Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ထီပေါက်ရင် ခွေးတွေအတွက် ဂေဟာ ဆောက်ပေးချင်တယ်”လို့ မျိုးမျိုးခိုင် ပြော 

$
0
0

ခွေးတွေ၊ ကြောင်တွေ၊ တိရစ္ဆာန်တွေကို ချစ်တတ်တဲ့ သရုပ်ဆောင် မျိုးမျိုးခိုင်ဟာ လက်ရှိ ရန်ကုန်မြို့မှာ စည်ပင်မှ ပိုင်ရှင်မဲ့ လမ်းဘေးခွေးတွေကို ရှင်းလင်းရေး လုပ်နေတဲ့အပေါ်သူ့အမြင်ကို အခုလိုပဲ ပြောပါတယ်။

“ကျမက ခွေးချစ်တဲ့သူဆိုတော့ ဘယ်သူ့ကိုမှ အပြစ်မပြောဘူး။ ခွေးတွေဖမ်းတဲ့ ပို့စ်တွေ ကျမ မကြည့်ဘူး။ ကျော်လိုက်တယ်။ ကျမက ခွေးမှ မဟုတ်ဘူး။ မျောက်တွေရော၊ တိရစ္ဆာန် အကုန်ချစ်တာ။ သူတို့တွေကို အစာကျွေးဖြစ်နေတာကလည်း သူတို့လေးတွေ ကြည့်နေတဲ့ မျက်လုံး ဒဏ်ကို မခံနိုင်ဘူး။ အဲ့ဒါကြောင့် အစာကျွေးတာ”

“တချို့တွေက ကိုယ်ချစ်ရင် ကိုယ်မွေးပါလားလို့ ပြောတယ်။ ကျွေးတာနဲ့ မွေးတာ မတူဘူးပေါ့။ ဗုဒ္ဓဘာသာ အယူအရ ကျွေးရင် ကုသိုလ်ရတယ်ဆိုပြီး ကျွေးတာ။ တိရစ္ဆာန်လေးတွေလည်း အငတ်ဘေးက လွတ်ပါစေ ဆိုပြီး ကျွေးတာ။ ကိုယ်တွေ ဗိုက်ဆာနေချိန်တောင် ဘယ်လိုခံစားရလဲ ဆိုပြီး ကိုယ်ချင်းစာတရားနဲ့ကျွေးတာ”လို့ သရုပ်ဆောင် မျိုးမျိုးခိုင်က ပြောပါတယ်။

ဆက်လက်ပြီး တိရစ္ဆာန်တွေကို ချစ်တဲ့ မျိုးမျိုးခိုင်က ထီပေါက်ရင် ခွေးတွေအတွက် ဂေဟာဆောက်ပေးချင်တယ်လို့ ပြောပါတယ်။

“ခွေးတောင်မှ တကောင်နဲ့ တကောင် ကုသိုလ်ကံချင်း တူတာ မဟုတ်ဘူး။ ကျမက လမ်းဘေးခွေးလေးတွေကို သနားလို့ အစာတွေ သွားသွားကျွေးတယ်။ ကျွေးဖို့ နောက်ကျရင်တောင် မလာမချင်း စောင့်နေကြတာ။ ထီပေါက်ပါစေ ဆုတောင်းတယ်။ ထီ ပေါက်ရင် ခွေးဂေဟာ ဆောက်ပေးချင်တာ။ ကျမတို့က မွေးလို့ မရဘူးလေ။ အခု နိုင်ငံတော်က ဖမ်းပြီးတော့ ဂေဟာတွေ ပို့ပေးတာ၊ သားဆက်ခြားတာ ဆိုရင်တော့ သူတို့တွေအတွက် ကောင်းသွားတာပေါ့”လို့ မျိုးမျိုးခိုင်က ပြောပါတယ်။

“လမ်းဘေးမှာ ကားတိုက်လိုက်၊ ဟိုလူရိုက် ဒီလူရိုက်ထက် စာရင် နေ့တနပ်၊ ညတနပ်တော့ စားရတာပေါ့။ အဲ့အတွက် ကျမတို့ဘက်လာပြီး ဖမ်းပေးပါဆိုလည်း ဖမ်းပေးမှာပါ။ သူတို့တွေ မလာခင် တွေ့နေရင်တော့ ကျွေးနေမှာပဲ။ ဖမ်းပြီး ဂေဟာမပို့ဘဲ အဆိပ်တွေကျွေး၊ မိချောင်းစာ ကျွေးတာတွေတော့ မခံစားနိုင်ဘူး” လို့ မျိုးမျိုးခိုင်က ဆိုပါတယ်။

သရုပ်ဆောင် မျိုးမျိုးခိုင်ကိုတော့ ဇာတ်ပို့ ဇာတ်ရံ ဟာသ သရုပ်ဆောင် တယောက်အဖြစ် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေကတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပြီး လက်ရှိမှာ မျိုးမျိုးခိုင်က မိသားစုကို အချိန်ပေးရင်း အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

You may also like these stories:

တိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ ဝင်ငွေကောင်းတဲ့ အလုပ်ကနေ ထွက်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသား

တိရစ္ဆာန်ချစ်သူတွေ သွားလည်နိုင်တဲ့ အစ္စရေးက နေရာ ၅ ခု

အိမ်မွေး တိရစ္ဆာန်များ မွေးမြူခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်

The post “ထီပေါက်ရင် ခွေးတွေအတွက် ဂေဟာ ဆောက်ပေးချင်တယ်”လို့ မျိုးမျိုးခိုင် ပြော  appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ