင်းစာဆရာတွေ ဂီတအစည်းအရုံးက လူကြီးတွေကို မေးလိုက်လို့ ပြောချင်ပါတယ်” လို့ ဒါရိုက်တာ အောင်ကိုလတ်က ပြောပါတယ်။

ဒါရိုက်တာ အောင်ကိုလတ်ဟာ ဂီတသမားတယောက် အနေနဲ့ မြန်မာပြည် အနှံ့အပြားကို တီးခတ် ဖျော်ဖြေခဲ့ပြီး အခုခေတ် လူငယ်များနဲ့ ၁၉၉၅ ခုနှစ်နောက်ပိုင်း လူငယ်များကတော့ သူ့ကို ဒါရိုက်တာ တယောက်အနေနဲ့သာ သိတာများတယ်လို့ ဆိုပါတယ်။

“ကျနော် မြန်မာပြည် အနှံ့အပြား တီးပါတယ်။ ကျနော် မတီးဖူးတာ ချင်းတောင်တခုပဲ ရှိပါတယ်။ ကျနော့်ကို အခုခေတ် လူငယ်တွေကသာ စပေါ်လာတဲ့အချိန် ၁၉၉၅ ခုနှစ်လောက်မှာသာ အောင်ကိုလတ်ကို မြင်ဖူးတဲ့သူတွေကတော့ ရုပ်ရှင် ဒါရိုက်တာ၊ တီဗီကြော်ငြာ ဒါရိုက်တာ၊ D.O.P ၊ ပရိုဂျူဆာ ဒီလိုပဲ သိမှာပါ”လို့ အောင်ကိုလတ်က ဆိုပါတယ်။

မကြာခင် Myanmar Idol ဒိုင်လူကြီးတယောက်အနေနဲ့ ပါဝင်မယ့် အောင်ကိုလတ်ကတော့ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်များကို သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ အကောင်းဆုံး အကဲဖြတ်သွားမယ်လို့ ပြောပါတယ်။ “Aung Ko Latt Motion Picture” ထုတ်လုပ်ရေးအနေနဲ့ ဒုတိယမြောက် ရုပ်ရှင်ကားကို စောင်းတေးဂီတနဲ့ ပတ်သက်တာ ပြန်လည် ဖော်ထုတ်ပြီး ဂျပန်နိုင်ငံနဲ့ ပူးပေါင်းကာ ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရပါတယ်။

The post “ကျနော့်ကို ဂီတသမားအဖြစ် သိတာ နည်းတယ်”လို့ ဒါရိုက်တာ အောင်ကိုလတ် ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258