Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဒေါ်လာ ၃၃ သန်းကျော် အကုန်အကျခံ ရိုက်ကူးထားတဲ့ “Arthdal Chronicles”ဒရာမာ မကြာမီ ပြမည်

$
0
0

ဒဏ္ဍာရီလာတိုက်ကြီး တခုပေါ်က ကြေးခေတ်တခုကို ဇာတ်အိမ်ထားပြီး ငွေကြေးမြောက်များစွာ အကုန်အကျ ခံထားတဲ့ စိတ်ကူးယဉ်ဒရာမာ “Arthdal Chronicles” ကတော့ အခုသီတင်းပတ် အတွင်းမှာပဲ ပြသတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီ ဒရာမာမှာတော့ ကိုရီးယားမှာ ထိတ်ထိတ်ကြဲ နာမည်ကြီးတဲ့ ဒါရိုက်တာရင်လို့ လူသိများတဲ့ မင်းသား ဂျန်ဒေါင်ဂန်းနဲ့ မင်းသား ဆောင်းဂျွန်ကီတို့ ပါဝင်ထားပါတယ်။ Arth လို့ခေါ်တဲ့ ဒဏ္ဍာရီလာ တိုက်ကြီးတခုပေါ်က ရှေးခေတ် လူ့အဖွဲ့အစည်းတခုကို နောက်ခံထား ဇာတ်အိမ်တည်ထားတဲ့ အဲ့ဒီ ဒရာမာဟာ အပိုင်း ၁၈ ပိုင်း ရှိမှာဖြစ်ပြီး အဲ့ဒီတိုက်ပေါ်မှာ ပထမဆုံးအဖြစ် ထူထောင်ထားတဲ့ တိုင်းပြည်ရဲ့ ထီးနန်းကို ရယူဖို့ ရုန်းကန်ကြရတဲ့အကြောင်း မြင်တွေ့ရမှာပါ။

အခုနှစ်အတွင်းမှာ ထုတ်လုပ်ခဲ့တဲ့ ကိုရီးယားရုပ်သံ စီးရီးတွေထဲမှာ အကုန်အကျ အများဆုံးအဖြစ် ရိုက်ကူး ကုန်ကျစရိတ် ဝမ်ဘီလီယံ ၄၀ (ဒေါ်လာ ၃၃ ဒဿမ ၇ သန်း) ရှိပြီး ခရစ်တော် မပေါ်မီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်က ကြေးခေတ်ကို နောက်ခံ ဇာတ်အိမ်တည်မယ့် ပထမဆုံး ရုပ်သံစီးရီးလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက “Rampant” ရုပ်ရှင်မှပါဝင်ထားတဲ့ မင်းသားကြီး ဂျန်ဒေါင်ဂန်းနဲ့ ၂၀၁၆ ခုနှစ်တုန်းက “Descendants of the Sun” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုကို ခံခဲ့ရတဲ့ မင်းသား ဆောင်းဂျွန်ကီတို့ ပါဝင်ထားကြတဲ့အတွက် ပရိသတ်တော်တော်များများက အဲ့ဒီစီးရီးကို တော်တော်လေး မျှော်လင့်ထားကြပါတယ်။

“Descendants” စီးရီးမှာပဲ မင်းသား ဆောင်းနဲ့အတူ ပါဝင်ထားတဲ့ မင်းသမီး ကင်ဂျီဝန်းနဲ့ ၂၀၀၉ ခုနှစ်တုန်းက ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဂျူရီလူကြီးတွေ ပေးအပ်တဲ့ဆုကို “Thrist” ရုပ်ရှင်နဲ့ ရရှိခဲ့တဲ့ မင်းသမီး ကင်အို့ဘင်တို့ လည်း အဓိက ဇာတ်ဆောင်တွေထဲမှာ ပါဝင်ပါတယ်။

အခု ဒရာမာဟာ မင်းသား ဆောင်းအတွက် မင်းသမီး ဆောင်းဟေဂိုနဲ့ ၂၀၁၇ ခုနှစ်မှာ အိမ်ထောင်ပြုပြီးတဲ့နောက် ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ ဒရာမာလည်း ဖြစ်ပါတယ်။ tvN ရုပ်သံလိုင်းကနေ လာမယ့် ဇွန်လ ၁ ရက်နေ့ကနေ စလို့ စတင်ပြသမှာဖြစ်ပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်သွားမှာပါ။ နောက်ဆုံးအပိုင်း ၆ ခုကိုတော့ အခုနှစ် ဒုတိယနှစ်ဝက် နှောင်းပိုင်းမှပဲ သီးခြားထုတ်လွှင့်မယ်လို့ ဆိုပါတယ်။

Ref: Yonhap

You may also like these stories:

နယူးယောက်နဲ့ လန်ဒန်ကို မိနစ် ၉၀ နဲ့ပျံသန်းမယ့် အသံထက် ၅ ဆမြန်တဲ့ ဂျက်လေယာဉ်ထုတ်လုပ်ရန်စီစဉ်

တန်ဖိုးနည်းဖုန်းအသစ် Redmi 7A ကို Xiaomi ကြေညာ

“ဘာသာရေး ပိုလုပ်ချင်တာကြောင့် တနှစ်ကိုဇာတ်ကား ၂ကားလောက်သာရိုက်ကူးမယ်”လို့ ထွန်းအိန္ဒြာဗို ပြော

မြောက်ဦး ဝေသာလီရွာအနီး တိုက်ပွဲ အတွင်း ရွာသား ၂ ဦး ဖမ်းဆီးခံရ

The post ဒေါ်လာ ၃၃ သန်းကျော် အကုန်အကျခံ ရိုက်ကူးထားတဲ့ “Arthdal Chronicles” ဒရာမာ မကြာမီ ပြမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ