Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကုလသမဂ္ဂ ဝက်ဘ်ဆိုက် ပင်မစာမျက်နှာမှာ ဖော်ပြခံရတဲ့ BTS အဖွဲ့

$
0
0

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နဲ့ ကမ္ဘာကျော် Kpop စတား BTS တို့ ပူးပေါင်းထားတဲ့ တမိနစ်စာ You Tube ဗီဒီယိုတပုဒ်ကို အခုဆိုရင် ကုလသမဂ္ဂရဲ့ တရားဝင် ပင်မ စာမျက်နှာအရှေ့မှာ ထားရှိလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ဗီဒီယိုမှာဆိုရင် လူငယ်မျိုးဆက်သစ်တွေအတွက် မျှော်လင့်ချက်နဲ့ ပျော်ရွှင်မှု သတင်းစကားတခု ပါရှိတာကို မြင်တွေ့ရပါတယ်။ အဲ့ဒီဗီဒီယိုဟာ “Generation Unlimited” (ကန့်သတ်မထားသော မျိုးဆက်) ဆိုတဲ့ ယူနီဆက်ဖ်ရဲ့ ကမ်ပိန်းမှာပါဝင်ပြီး လူငယ်တွေအတွက် အကြမ်းဖက်မှု တိုက်ဖျက်မယ့် အစီအစဉ်ကို မြှင့်တင်ပေးမယ့် BTS အဖွဲ့ရဲ့ ပြောဆိုချက်တွေကိုလည်း မြင်တွေ့ရမှာပါ။

အဲဒီ ဗီဒီယိုကို ကုလသမဂ္ဂရဲ့ ဝက်ဘ်ဆိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင် RM က “ကျနော်တို့ရဲ့ “Love Yourself ” ကမ်ပိန်းလိုမျိုး အရေးကြီးတဲ့ကိစ္စတခု ဖြစ်ပါတယ်။ Love Yourself ကမ်ပိန်းဟာ အကြမ်းဖက်မှု ဘယ်လိုပုံစံကိုမဆို တွေ့ကြုံနေရတဲ့ ကလေးတွေနဲ့ လူငယ်တွေကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ အဲ့ဒီဗီဒီယိုထဲမှာ ပြောဆိုထားပါတယ်။

သူက “ကျနော်တို့ လုပ်ဆောင်တဲ့ အရာရာတိုင်းဟာ သေးငယ်တဲ့ အကူအညီ ဖြစ်နိုင်ပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲ့ဒီလို နည်းနည်းလေးဆိုရင်တောင် မင်းတို့ကို ပိုကောင်းအောင် လုပ်ပေးချင်ပါတယ်” လို့ ဆိုပါတယ်။

အဖွဲ့ဝင် Jimin က “တကယ်လို့ ကျနော်တို့ကနေ တဆင့် တယောက်ယောက်က ပိုပြီးတော့ ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်ဆိုရင် အဲ့ဒါဟာ အရေးယူ လုပ်ဆောင်ဖို့ ကျနော်တို့ကို စိတ်ခွန်အားပေးနေသလိုပါပဲ” လို့ ပြောပါတယ်။ အဖွဲ့ဝင် J-hope ကတော့ “မျှော်လင့်ချက်ပေးချင်ပါတယ်” လို့ ဆိုပါတယ်။

လူငယ်တွေအနေနဲ့ ထုတ်လုပ်နိုင်စွမ်းမြင့်ပြီး စိတ်အားထက်သန်တဲ့ နိုင်ငံသားတွေ ဖြစ်လာစေဖို့ ပြင်ဆင်ရေးရည်ရွယ်တဲ့ UNICEF ရဲ့ “Generation Unlimited” ကမ်ပိန်းဟာဆိုရင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ နယူးယောက်မြို့၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ၇၃ ကြိမ်မြောက် အစည်းအဝေးအတွင်း အဲ့ဒီကမ်ပိန်းကို စတင်ခဲ့တဲ့အချိန် BTS အဖွဲ့ မိန့်ခွန်းပြောခဲ့ချိန်ကတည်းက တကမ္ဘာလုံးရဲ့ စိတ်ဝင်စားတာကို ခံခဲ့ရပါတယ်။

အဲဒီ အချိန်တုန်းက မိတ်ဆက် အခမ်းအနားမှာ RM က လူငယ်တွေအနေနဲ့ ကိုယ့်နာမည်ကိုယ် ပြောဆိုကြဖို့ တိုက်တွန်းခဲ့ပြီး သူတို့ရဲ့ “Love Yourself” တေးအယ်လ်ဘမ်နဲ့ ဖျော်ဖြေပွဲတွေနဲ့ ပတ်သက်တဲ့ သတင်းစကားကိုလည်း ပါးခဲ့ပါတယ်။

Ref:Yonhap

You may also like these stories:

BTS အဖွဲ့ရဲ့ ဒုတိယအကြိမ် Billboard အောင်မြင်မှုအတွက် ကိုရီးယားသမ္မတရုံး ဂုဏ်ပြု

လူကြည့်အများဆုံး Kpop ဗီဒီယိုအဖြစ် Blackpink အဖွဲ့ရဲ့”Ddu-du Ddu-du” ရပ်တည်

အငြင်းပွားဖွယ် ဓာတ်ပုံကိစ္စဖြစ်နေပေမယ့် BTS အဖွဲ့ရဲ့ ဂျပန်ဖျော်ဖြေပွဲကို ပရိသတ် သိန်းချီတက်ရောက်

Billboard ဂီတဆုပေးပွဲမှာ BTS အဖွဲ့ ဆု ၂ ဆု ရရှိ

The post ကုလသမဂ္ဂ ဝက်ဘ်ဆိုက် ပင်မစာမျက်နှာမှာ ဖော်ပြခံရတဲ့ BTS အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ