Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ခင်ပွန်းဖြစ်သူ Nick Jonas နဲ့ အသက် ၁၀ နှစ် ကွာတာကြောင့် ဝေဖန်ခံနေရတဲ့ Priyanka Chopra

$
0
0

မင်းသမီး Priyanka Chopra ဟာ ခင်ပွန်းဖြစ်သူ Nick Jonas နဲ့ အသက်အရွယ် ကွာခြားတာကြောင့် လူတွေရဲ့ ဝေဖန်မှုကို တော်တော် ခံနေရတယ်လို့ ပြောပါတယ်။

“Quantico” ရုပ်သံစီးရီးစတား အသက် ၃၆ နှစ်အရွယ်၊ Priyanka ဟာ လွန်ခဲ့တဲ့ ၆ လတုန်းက လက်ထပ်ခဲ့တဲ့ အဆိုတော် ခင်ပွန်း Nick ထက် အသက် ၁၀ နှစ်ကြီးပြီး အခုလိုမျိုး အသက်ကွာတာနဲ့ ပတ်သက်လို့ လူတွေရဲ့ မကြာခဏ ဝေဖန်တာကို ခံနေရပြီး Priyanka အနေနဲ့တော့ အခုလိုမျိုး ခင်ပွန်းထက် သူက အသက်ကြီးတာဟာ ကိစ္စကြီးတရပ် မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပြောဆိုလိုက်ပါတယ်။

“လူတွေက အသက်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့ကြပါတယ်။ အခုထိလည်း ဝေဖန်နေကြဆဲပါ။ ကျမက သူ့ထက် အသက်ကြီးတယ်ဆိုပြီး လူတွေ ပြောကြဆိုကြတာကို အံ့သြမိပါတယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ပါဘူး။ တကယ်သဘောကျတဲ့ လူတွေလည်း ရှိပါတယ်”လို့ Prinyanka က ပြောပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ လက်ထပ်ခဲ့တဲ့အချိန်မှာတော့ သူတို့ရဲ့အချစ်တွေဟာ မစစ်မှန်ဘူး၊ သူတို့ နှစ်ယောက် တကယ်ချစ်ကြတာ မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အကြောင်းကတော့ လက်မထပ်ခင် တနှစ်အလိုလောက်မှာ သူတို့ရဲ့အချစ်ရေးကို ပရိသတ်တွေ ရှေ့မှောက်ချပြခဲ့တာကြောင့်လို့ ဆိုကြပါတယ်။

Nick ရဲ့ အစ်ကိုဖြစ်သူ Joe နဲ့ လက်ရှိသူ့ရဲ့ဇနီး Sophie Turner တို့ဟာ သူတို့ စုံတွဲအတွက် ဒေါသတကြီးနဲ့ ကာကွယ်ပေးဖို့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တွေ တင်ခဲ့ကြတယ်လို့ မင်းသမီး Priyanka က ပြောပါတယ်။ ဒါပေမဲ့ မင်းသမီး Priyanka ကတော့ ဒါဟာ ရေးကြီးခွင်ကျယ်လုပ်သင့်တဲ့ကိစ္စလို့ မထင်ထာကြောင့် ဒီလိုမျိုး ရူးကြောင်ကြောင် အကြောင်းနဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ ထုတ်ပြောခဲ့တာမျိုး မရှိခဲ့ပါဘူး။

InStyle မဂ္ဂဇင်းကို ပြောရာမှာတော့ မင်းသမီးက “Nick ၊ Joe ၊ Sophie ၊ ကျမရဲ့အမေ၊ သူ့ရဲ့မိဘတွေ လူတိုင်းက သူတို့ရဲ့ ဖုန်းတွေမှာ ဒေါသတကြီးနဲ့ စာတွေ ရိုက်နေကြတယ်။ သူတို့တွေက တော်တော်လေး စိတ်ဆိုးနေခဲ့တယ်” လို့ ဆိုပါတယ်။

အဲ့ဒီလိုမျိုး ရူးကြောင်ကြောင် အရာတခုကို မှတ်ချက်ပေးပြောဆိုတာဟာ အဲ့ဒါက အရေးကြီးလာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ကြောင်း၊ လူတော်တော်များများက အဲ့ဒီလိုစဉ်းစားရမယ်ဆိုတာကို နားမလည်ကြောင်းလည်း ပြောဆိုထားပါတယ်။

မင်းသမီးကတော့ သူ့ရဲ့လက်ထပ်ပွဲအကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်ခဲ့တဲ့သူတွေကို မကြာသေးခင်က ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ပြီး သူတို့တွေက နာမည်ကျော်တွေ မဟုတ်ခဲ့ရင်တောင် ခင်ပွန်းရဲ့ ပုံတွေကိုတင်နေဦးမှာပဲလို့ ပြန်လည်ချေပ ပြောဆိုခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

စေ့စပ်လိုက်ကြောင်း တရားဝင်အတည်ပြုလိုက်တဲ့ Nick Jonas နဲ့ Priyanka Chopra

အမေရိကန်နိုင်ငံမှာ လက်ထပ်ပါတီပွဲ ဆင်နွှဲခဲ့ကြတဲ့ Nick Jonasနဲ့ Priyanka Chopra

ဒုတိယအကြိမ် မင်္ဂလာဧည့်ခံပွဲပြုလုပ်ဖို့ စီစဉ်နေတဲ့ Nick Jonas နဲ့ Priyanka Chopra

Nick နဲ့ Priyanka ကို အောင်သွယ်ပေးခဲ့တယ်လို့ အရွှန်းဖောက်ပြောတဲ့ Dwayne Johnson

The post ခင်ပွန်းဖြစ်သူ Nick Jonas နဲ့ အသက် ၁၀ နှစ် ကွာတာကြောင့် ဝေဖန်ခံနေရတဲ့ Priyanka Chopra appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ