Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

နာမည်မကြီးခင်က ထူးထူးဆန်းဆန်း အလုပ်တွေ လုပ်ခဲ့တဲ့ ကမ္ဘာကျော်များ

$
0
0

အောင်မြင်မှုကို မရခင်မှာတော့ အားလုံးက သူလိုကိုယ်လို ကြိုးစားခဲ့သူတွေချည်းပါပဲ။ အခုအချိန်မှာ လူတိုင်း အားကျနေရတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ မအောင်မြင်ခင်က လုပ်ခဲ့ကြတဲ့ ထူးထူးဆန်းဆန်း အလုပ်တွေ အကြောင်း ဖော်ပြပေးချင်ပါတယ်။

(၁) Johnny Depp

မင်းသားကြီး Johnny Depp က မအောင်မြင်ခင်မှာ ဘောပင်ရောင်းသူ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သရုပ်ဆောင်တာကို ဝါသနာပါတဲ့ သူဟာ ဘောပင် လာဝယ်သူတွေကို နာမည်ပြောင်မျိုးစုံနဲ့ မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

(၂) Meghan Markle

ယခုလက်ရှိ တော်ဝင်မင်းသား ဟယ်ရီရဲ့ ဇနီးဖြစ်သွားသူ Meghan Markle ဟာ မော်ဒယ်လ် အလုပ်တွေ မလုပ်ခင်မှာ စာလုံး အလှရေးသူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ မင်္ဂလာဆောင်တွေ မွေးနေ့တွေမှာ စာလုံး အလှရေးသူအဖြစ် ပိုက်ဆံရှာခဲ့ဖူးတယ်လို့ သူူက ဆိုပါတယ်။

(၃) Tom Cruise

စတန့် ပြကွက်တွေကြောင့် ပရိသတ်တွေ အားပေးတာကို အမြဲခံရတဲ့ မင်းသားကြီး Tom Cruise ဟာ ယခင်က အထုတ်သယ်တဲ့ ဝန်ထမ်းလုပ်ခဲ့ဖူးပါတယ်။ လေဆိပ်မှာ ပစ္စည်းသယ်သူ ပြုလုပ်ခဲ့ပြီး အဲဒီအချိန်မှာ သူဟာ ခရစ်ယာန်ဘုန်းတော်ကြီးလည်း လုပ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။

(၄) Rachel McAdams

Notebook ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေ အားပေးမှုကို ခံခဲ့ရတဲ့ Rachel McAdams ကတော့ McDonald’s မှာ အရောင်းဝန်ထမ်းလုပ်ပြီး မောင်နှမတွေကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ McDonald’s မှာ အလုပ်လုပ်ရင်းနဲ့ သူဟာ ကလေးပြဇာတ်ရုံမှာလည်း အလုပ်လုပ်ခဲ့ပါသေးတယ်။ ဒီလို အလုပ် ၂ ခု တွဲပြီး လုပ်နေချိန်မှာ သူ့ရဲ့ အသက် ၁၆ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။

(၅) Kanye West

သန်းကြွယ်သူဌေး တယောက်ဖြစ်ပြီး အောင်မြင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Kanye West ကတော့ မအောင်မြင်ခင်မှာ ဈေးရောင်းခဲ့တယ်လို့ သိရပါတယ်။ GAP မှာ လက်ထောက် ဈေးရောင်းသူအဖြစ် အလုပ်လုပ်ကိုင်ခဲ့တဲ့ Kanye West ဟာ အဲဒီ အလုပ်အကြောင်းကို သီချင်းတွေမှာ ထည့်သွင်းသီဆိုလေ့ ရှိပါတယ်။

Ref. rd.com

You May Also Like These Stories:

ကာတွန်းကားတွေမှာ အသံနဲ့ သရုပ်ဆောင်ခဲ့တဲ့ ကမ္ဘာကျော်များ

ကျောင်းပညာရေးမှာ ညံ့ဖျင်းခဲ့ကြပေမယ့် ကမ္ဘာကျော် ဖြစ်လာသူများ

The post နာမည်မကြီးခင်က ထူးထူးဆန်းဆန်း အလုပ်တွေ လုပ်ခဲ့တဲ့ ကမ္ဘာကျော်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ