Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တတိယမြောက် အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန်

$
0
0

မင်းသမီး စကားလက် ဂျိုဟန်ဆန်နဲ့ အစီအစဉ် တင်ဆက်သူ ကောလင်း ဂျို့စ်တို့ဟာ မကြာခင် လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ ၂ နှစ်လောက် တွဲခဲ့ကြပြီးတဲ့နောက်မှာ သူတို့နှစ်ဦးဟာ စေ့စပ်လိုက်ကြပြီလို့ မင်းသမီးရဲ့ လူထုဆက်ဆံရေး တာဝန်ရှိသူ Marcel Pariseau က မေလ ၁၉ ရက်နေ့မှာပဲ အတည်ပြုခဲ့ပါတယ်။

လက်ထပ်မယ့်ရက်ကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ ဒါဟာ Saturday Night Live စတား အသက် ၃၆ နှစ်အရွယ် ကောလင်းအတွက် ပထမဆုံး လက်ထပ်မှု ဖြစ်မှာဖြစ်ပေမယ့် မင်းသမီး စကားလက် အတွက်တော့ ဒါဟာ တတိယမြောက် အိမ်ထောင်ပြုမှု ဖြစ်လာမှာပါ။

အသက် ၃၄ နှစ်အရွယ် မင်းသမီး စကားလက်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မတ်လမှာ ဒုတိယမြောက် ခင်ပွန်း Romain Dauriac နဲ့ ကွာရှင်းဖို့ တရားရုံးမှာ စာတင်ခဲ့ပြီး အဲ့ဒီနှစ် စက်တင်ဘာလမှာပဲ ကွာရှင်းမှုကို အပြီးသတ်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးမှာ အသက် ၄ နှစ်အရွယ် ရို့စ်ဆိုတဲ့ သမီးလေးတဦး ထွန်းကားခဲ့ပါတယ်။ မင်းသမီးဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအထိ ၂ နှစ်ကြာ မင်းသား Ryan Reynolds နဲ့ လက်ထပ်ခဲ့ပါတယ်။

သူနဲ့ လက်ရှိ ခင်ပွန်းလောင်း ကောလင်းတို့ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ချစ်သူတွေအဖြစ် လူတွေရှေ့မှောက်ကို ထွက်ပေါ်လာခဲ့ပြီးတော့ မကြာသေးခင်က လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ “Endgame” ရုပ်ရှင် အထူးပွဲကို အတူတူတွဲပြီး တက်ရောက်ခဲ့ကြပါသေးတယ်။

သူတို့နှစ်ယောက် စေ့စပ်လိုက်တဲ့ သတင်းဟာ အတွင်းသတင်းတခုက သူတို့နှစ်ယောက် လက်ထပ်ဖို့ ပြောဆိုနေကြပြီလို့ People မီဒီယာကို ပြောကြားခဲ့ပြီး နှစ်လအကြာမှာပဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အဲ့ဒီသတင်းရင်းမြစ်က “စကားလက်နဲ့ ကောလင်းတို့ဟာ ချစ်ကြိုက်နေကြပြီး တူညီတဲ့ စိတ်ဝင်စားမှုတော်တော်များများနဲ့ ဟာသဖြစ်ရပ် တော်တော်များများကို မျှဝေပြောဆိုနေကြပါတယ်။ စကားလက်က တော်တော်လေး ပျော်ရွှင်နေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Ref: people

You may also like these stories:

“Avengers: Endgame” အထူးပွဲကို တက်လာရောက်လာခဲ့တဲ့ Scarlett Johansson နဲ့ Brie Larson

ကိန်းစ်ရုပ်ရှင်ပွဲတော် ကော်ဇောနီပေါ်မှာ အချိန်ကြာကြာ ကိုယ်ဟန်ပြလို့ ဝေဖန်ခံနေရတဲ့ တရုတ်မင်းသမီး

Advisor ဇာတ်လမ်းတွဲမှာ လီဂျွန်ဂျယ်နဲ့ အတူ အပြိုင် သရုပ်ဆောင်မယ့် ရှင်မင်းအာ

လက်ထပ်ပြီး ၄ ရက်အကြာ လက်ထပ် မှတ်ပုံတင်မှုကို ပလပ်ပေးဖို့ Nicolas Cage လျှောက်ထား

The post တတိယမြောက် အိမ်ထောင်ပြုဖို့ ပြင်ဆင်နေတဲ့ မင်းသမီး စကားလက် ဂျိုဟန်ဆန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ