Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အထီးကျန်သူ ဖြစ်ကြောင်း Keanu Reeves ဖြေခဲ့တဲ့ အင်တာဗျူးဟာ လုပ်ကြံဇာတ်လမ်း တခုသာဖြစ်

$
0
0

“John Wick 3: Parabellum” ရုပ်ရှင်အတွက် ပရိုမိုးရှင်းနဲ့ ပတ်သက်ပြီးတော့ မလေးရှား သတင်းမီဒီယာတခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကိုယ်ရေးကိုယ်တာ မေးခွန်းတွေကို မင်းသား Keanu Reeves တုံ့ပြန်ဖြေကြားခဲ့တဲ့ မှတ်ချက်အချို့ဟာ အခုဆိုရင် အွန်လိုင်းမှာ တော်တော်လေး လူပြောများနေပါတယ်။

အချစ်ရေး မေးခွန်းတခုနဲ့ ပတ်သက်လို့ ဖြေကြားခဲ့ရာမှာတော့ မင်းသား Reeves က “သိတဲ့အတိုင်းပဲ ကျနော်က အထီးကျန်သူ ဖြစ်ပါတယ်။ ကျနော့်ဘဝမှာ ဘယ်သူမှ မရှိပါဘူး။ ဒါပေမဲ့ ရှိခဲ့မယ်ဆိုရင် ကျနော် တခြားပုဂ္ဂိုလ်ကို လေးစားပြီး ချစ်မှာပါ။ အဲဒါ ကျနော့်အတွက် ဖြစ်လာမှာပါ”လို့ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး အထီးကျန်သူ ဖြစ်ရတဲ့အတွက် အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းကိုတော့ မင်းသားက “အဲဒီလိုမျိုးတော့ ကျနော့်ကိုယ် ကျနော် စိုးရိမ်တာမျိုး မဖြစ်ပါဘူး။ ကျနော်ဟာ သရုပ်ဆောင် တယောက်ပါ။ ဒါကြောင့် အဲ့ဒါကို မေးလာမယ်ဆိုရင်တော့ ကျနော့်မှာ အဖြေ မရှိပါဘူး။ နောက်မှာ လိုက်နေတဲ့ ပါပါရာဇီ ရှိမယ်။ ဒါပေမဲ့ ကျနော့် အပြင်သိပ်မထွက်ဘူး။ ကျနော့် ဘာကိုမှလည်း မလုပ်ပါဘူး” လို့ ဖြေဆိုခဲ့ပါတယ်။

မင်းသားရဲ့ ကိုယ်စားလှယ်ကတော့ မလေးရှားနိုင်ငံက Star2.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုလုံးဟာ လုပ်ကြံဇာတ်လမ်းသာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မင်းသားရဲ့ လူထုဆက်ဆံရေး အရာရှိက မင်းသားဟာ Star2.com နဲ့ အင်တာဗျူး ပြုလုပ်ခဲ့တာမျိုး မရှိခဲ့ဘဲ အဲ့ဒါဟာ သူ့ကို တကယ် မမေးခဲ့တဲ့ မေးခွန်းတွေနဲ့ သူပဲ တကယ်ဖြေခဲ့သယောင် အခြားအင်တာဗျူးတွေထဲက အချက်အလက်တွေကို တရားမဝင် ပေါင်းစပ်ထားတာပဲဖြစ်ကြောင်း HuffPost သတင်းစာကို ပြောဆိုထားပါတယ်။

မင်းသားရဲ့ ကိုယ်စားလှယ်က “ဒီအင်တာဗျူးက မရှိခဲ့ပါဘူး။ အဲ့ဒါဟာ အင်တာဗျူးတွေ အများကြီးထဲက အပိုင်းအစလေးတွေပါ။ အဲဒီ မေးခွန်းအများစုကို မေးခဲ့တာမျိုး၊ ဖြေခဲ့တာမျိုး မရှိခဲ့ပါဘူး။ အဲဒါ လုပ်ကြံဇာတ်လမ်းတွေပါ” လို့ ပြောဆိုခဲ့ပါတယ်။

Ref: Asiaone

The post အထီးကျန်သူ ဖြစ်ကြောင်း Keanu Reeves ဖြေခဲ့တဲ့ အင်တာဗျူးဟာ လုပ်ကြံဇာတ်လမ်း တခုသာဖြစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ