Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကမ္ဘာ့ရုံဝင်ငွေ အများဆုံး “Avatar” ရဲ့ စံချိန်ကို ကျော်မတက်နိုင်ခဲ့တဲ့ “Avengers: Endgame” 

$
0
0

“Avengers: Endgame” ရုပ်ရှင်ဟာ နိုင်ငံတကာ လက်မှတ်ဈေးကွက်တွေမှာ ရောင်းချမှု ပိတ်လိုက်ချိန်မှာတော့ ဝင်ငွေဟာ ဒေါ်လာ ၂ ဒဿမ ၇၃ ဘီလီယံနဲ့ ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာ မရေမတွက်နိုင်လောက်အောင် စံချိန်တွေချိုးခဲ့ပေမယ့် ဒါရိုက်တာ James Cameron ရဲ့ ကမ္ဘာ့ဝင်ငွေ အများဆုံး “Avatar” ရုပ်ရှင်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

“Endgame” ရုပ်ရှင်ဟာ “Avatar” ရဲ့ ရုပ်ရှင်ဝင်ငွေ ဒေါ်လာ ၂ ဒဿမ ၇၈ ဘီလီယံကို မီဖို့ မဖြစ်နိုင်ဘူးလု့ိ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

ကမ္ဘာတဝန်းမှာ ပရိသတ်တွေနဲ့ တခဲနက် အားပေးမှုနဲ့အတူ ဖြန့်ချိခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ အမေရိကန်မှာတော့ ဖြန့်ချိပြီး ၄၅ ရက်အတွင်း ဒေါ်လာ ၈၂၄ ဒဿမ ၄၄ သန်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်လာ ၉၃၇ သန်း ရရှိခဲ့တဲ့ “Star Wars: The Force Awakens” ရဲ့ စံချိန်ကိုတော့ မီဖို့ လိုခဲ့ပါတယ်။ ဒါပေမဲ့ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ စူပါဟီးရိုးရုပ်ရှင် “Endgame” ဟာ နောက် တရက်၊ ၂ ရက်လောက်မှာ မြောက်အမေရိကဒေသတွင်း ရုံဝင်ငွေ ဒေါ်လာ ၈၂၅ ဒဿမ ၉ သန်းကို ကျော်လွန်ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒါရိုက်တာကြီး Steven Spielberg ရဲ့ “Jurassic Park” ရုပ်ရှင်ကတော့ ငွေကြေးဖောင်းပွမှု မရှိခဲ့တဲ့ ကာလမှာ ဖြန့်ချိခဲ့တာဖြစ်ပေမယ့် ဒေါ်လာ ၃၅၇ သန်း ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ 3D အနေနဲ့ ပြန်လည် ပြသတော့လည်း ဒေါ်လာ ၄၅ သန်း ထပ်မံရရှိခဲ့ပါတယ်။ ငွေကြေးဖောင်းပွတဲ့ ကာလက နှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ ဒေါ်လာ ၈၂၅ ဒဿမ ၈ သန်းရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် “Avengers” ရုပ်ရှင်က နောက်ထပ် စံချိန်တခုကို ထပ်မံချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အခု လတ်တလော နွေရာသီကာလမှာ “Aladdin”, “John Wick”, “Dark Phoenix” တို့လို ရုပ်ရှင်တွေ ထွက်ရှိထားတဲ့အပြင် “Men In Black: International”, “Toy Story 4” နဲ့ “Spider-Man Far From Home” တို့လို ရုပ်ရှင်တွေ ထပ်ထွက်ဖို့ရှိတာကြောင့် “Endgame” ရဲ့ဝင်ငွေ တခန်းရပ်သွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီ Avengers ရုပ်ရှင်ကို သီတင်း နှစ်ပတ်အတွင်း မြောက်အမေရိကမှာ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ကြည့်ရှုခဲ့ကြတယ်လို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Ref: hindustantimes

You may also like these stories:

အဖွင့် သီတင်းပတ်မှာတင် ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ ရရှိခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင်

Titanic ကိုကျော်ပြီး ကမ္ဘာ့ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Avengers: Endgame”

တောင်ကိုရီးယားမှာ ပထမဆုံးနေ့ ရုံလူဝင်မှုအများဆုံး ရုပ်ရှင်အဖြစ် “Avengers: Endgame” မှတ်တမ်းဝင်

နောက်ဆက်တွဲ ရုပ်ရှင်တွေနဲ့အတူ ပြန်လာတော့မယ့် “Avator” ရုပ်ရှင်

The post ကမ္ဘာ့ရုံဝင်ငွေ အများဆုံး “Avatar” ရဲ့ စံချိန်ကို ကျော်မတက်နိုင်ခဲ့တဲ့ “Avengers: Endgame”  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ