Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရင်းနှီးမြှုပ်နှံသူများအတွက် YG ကုမ္ပဏီအကြီးအကဲ ပြည့်တန်ဆာဝန်ဆောင်မှု ပေးခဲ့တယ်လို့ သတင်းထွက်

$
0
0

တောင်ကိုရီးယားရဲ့ နာမည်ကျော် ဖျော်ဖြေရေးကုမ္ပဏီဖြစ်တဲ့ YG အင်တာတိန်းမန့် အကြီးအကဲ Yang Hyun-suk ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာဝန်ဆောင်မှုပေးခဲ့တယ်လို့ ဒေသတွင်း စုံစမ်းရေး ရုပ်သံအစီအစဉ်တခုကနေ ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုတခုမှာ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် YG ကုမ္ပဏီကတော့ အဲ့ဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက် ညမှာထုတ်လွှင့်ခဲ့တဲ့ MBB ရုပ်သံရဲ့ “Straight” ဆိုတဲ့အစီအစဉ်မှာ Yang ဟာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတုန်းက အရှေ့တောင်အာရှနိုင်ငံသား ရင်းနှီးမြှုပ်နှံသူနှစ်ဦးအတွက် ပြည့်တန်ဆာရှာဖွေပေးခဲ့တယ်ဆိုတဲ့ စစ်ဆေးချက်အသေးစိတ်ကို အစီအစဉ်တင်ဆက်သူ အဖွဲ့က ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီ စွပ်စွဲချက်တွေအရဆိုရင် Yang နဲ့ ကုမ္ပဏီရဲ့ အဆိုတော်တဦးတို့ဟာ ဆိုးလ်မြို့ တောင်ဘက်မှာရှိတဲ့ လူကုံထံတွေ နေထိုင်ရာ ခရိုင်တခုက အဆင့်မြင့်စားသောက်ဆိုင် တခုမှာ ညစာစားပွဲတခုကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ သူတို့နဲ့အတူ အမျိုးသမီး ၂၅ ဦးနဲ့ အမျိုးသား ၈ ဦးပါဝင်ခဲ့ပါတယ်။

အမျိုးသမီးတွေထဲမှာ ၁၀ ယောက်ကျော်လောက်က YG နဲ့ နီးစပ်တယ်ဆိုတဲ့ နာမည်ကျော် လိင်ဖျော်ဖြေရေး ကုမ္ပဏီတခုက ပြည့်တန်ဆာတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ညစာစားပြီးတဲ့နောက် သူတို့ဟာ Yang ပိုင်ဆိုင်တဲ့ NB ဆိုတဲ့ ကလပ်တခုကို သွားခဲ့ပြီး အဲ့ဒီမှာ ပြည့်တန်ဆာ ဝန်ဆောင်မှုပေးခဲ့တာဖြစ်တယ်လို့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက YG ကုမ္ပဏီလက်အောက်မှာရှိနေတဲ့ K-pop အဖွဲ့ဖြစ်တဲ့ Big Bang အဖွဲ့ဝင်ဟောင်း Seungri ကတော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြည့်တန်ဆာဝန်ဆောင်မှု ပေးခဲ့ကြောင်းနဲ့ YG ကုမ္ပဏီကဒ်နဲ့ ဟိုတယ်ခတွေကို ရှင်းပေးခဲ့တယ်လို့ သံသယရှိခံ ထားရပါတယ်။

YG နဲ့ Seungri တို့ဟာ ဒီလိုမျိုး အကျင့်ပျက်မှုမှာ ပါဝင်ခဲ့တယ်လို့ဆိုတဲ့ သက်သေရှိပေမယ့် ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကို ထဲထဲဝင်ဝင်စုံစမ်းတာမျိုး  မရှိခဲ့ပါဘူး။ “Straight” အဖွဲ့ကတော့ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာ အပြည့်အစုံ ဖော်ပြပေးထားပါတယ်။ YG အင်တာတိန်းမန့်ကတော့ အဲ့ဒီပြောဆိုချက်တွေဟာ မမှန်ဘူးဆိုပြီး ပယ်ချထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ “Yang Hyun-suk ဟာ သူ့ရဲ့ အပေါင်းအပါ သူငယ်ချင်းတွေရဲ့ ဖိတ်ကြားချက်ကို ရခဲ့ပေမယ့် အဲ့ဒီလိုဖော်ပြသလိုမျိုး လိင်ဝန်ဆောင်မှုပေးခဲ့တာ မရှိဘူး” လို့ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ အဲ့ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာကိုမှ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

တကယ်လို့ လိုအပ်မယ်ဆိုရင်တော့ အဲ့ဒီကိစ္စကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး အချက်အလက်တွေကို စစ်ဆေးဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref:asiaone

You may also like these stories:

“နိုင်ငံရေးလောကထဲ ဝင်မှာ မဟုတ်ဘူး”လို့ မင်းသား George Clooney ပြော

တခေတ်တခါက နာမည်ကျော်ဟောလိဝုဒ် မင်းသမီးကြီး Doris Day ကွယ်လွန်ပြီ

Cyberbullying ပြုလုပ်ခံခဲ့ရတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

ဇူလိုင်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် BigBang အဖွဲ့ဝင် T.O.P

The post ရင်းနှီးမြှုပ်နှံသူများအတွက် YG ကုမ္ပဏီအကြီးအကဲ ပြည့်တန်ဆာဝန်ဆောင်မှု ပေးခဲ့တယ်လို့ သတင်းထွက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ