Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

BBC ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ ကွယ်လွန်

$
0
0

အသက် ၉၃ နှစ် ရှိပြီ်ဖြစ်တဲ့ BBC ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ Nancy Wigginton ဟာ မေလ ၁၁ ရက်နေ့က နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ သူမဟာ မေလ ၈ ရက်နေ့က Bridport မြို့မှာ ရှိတဲ့ နေအိမ်မှာ မတော်တဆမှုတခုဖြစ်ပြီး ဆေးရုံတက်ခဲ့ရပြီး မေလ ၁၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။

သူမရဲ့ သေဆုံးမှုအတွက် အမှုဖွင့်စစ်ဆေးခြင်းတွေ ပြုလုပ်နေပြီး ကြာသပတေးမှာ တရားရုံးကြားနာမှုတွေ ရှိတယ်လို့ သိရပါတယ်။ Coroner တရားရုံးရဲ့ အရာရှိတဦးဖြစ်တဲ့ Ken McEwan ကတော့ “သူမဟာ အသက်ကြီးလာတဲ့အတွက် ချိနဲ့လို့ ချော်လဲကျတာလည်း ဖြစ်နိုင်တယ်။ သူမ မသေဆုံးခင်လည်း မကြာခဏ ဆိုသလို ချော်လဲလေ့ ရှိတယ်”လို့ ဆိုပါတယ်။

ချော်လဲပြီး ပေါင်ရိုးကျိုးသွားတဲ့အတွက် ဆေးရုံကို  ခေါ်သွားခဲ့ရပြီး နောက်တနေ့မှာ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ခဲ့ပေမယ့် အတွင်းပိုင်းတွေ ဒဏ်ရာရခဲ့တာကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ခင်ပွန်းသည်နဲ့ အိမ်ထောင်ကွဲနေတဲ့ Nancy Wigginton ရဲ့ သေမှုသေခင်း စုံစမ်းခြင်းကို ၂၀၂၀ ခုနှစ်အထိ ပြုလုပ်မှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Nancy Wigginton ဟာ BBC သတင်းဌာနရဲ့ ပထမဆုံး အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ ဖြစ်ပြီး ၁၉၅၈ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ သတင်းတွေကို တင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

ကြည့်ရှုသူတွေက အမျိုးသမီးတွေ ရုပ်သံသတင်းတင်ဆက်တာဟာ အမြင်မတော်ဘူးလို့ ဆုံးဖြတ်ကြတဲ့အတွက် သတင်းတင်ဆက်သူ အလုပ်ကနေ ရာထူးကျသွားခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ၁၉၇၅ ခုနှစ်အထိ ပြည်တွင်းသတင်းတင်ဆက်သူ ပြုလုပ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီး ဖြစ်ပါတယ်။

Ref. The Sun

You may also like these stories:

အစ္စလာမ် ယာယီဝတ်ပြုနေရာ ၃ ခုအား ပိတ်ရန် ဖိအားပေးသည့် အဖွဲ့မှ ဦးဆောင်သူ ၂ ဦးကို အမှုဖွင့်

တနိုင်တပိုင် အမှိုက်ကောက်ရာကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံတမန်ဖြစ်လာတဲ့ မိန်းကလေး

ဇူလိုင်လမှာ စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မယ့် BigBang အဖွဲ့ဝင် T.O.P

ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်ရာ ဖဆပလညီလာခံကြီး

The post BBC ရဲ့ ပထမဆုံး အမျိုးသမီး ရုပ်သံသတင်းတင်ဆက်သူ ကွယ်လွန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)