Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထောင်ထွက်များ အလုပ်ခွင် ပြန်ဝင်နိုင်ရေး ကူညီပေးရန် Kim Kardashian ဆော်သြ

$
0
0

ရသစုံ အစီအစဉ်စတားနဲ့ တက်ကြွလှုပ်ရှားသူ Kim Kardashian ဟာ ထောင်ကနေ ထွက်လာသူတွေအနေနဲ့ လုပ်ငန်းခွင် ပြန်ဝင်နိုင်ရန် ကူညီပေးနိုင်မယ့် ကြိုးပမ်းမှုတွေကို မြှင့်တင်ဖို့ လုပ်ဆောင်တဲ့ ပွဲတပွဲမှာ မိန့်ခွန်းပြောကြားဖို့ အိမ်ဖြူတော်ကို ဇွန်လ ၁၃ ရက်နေ့က လာရောက်ခဲ့တာ တွေ့ရပါတယ်။

ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု ပြုပြင်ပြောင်းလဲရေး ကိစ္စတွေအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ Kardashian ဟာ ဇွန်လ ၁၃ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပွဲကို သွားနေစဉ် လမ်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုကို Twitter မှာ တင်ခဲ့ပါတယ်။

အဲဒီ ဗီဒီယိုထဲမှာ သူက “ကျမက ဒုတိယ အခွင့်အရေး အလုပ် ငှားရမ်းမှုနဲ့ အလုပ်ပြန်ဝင်မယ့် ပွဲမှာ စကားပြောဖို့ အိမ်ဖြူတော်ကို သွားနေပါတယ်” လို့ ပြောခဲ့ပါတယ်။ Twitter မှာ တင်ခဲ့တဲ့ နောက်ထပ် ပို့စ်တခုမှာ ဆိုရင်တော့ အခုလိုမျိုး အစိုးရအဖွဲ့နဲ့ ပုဂ္ဂလိကကဏ္ဍက အဲ့ဒီလို (ထောင်ထွက်) အမျိုးသားနဲ့ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ ရှေ့တိုးလုပ်ဆောင်နေကြတာကို ကြေညာဖို့ ဂုဏ်ယူမိတယ်လို့ ဆိုထားပါတယ်။

Kardashian ဟာ ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အိမ်ဖြူတော်ကို အကြိမ်ပေါင်းများစွာ လာရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးတော့ မူးယစ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရတဲ့ Alice Marie Johnson အမှုကို ပလပ်ပေးဖို့ သမ္မတ Donald Trump ကိုလည်း အောင်အောင်မြင်မြင် နားချနိုင်ခဲ့ပါတယ်။

အိမ်ဖြူတော် အရာရှိတွေကတော့ First Step Act ဥပဒေအရ ထောင်ကနေ စောစောစီးစီး လွတ်မြောက်လာတဲ့ ထောင်သားတွေဟာ ထောင်ပြင်ပမှာ ဘဝကိုအောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေနဲ့ အလုပ်အကိုင်တွေကို ချထားပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်တနိုင်ငံလုံးက ထောင်သား ၁ ထောင်ကျော်ဟာ အဲ့ဒီဥပဒေအရ ထောင်ဒဏ်တွေ လျော့ချခံစားရမှာဖြစ်တယ်လို့ အမေရိကန် ထောင်ဒဏ်ကော်မရှင်ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Ref. Time

You may also like these stories:

ပထမဆုံး “X-Men” ရုပ်ရှင်မှာ Wolverine အဖြစ်ကနေ ဖယ်ရှားခံရလုနီးပါး ဖြစ်ဖူးတဲ့ Hugh Jackman

နယူးယောက်ခ်တိုင်းမ် သတင်းစာကို ရန်တွေ့လိုက်တဲ့ အဆိုတော် မက်ဒေါနား

အမေရိကန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတဲ့ Kylie Jenner

The post ထောင်ထွက်များ အလုပ်ခွင် ပြန်ဝင်နိုင်ရေး ကူညီပေးရန် Kim Kardashian ဆော်သြ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258