Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကြောင့် iKON အဖွဲ့ဝင် B.I အေဂျင်စီမှ နုတ်ထွက်

$
0
0

နာမည်ကျော် K-pop အမျိုးသားအဆိုတော်အဖွဲ့ iKON မှ အဖွဲ့ဝင် ကင်ဟန်ဘင်း ခေါ် B.I ဟာ မူးယစ်ဆေး ဝယ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အဖွဲ့နဲ့ အေဂျင်စီကနေ နုတ်ထွက်သွားပြီလို့ YG အင်တာတိန်းမန့်က ဇွန်လ ၁၂ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ Dispatch မီဒီယာကနေ iKON အဖွဲ့ဝင် B.I ဟာ မူးယစ်ဆေးဝါး ဝယ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်းဖော်ပြချက်အရဆိုရင် B.I ဟာ ဆေးခြောက်နဲ့ LSD (Lysergic acid diethylamide) ကို ၂၀၁၆ ခုနှစ်မှာ ဝယ်ယူဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ ရဲတပ်ဖွဲ့ကလည်း အဲ့ဒီကိစ္စကို သိခဲ့ပေမယ့် စုံစမ်းစစ်ဆေးခဲ့တာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုထားပါတယ်။

“A” လို့အမည်ရတဲ့ ပုဂ္ဂိုလ်တဦးကို မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ အိမ်မှာ ဖမ်းဆီးနိုင်ခဲ့ပြီးနောက် သူပိုင်ဆိုင်တဲ့ ဖုန်းကို စစ်ဆေးကြည့်တဲ့အခါ ရဲတပ်ဖွဲ့ဟာ ၂၀၁၆ ခုနှစ်၊ ဧပြီလမှာ “A” နဲ့ B.I တို့ကြားမှာ ပြောဆိုထားတဲ့ KakaoTalk စကားပြောဆိုမှုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ ပြောဆိုချက်တွေထဲမှာ B.I ဟာ မူးယစ်ဆေးဝယ်ဖို့ ကြိုးစားခဲ့တယ်လို့ တွေ့ရှိထားပါတယ်။

B.I က သူဟာ ဆေးခြောက် ရှူတဲ့အကြောင်းနဲ့ သူ့အတွက် ကြားခံအနေနဲ့ LSD ကို ဝယ်ပေးဖို့ “A” ကိုပြောဆိုခဲ့တာ တွေ့ရပါတယ်။ အဲဒီ သတင်းနောက်ပိုင်းမှာတော့ YG အင်တာတိန်းမန့်က သူတို့ရဲ့ အနုပညာရှင်တွေကို မူးယစ်ဆေး မသုံးဖို့ တင်းတင်းကျပ်ကျပ် စည်းကမ်း ချမှတ်ထားတဲ့ အကြောင်း၊ ၂၀၁၆ ခုနှစ်ကကိစ္စနဲ့ B.I ပတ်သက်မှု မရှိတဲ့အကြောင်း ပြန်လည်ချေပ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ နာရီပိုင်း အကြာမှာတော့ B.I ဟာ တရားမဝင် မူးယစ်ဆေးဝယ်ဖို့ ကြိုးပမ်းခဲ့တာနဲ့ ပတ်သက်ပြီး အဖွဲ့ကနေ နုတ်ထွက်ဖို့ စဉ်းစားထားတဲ့အကြောင်း Instagram မှာ ကြေညာခဲ့ပါတယ်။

သူ့ရဲ့ စာထဲမှာ အခုလိုမျိုး မလျော်မကန် လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တောင်းပန်တဲ့အကြောင်း၊ ခက်ခဲ ပင်ပန်းခဲ့တဲ့ အချိန်ကို ဖြတ်သန်းခဲ့ရတာကြောင့် အဲဒီလို လုပ်ဖို့ စိတ်မဝင်စားသင့်တဲ့ အရာတခုအပေါ်ကို မှီခို ချင်ခဲ့တယ်ဆိုတာ အမှန်ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့လည်း အရမ်းကြောက်ခဲ့တဲ့အကြောင်း၊ အခုလိုမျိုး လုပ်ရပ်တွေ၊ စကားလုံးတွေကြောင့် စိတ်ပျက်၊ နာကျင်ခဲ့ရတဲ့ ပရိသတ်တွေကို ရှက်ရွံ့စွာနဲ့ တောင်းပန်ကြောင်း ရေးသား ထားပါတယ်။

အဲဒီ နောက်မှာတော့ YG အင်တာတိန်းမန့်က အခုလိုမျိုး မူးယစ်ဆေး ဝယ်ယူဖို့ ကြိုးပမ်းတဲ့ စွပ်စွဲချက်တွေကြောင့် B.I ဟာ iKON အဖွဲ့ကနေ နုတ်ထွက်လိုက်တဲ့ အကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

Ref. Soompi

You may also like these stories:

စိတ်ကြွဆေး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမှာ ရှေ့တန်းရောက်လာတဲ့ အရှေ့တောင်အာရှ နိုင်ငံများ

ညစ်ညမ်းဗီဒီယို၊ မုဒိမ်းမှု၊ ပြည့်တန်ဆာအမှုများနဲ့ ပတ်သက်ပြီး Kpop စတားနှစ်ဦးကို ရဲတပ်ဖွဲ့စစ်ဆေးနေ

K-pop အဆိုတော် HyunA နဲ့ ချစ်သူ E’Dawn တို့ကို အေဂျင်စီမှ ထုတ်ပယ်

The post မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကြောင့် iKON အဖွဲ့ဝင် B.I အေဂျင်စီမှ နုတ်ထွက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ