Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မင်းသား ရှရွတ်ခန် ပါဝင်မယ့် အထူးအစီအစဉ်ကို Netflix ကနေ ထုတ်လွှင့်မည်

$
0
0

ဘောလိဝုဒ် စူပါစတား ရှရွတ်ခန်နဲ့ ဝါရင့်အစီအစဉ် တင်ဆက်သူ David Letterman တို့ဟာ Netflix ကနေ တင်ဆက်မယ့် တကိုယ်တော် အထူးအစီအစဉ်အတွက် ပူးပေါင်းလိုက်ကြပြီလို့ ဆိုပါတယ်။ Netflix ကနေ ထုတ်ပြန်ခဲ့တဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာတော့ အဲ့ဒီအစီအစဉ်ဟာ အတွင်းကျကျ စကားပြောဆိုကြမယ့် အစီအစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

အစီအစဉ် တင်ဆက်သူ Letterman ကတော့ ဟာသ ပြောတတ်တဲ့ နေရာမှာတော်တော်လေး နာမည်ကြီးတဲ့သူ တဦး ဖြစ်ပါတယ်။ အသက် ၅၃ နှစ်အရွယ် အိန္ဒိယစတား ရှရွတ်ခန်ဟာ Letterman နဲ့အတူ သူ့ရဲ့အကြောင်းတွေကို ဂုဏ်ယူစွာနဲ့ ပြောပြမှာပဲ ဖြစ်ပါတယ်။

“ကျနော်က David Letterman ရဲ့ Talk Show အစီအစဉ်တွေကို နှစ်ပေါင်းများစွာ ကြည့်ခဲ့ဖူးပါတယ်။ ပြီးတော့ သူအင်တာဗျူးတဲ့ စတိုင်ကိုလည်း ကြိုက်နှစ်သက်ပါတယ်။ ကျနော် သူနဲ့အတူ ကျနော့်အကြောင်းကို ဝေမျှရမှာဆိုတော့ ဂုဏ်ယူမိပြီး စိတ်လှုပ်ရှားရပါတယ်။ Netflix နဲ့အတူ လုပ်နေတဲ့ ဒီအစီအစဉ်ဟာ များပြားတဲ့ ပရောဂျက်တွေအတွက် အဖွဲ့နဲ့ အလုပ်လုပ်ခဲ့တာထက် ပိုပြီး ထူးခြားပါတယ်။ သူတို့နဲ့အတူ ပေါင်းဖက်ပြီး အလုပ်လုပ်ရမှာ စိတ်လှုပ်ရှားခဲ့ရပါတယ်”လို့ မင်းသား ရှရွတ်ခန်က ပြောပါတယ်။

နယူးယောက်မှာရှိတဲ့ ပရိသတ်တွေရှေ့မှောက်မှာ မင်းသားခန်ကို တိုက်ရိုက်တွေ့ဆုံ မေးမြန်းခဲ့ပြီးတဲ့နောက် အသက် ၇၂ နှစ်အရွယ် Letterman က မင်းသားဟာ သူစကားပြောခဲ့ဖူးတဲ့ သူတွေထဲမှာ ချစ်ဖို့ အကောင်းဆုံးသူတယောက်လို့ ပြောဆိုခဲ့ပါတယ်။

Letterman က “Netflix က ကျနော့်ကို လူတွေနဲ့တွေ့စေဖို့ လုပ်ပေးတာ တော်တော်လေး ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ အခန်းဆက် တခုစီ ပြီးသွားတဲ့အခါတိုင်းမှာ ကျနော့်ကိစ္စ တော်တော်များများကို လေ့လာသင်ကြားခဲ့ရတဲ့သူတွေက တော်တော်လေး စမတ်ဖြစ်တယ်။ ချစ်ဖို့ကောင်းတယ် ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိပါတယ်”လို့ ဆိုပါတယ်။ အဲဒီ အထူးအစဉ် ထုတ်လွှင့်မယ့်ရက်ကို Netflix က ကြေညာတာမရှိသေးပါဘူး။

Ref: PTInews

You may also like these stories: 

ပရဟိတလုပ်ငန်းဟာ သိက္ခာရှိရှိနဲ့ တိတ်တဆိတ် လုပ်ဆောင်သင့်တယ်လို့ ယုံကြည်တဲ့ ရှရွတ်ခန်

ဧဝရတ်တောင် တက်ခဲ့တဲ့ တောင်တက်သမားတွေအကြောင်း ရိုက်မယ့် ရုပ်ရှင်မှာ ဂျက်ကီချန်း ပါဝင်

Netflix ရုပ်ရှင်မှာ တဦးကို ထိုင်းဘတ် ၃ သန်းစီ ရရှိကြမယ့် ထိုင်းတောဝက် အသင်းသားများ

“Bird Box” စိန်ခေါ်မှု မလုပ်ကြဖို့ Netflix သတိပေး

 

The post မင်းသား ရှရွတ်ခန် ပါဝင်မယ့် အထူးအစီအစဉ်ကို Netflix ကနေ ထုတ်လွှင့်မည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)