Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Steel Rain” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ ဂျောင်းဝူဆောင်း

$
0
0

ကိုရီးယားမင်းသား ဂျောင်းဝူဆောင်းဟာ “Steel Rain 2 – Summit” လို့အမည်ပေးထားတဲ့ ရုပ်ရှင်မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဇွန်လ ၅ ရက်နေ့မှာ မင်းသားရဲ့အေဂျင်စီ Artist Company က “ဂျောင်ဝူဆောင်းဟာ ‘Steel Rain 2’ အတွက် သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ကို အကောင်းဘက်ကနေ သုံးသပ်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ မင်းသား Kwak Do Won လည်း အဲ့ဒီရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေပါတယ်။

ဒါရိုက်တာ Yang Woo Seok ရိုက်ကူးခဲ့တဲ့ “Steel Rain” ဟာ အာဏာသိမ်းမှုတခုကြောင့် တောင်ကိုရီးယား နိုင်ငံကို ထွက်ပြေးလာခဲ့တဲ့ အာဏာရှိ မြောက်ကိုရီးယားအရာရှိတဦးအကြောင်း ဇာတ်အိမ်တည်ထား ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားတို့ကြားမှ နျူကလီးယားစစ်ပွဲအကြောင်း အခြေခံထားတဲ့အဲ့ဒီရုပ်ရှင်ဟာ တောင်ကိုရီးယားနိုင်ငံမှာတော့ ကြည့်ရှုသူ ၄ ဒဿမ ၅၅ သန်းရှိခဲ့ပါတယ်။

မင်းသားဂျောင်ကတော့ မြောက်ကိုရီးယားထိပ်တန်းအေးဂျင့် အွန်ချောဝူအဖြစ် သရုပ်ဆောင်ထားပြီး မင်းသား Kwak ကတော့ တောင်ကိုရီးယား နိုင်ငံခြားရေးနဲ့ အမျိုးသားလုံခြုံရေးအကြီးအကဲ Kwak Chul Woo အဖြစ် ပါဝင်ထားပါတယ်။

အခုအသစ်ရိုက်မယ့် “Steel Rain 2 – Summit” ရုပ်ရှင်ကတော့ ပထမရုပ်ရှင်မှာ ဖန်တီးခဲ့တဲ့ ဇာတ်အိမ်ကိုပဲ ဆက်ပြီး အခြေခံမှာ ဖြစ်ပါတယ်။ အခုဇာတ်လမ်းမှာတော့ တောင်ကိုရီးယားသမ္မတ၊ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိတွေရဲ့ အကြောင်း ပါရှိလာမှာဖြစ်ပါတယ်။

ပထမရုပ်ရှင်လိုပဲ ဖြန့်ချိရေးကုမ္ပဏီ NEW ကပဲ ဆက်လက်တာဝန်ယူမှာဖြစ်ပါတယ်။ ခေါင်းဆောင်မင်းသား၊ မင်းသမီးတွေ ကို ရွေးချယ်ပြီးရင်တော့ အခုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကာလအတွင်းမှာပဲ ရုပ်ရှင်ကို ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref:soompi

You May Also Like These Stories:

မြောက်အမေရိကဈေးကွက်မှာ “Godzilla: King Of The Monsters” ရုပ်ရှင် အောင်ပွဲခံ

ပရော်ဖက်ဆာတဦးရဲ့ လက်ကျန်နေ့စွဲများ (သို့မဟုတ်) The Professor (2019)

The post “Steel Rain” နောက်ဆက်တွဲရုပ်ရှင်မှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ ဂျောင်းဝူဆောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ