Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“သီချင်းဆို ပြိုင်ပွဲတွေထဲမှာ Myanmar Idol က ပွဲအဆူဆုံးပြိုင်ပွဲ”လို့ ဖြူဖြူကျော်သိန်း ပြော

$
0
0

ယခုနှစ် Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 4 မှာ ဒိုင်အပြောင်းအလဲများ ရှိခဲ့ပြီး ဒိုင် ၃ ဦးထဲမှာ တဦးအဖြစ် ပါဝင်မယ့် အဆိုတော် ဖြူဖြူကျော်သိန်းကတော့ Myanmar Idol နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။

“ပရိသတ်တွေနေရာက ကြည့်မယ်ဆိုရင် ပွဲအဆူဆုံးပြိုင်ပွဲလို့ ပြောလို့ရတယ်။ နောက်ပြီးတော့ ပြိုင်ပွဲတွေထဲမှာ ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံး ပြိုင်ပွဲတွေထဲက တခုလို့ ပြောလို့ရတယ်။ ဒိုင်တယောက်အနေနဲ့ ဆိုရင်တော့ လောလောဆယ်တော့ မလုပ်ကြည့်ရသေးဘူးပေါ့။ ကိုယ်သိထားတဲ့ အစိတ်အပိုင်းအရ အဆိုပိုင်းရော အနုပညာပိုင်းတင် မကဘူး။ Reality Show လေးလည်း ဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ကို ဖျော်ဖြေမှုလုပ်သွားလိမ့်မယ် ထင်ပါတယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ယခုနှစ်မှာတော့ ဒိုင်များအဖြစ် ဒါရိုက်တာ အောင်ကိုလတ်၊ အဆိုတော် တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒိုင်အပြောင်းအလဲနဲ့ ပတ်သက်ပြီး ပါဝင်မယ့် ဒိုင် ၃ ဦးစလုံးက Serious ဖြစ်ကြတယ် (အလေးအနက် ထားကြတယ်) လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

“ဒီနှစ်မှာဆိုရင် ဒိုင်က ဖြူဖြူရယ်၊ ဦးလတ်ရယ်၊ မတင်ဇာမော်ရယ်ပေါ့နော်။ ကျန်တဲ့သူတွေ အကြောင်းကို များများစားစား မသိသလို မပြောလိုပါဘူး။ ဒါပေမဲ့ ဖြူဖြူနဲ့ မမော်နဲ့၊ ဖြူဖြူနဲ့ ဦးလတ်နဲ့ အရင်က ရှိခဲ့ဖူးတဲ့ အနုပညာ အတွေ့အကြုံတွေမှာ ဖြူဖြူတို့ ဆုံဖူး၊ ကြုံဖူး၊ Relationship ရှိဖူးခဲ့တာကို ကြည့်မယ်ဆိုရင် ဦးလတ်ရော၊ မမော်ရောက အရမ်း Serious ဖြစ်ကြတယ်။ တမျိုးတမည် ထူးခြားမယ်လို့ ထင်ပါတယ်”လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

ဖြူဖြူကျော်သိန်းကတော့ Myanmar Idol Season 4 မှာ ဒိုင်အနေနဲ့ ပါဝင်ရတဲ့အတွက် ကျေးဇူးတင် ဂုဏ်ယူပြီး အတူတွဲဖက် လုပ်ရမယ့် ဒိုင်နှစ်ဦးထံမှလည်း သင်ယူစရာများ သင်ယူကာ အကောင်းဆုံး ညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။

“ပထဆုံးအနေနဲ့ ကျေးဇူးတင် ဝမ်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။ အရှေ့အစီအစဉ်တွေမှာလည်း ကြည့်ဖူးတာတွေ ရှိတယ်။ နောက်ပြီးတော့ မတင်ဇာမော်လည်း ပါတယ်ဆိုတော့ သူက အရှေ့အစီအစဉ် ၂ ခုမှာလည်း လက်တွေ့ရှိထားပြီးပြီဆိုတော့ မမဆီကနေလည်း သင်ယူမယ်။ နောက်ပြီး ဦးလတ်ဆိုရင်လည်း ဟိုငယ်ငယ်လေးကတည်းက ကြော်ငြာလေးတွေ ရိုက်ဖူးတယ်။ သီချင်းလေးတွေ လုပ်ဖူးကြတယ်”

“သူတို့ရဲ့အရည်အသွေးကို သိနှင့်ပြီးသားဖြစ်နေတယ်။ ပြီးတော့ စိတ်တူကိုယ်တူ ရှိကြတာ ဖြူဖြူတို့ ၃ယောက်လံုံးက Serious ဖြစ်ကြတယ်။ နည်းနည်း Serious ဖြစ်တဲ့ ဒိုင်တွေဘက်ကို သွားတယ် ဆိုတဲ့အခါကျတော့ ညှိနှိုင်းပြီးတော့ အကောင်းဆုံး လုပ်သွားပေးမှာပါ”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

Myanmar Idol လို့ပြောရင် ပရိသတ်များက ဒိုင်များရဲ့ဖက်ရှင်များကိုပါ တွဲဖက် မြင်ခဲ့ကြတာကြောင့် ဖြူဖြူကျော်သိန်းအနေနဲ့ရော ဘယ်လို ဖက်ရှင်မျိုးနဲ့ တွေ့ရမလဲဆိုတာကို အခုလို ပြောပြခဲ့ပါတယ်။

“ဖက်ရှင်ကတော့ ဖြူဖြူနဲ့ တွဲလာတဲ့ ပစ္စည်းတခုလို ဖြစ်နေတာပေ့ါနော်။ တတွဲတွဲပါလာမယ့် ကိစ္စကြီးတခုဆိုတဲ့အခါကျတော့ အကောင်းဆုံးတော့ ပြင်ဆင်ပါမယ်။ ဒါပေမဲ့ အဓိက အာရုံစိုက်စေချင်တာကတော့ ဖြူဖြူတို့လည်း မမြင်ရသေးတဲ့ ပြိုင်ပွဲဝင်လေးတွေပေါ့။ ဘယ်လို Talent လေးတွေနဲ့ လာကြမလဲ စိတ်လှုပ်ရှားပါတယ်။ တကယ်တော့ ဖြူဖြူတို့ ဒိုင်တွေထက် လာကြမယ့် ဝါသနာရှင်လေးတွေရဲ့ Talent က ပိုစိတ်လှုပ်ရှားစရာကောင်းတာပါ။ ဖြူဖြူကတော့ အားလုံးပျော်ရအောင် ဝတ်ပေးမှာပါ”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ဂီတလောကထဲကို ရောက်ရှိခဲ့တာ ဆယ်စုနှစ်တခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ကိုယ်ပိုင် စတိုင်တမျိူးနဲ့ ရပ်တည်နေတဲ့ အဆိုတော်တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

အမေရိကန် အဆိုတော် Lancifer နဲ့ သီချင်းတပုဒ် သီဆိုနေတဲ့ ဖြူဖြူကျော်သိန်း

မိခင်ဖြစ်သူရဲ့ ဆိုဆုံးမစကားတွေက ဘဝတလျှောက်မှာ တည်ဆောက်စရာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

မျိုးဆက်သစ်တွေအတွက် တံခါးပေါက် ဖွင့်ပေးနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ ဖြူဖြူကျော်သိန်

The post “သီချင်းဆို ပြိုင်ပွဲတွေထဲမှာ Myanmar Idol က ပွဲအဆူဆုံးပြိုင်ပွဲ”လို့ ဖြူဖြူကျော်သိန်း ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ