မင်းသား Chris Hemsworth ဟာ သြစတြေးလျနိုင်ငံသား ဖြစ်ခွင့်ရဖို့အတွက် မင်းသား Matt Damon ကိုလက်ထပ်မယ်လို့ အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။
မင်းသား Chris နဲ့ မင်းသား Matt တို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပြီး Thor မင်းသား Chris ရဲ့ သြစတြေးလျက အိမ်ကို အမေရိကန် မင်းသား Matt က မကြာခဏ လာလည်လေ့ ရှိပြီး တခါတလေ လပိုင်းလောက်အထိ ကြာတတ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ နေထိုင်ခွင့်ရဖို့ အထိတော့ မလွယ်ကူသေးပါဘူး။
သူ့ရဲ့ သူငယ်ချင်း နှစ်နိုင်ငံသား ဖြစ်ခွင့်ရရှိဖို့ နဲ့ ပတ်သက်ပြီး မင်းသား Chris က “ကျနော် သူ့ကို လက်ထပ်ဖို့ ကြိုးစားမယ်။ ချက်ချင်း ရလာလိမ့်မယ်။ သူ့ကို သြစတြေးလျမှာ ရှိနေစေချင်တယ်။ ရှိသမျှ အားကုန်ထုတ် ကြိုးပမ်းရမှာပဲ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက မင်းသား Chris ဟာ ကလေး ၄ ယောက်ရဲ့ ဖခင်၊ အသက် ၄၇ နှစ်အရွယ် သူငယ်ချင်း မင်းသား Matt နဲ့ သူ့မိသားစုတို့ သြစတြေးလျကို လာခဲ့တဲ့အချိန်မှာ ဒေသတွင်း တောရိုင်း တိရစ္ဆာန်တွေနဲ့ ကံမကောင်း အကြောင်းမလှဘဲ ရင်ဆိုင်တွေ့ခဲ့ရတဲ့ အကြောင်းကိုလည်း ဟာသလုပ် ပြောဆိုခဲ့ပါတယ်။
Matt ရဲ့ သမီးလေး Stella ဟာ ဂျယ်လီငါး တွတ်တာ ခံခဲ့ရဖူးပြီး ဒုတိယအကြိမ်မြောက် သြစတြေးခရီးစဉ်မှာ မင်းသား Matt ဟာ မြွေတကောင်နဲ့ အနီးကပ် ရင်ဆိုင်တွေ့ခဲ့ရလို့ ကြောက်ဒူး တုန်ခဲ့ရတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
သြစတြေးလျ ခရီးသွားလုပ်ငန်း သံတမန်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် မင်းသား Chris က “သူ ဟိုတလောတုန်းက လာခဲ့သေးတယ်။ မြွေတွေ၊ ငါးမန်းတွေနဲ့ ပင့်ကူတွေ ရှိသေးလားလို့ မေးတယ်။ ကျနော်က အဆင်ပြေမှာပါ လို့ ပြန်ပြောခဲ့ရတယ်”လို့ ပြောပါတယ်။ တခါကလည်း မြွေတကောင်ကို မင်းသား Matt တက်နင်းမိခဲ့တဲ့ အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
မင်းသား Chris က “ကျနော် ကဖေးဆိုင်တခုမှာ ကားထဲကနေ ထွက်လိုက်တဲ့အချိန် သူက ခြေတလှမ်း လှမ်းပြီး ဘုရားသခင်ဆိုပြီး ထခုန်လိုက်ပါတယ်။ မြေကြီးတကောင်ကို သူက တက်နင်းထားတာပါ။ သူက မြွေတွေဟာ ကျနော့်ထက် ပိုကြောက်ဖို့ ကောင်းတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျနော်က ပြဿနာက သြစတြေးလျကဖြစ်နေတာ မဟုတ်ဘူး။ မင်းက ဖြစ်နေတာလို့ ပြောလိုက်တယ်။ သြစတြေးလျကနေ ကန်ထုတ်ပေးရမလား”လို့ ဟာသအဖြစ် ပြန်လည် ပြောပြခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်တယ်လို့ မင်းသား Chris Hemsworth ပြော
ကမ္ဘာကျော်နပန်းစူပါစတား Hulk Hogan အဖြစ်သရုပ်ဆောင်မယ့် Chris Hemsworth
မင်းသား Ben Affleck ရိုက်ကူးမယ့် ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်မှာ မင်းသား Matt Damon ပါဝင်မည်
The post Matt Damon ကို လက်ထပ်ပြီး နှစ်နိုင်ငံသား ဖြစ်ခွင့်ပေးချင်တယ်လို့ Chris Hemsworth အရွှန်းဖောက် appeared first on ဧရာဝတီ.