Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Women In Film Gala ပွဲကို တက်ရောက်တဲ့ ပထမဆုံး ကိုရီးယားမင်းသမီး Claudia Kim

$
0
0

မင်းသမီး Claudia Kim (Kim Soo Hyun) ဟာ နှစ်စဉ် ကျင်းပနေကျ အထင်ကရ ပွဲတခုဖြစ်တဲ့ Women in Film Gala ပွဲ ကော်ဇောနီပေါ်ကို တက်ရောက်နိုင်ခဲ့တဲ့ ပထမဆုံး ကိုရီးယားမင်းသမီး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ဖျော်ဖြေရေး လုပ်ငန်းထဲက အမျိုးသမီးတွေနဲ့ ကျား၊မ တန်းတူညီမျှမှုအတွက် ၁၉၇၃ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ တက်ကြွလှုပ်ရှားရေးအဖွဲ့ “Women in Film” ကို ထောက်ပံ့ဖို့အတွက် နှစ်တိုင်း ကျင်းပတဲ့အခမ်းအနား တခုလည်း ဖြစ်ပါတယ်။

အခု ၂၀၁၉ ခုနှစ်အတွက် ကျင်းပခဲ့တဲ့ Gala ပွဲကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့တုန်းက လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ Beverly Hilton မှာ ကျင်းပခဲ့တာပါ။ မင်းသမီး Claudia Kim ကတော့ Max Mara ညစာစားပွဲတက် Jumpsuit ဝတ်စုံနဲ့ တက်ရောက်လာခဲ့တာ ဖြစ်ပြီး သူနဲ့အတူ ပါလာသူတွေကတော့ Max Mara ကုမ္ပဏီရဲ့ အမေရိကန်ဌာနခွဲ လက်ကား ညွှန်ကြားရေးမှူး Maria Giulia Maramotti နဲ့ အမေရိကန် မင်းသမီး၊ မော်ဒယ် Jaime King တို့ ဖြစ်ပါတယ်။

အီတလီဖက်ရှင် ကုမ္ပဏီဖြစ်တဲ့ Max Mara ဟာ Women in Film ပွဲကို ၁၇ နှစ်ကြာ တရားဝင် စပွန်ဆာအဖြစ် ဆောင်ရွက် ပေးခဲ့ပြီး MaxMara Face of the Future Award ဆိုတဲ့ ဆုတခုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ပွဲမှာတော့ အဲဒီ ဆုကို သြစတြေးလျမင်းသမီး Elizabeth Debicki က ရရှိခဲ့ပါတယ်။

Claudia Kim ဟာ ဆိုးလ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် ကိုရီးယားကို ပြန်မလာခင် ငယ်ဘဝ ၆ နှစ်တာ ကာလကို အမေရိကန်နိုင်ငံမှာ ဖြတ်သန်းခဲ့တာပါ။ သူဟာ နိုင်ငံရပ်ခြားမှာ ပညာသင်ခဲ့ရသူ ဖြစ်တာကြောင့် အင်္ဂလိပ်ဘာသာစကားကို အထူးကျွမ်းကျင်ပါတယ်။ ဒါကြောင့်ပဲ “Avengers: Age of Ultron” နဲ့ “Fantastic Beasts: The Crimes of Grindelwald” တို့လိုမျိုး ရုပ်ရှင်တွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

Ref: Soompi

You may also like these stories:

Nagini သရုပ်ဆောင်မယ့်သူကို အာရှမင်းသမီး ရွေးချယ်လိုက်လို့ J.K. Rowling ဝေဖန်ခံရ

“Fantastic Beasts” မှာ Nagini မြွေမအဖြစ် မြင်တွေ့ရမယ့် မင်းသမီး Claudia Kim

iKON အဖွဲ့မှ B.I နုတ်ထွက်ခြင်း မပြုရန် အသနားခံ တောင်းဆိုသူ ၅ သိန်းခွဲအထိ ရှိလာ

ပြင်သစ်သမ္မတနဲ့အတူ G7 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့မင်းသမီး Emma Watson

The post Women In Film Gala ပွဲကို တက်ရောက်တဲ့ ပထမဆုံး ကိုရီးယားမင်းသမီး Claudia Kim appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ