Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မစ္စတာခါရာရဲ့ “ကလိမ်ကကျစ်”

$
0
0
မစ္စတာ ခါရာ, တေးစီရီး, ကလိမ်ကကျစ် မစ္စတာ ခါရာ, တေးစီရီး, ကလိမ်ကကျစ်

မြန်မာနိုင်ငံကိုယ်စားပြု မစ္စတာတယောက်အနေနဲ့ ဟောင်ကောင်မှာကျင်းပပြုလုပ်ခဲ့တဲ့ Mister Asia 2014 ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ခါရာ ဟာ ဆုတံဆိပ်တွေ ရရှိခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ သူတဦးဖြစ်ခဲ့ပါတယ်။

အဲဒီပွဲကနေမှ ပရိသတ်စိတ်ဝင်စားမှုရရှိခဲ့တဲ့ ခါရာက အခုအခါမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ သီချင်းသီဆိုနေပြီ ဖြစ်ပါတယ်။ ခါရာနဲ့ မိန်းကလေးအဆိုရှင် နိုရာတို့နှစ်ယောက်ပေါင်းပြီး သီဆိုထားတဲ့ “ကလိမ် ကကျစ်”လို့ အမည်ပေးထားသော တေးစီးရီးကို ယခုလာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖြန့်ချိပေးတော့မှာပါ။

ဒီတေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၁ ပုဒ် ထည့်သွင်းထားပြီး တေးသီချင်းပုံစံများကတော့ သီချင်းအေးအေးပုံစံများပဲ ဖြစ်ပါတယ်။ Mister တယောက်ကနေ သရုပ်ဆောင် အဲဒီကနေတဆင့် သီချင်းဆိုပြီး အဆိုတော်လုပ်တော့မယ့် ခါရာက သီချင်းဆိုဖြစ်ပုံနဲ့ပတ်သက်ပြီး “ဒီအခွေကို DVD အဖြစ်နဲ့ပါ တပါတည်းထွက်မှာ ဖြစ်ပါတယ်။ ဒီအခွေကို ကျနော်တို့ ရသပေါင်းစုံနဲ့ ဟာသအပျော်လေးတွေပါ ပေးနိုင်အောင် ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီအခွေကိုစပြီး လုပ်နေခဲ့တာက လွန်ခဲ့တဲ့သုံးနှစ်ကတည်းကပါ။ လုပ်နေတဲ့ ပထမတနှစ်အတွင်းမှာ ကျနော်တို့က ဂီတလောက ဘက်က မဟုတ်တော့ အခက်အခဲလေးတွေ ရှိခဲ့တယ်။ ပထမတနှစ် နှစ်နှစ်ကတော့ သီချင်းရွေးတာနဲ့ သီချင်းကို တီးတာနဲ့ တော်တော်လေးကို ခက်ပြီး အချိန်ကုန်ခဲ့တာပါ။ နောက်တော့ တေးရေး ကိုဆလိုင်းနဲ့တွေ့ပြီး သူက ကျနော်တို့ကို  သီချင်းရေး ဆိုတာကစပြီး ဘေးကနေ သင်ကြားပေးတဲ့အတွက် အဆင်ပြေခဲ့ပါတယ်။ သီချင်းတွေကိုလည်း ရိုက်ကူးတဲ့နေရာမှာ နိုင်ငံခြားက MTV တပုဒ်ကို ကြည့်ရှူ့ ခံစားရသလို ဖြစ်အောင် အကောင်းဆုံးကြိုးစား တင်ဆက်ထားပါတယ်”လို့ ပြောပြပါတယ်။

ခါရာနဲ့ နိုရာကို တို့နှစ်ဦး သီဆိုထားတဲ့ “ကလိမ်ကကျစ်” တေးစီးရီးမှာ တေးသီချင်းများကို ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ အောင်မြတ်နဲ့ မေဘရဏီ တို့က ရိုက်ကူးပေးထားပြီး နာမည်ကြီး မော်ဒယ်လ် သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။

The post မစ္စတာခါရာရဲ့ “ကလိမ်ကကျစ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)