Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အသက် ၇၀ အရွယ် ပြင်သစ် သီချင်းရေးဆရာနဲ့ လျှို့ဝှက် လက်ထပ်လိုက်တဲ့ ဂေါင်းလီ

$
0
0

တရုတ်မင်းသမီး ဂေါင်းလီဟာ အသက် ၇၀ အရွယ် သီချင်းရေးဆရာ Jean-Michel Jarre နဲ့ လက်ထပ်လိုက်ပြီလို့ မီဒီယာတွေကို သူတို့နှစ်ယောက်ရဲ့ အတွင်းလူတွေက အတည်ပြုလိုက်ပါတယ်။ Beijing News ရဲ့ အဆိုအရ မင်းသမီးဟာ မေလ ၁၄ ရက်နေ့ ညပိုင်းတုန်းက ကိန်းစ်ရုပ်ရှင်ပွဲတော်ကို လာမယ့် Jarre ကို ကြိုဆိုဖို့ လေဆိပ်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ လက်ချင်းတွဲထားခဲ့ပြီး ပျော်ရွှင်နေပုံရခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီးဟာ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာ ပထမဆုံး တရုတ်နိုင်ငံသား တဦးအနေနဲ့ Women in Motion ဂုဏ်ပြုဆုကို လက်ခံရယူမှာလည်း ဖြစ်ပါတယ်။

အီလက်ထရောနစ်ဂီတ သီချင်းတွေနဲ့ နာမည်ကျော်တဲ့ သီချင်းရေးဆရာ Jarre ကို ပွဲတော် ဥက္ကဋ္ဌ Pierre Lescure က အထူးဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၀ ပြည့်လွန်နှစ်တွေတုန်းက တရုတ်နိုင်ငံ “Saturday Fiction” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဂေါင်းလီကို Shopping Mall တခုမှာ Jarre ချိန်းတွေ့နေတာကို ပရိသတ်တချို့ မြင်တွေ့ခဲ့ကြပါတယ်။

မင်းသမီးကို လာမယ့်နှစ်မှာ ရုံတင်တော့မယ့် “Mulan” ရုပ်ရှင်မှာလည်း မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ မင်းသမီးဟာ အိမ်ထောင်သက် ၁၃ နှစ်ကြာပြီးခဲ့တဲ့နောက် ၂၀၁၀ ခုနှစ်မှာ စင်ကာပူနိုင်ငံသား ခင်ပွန်းသည် Ooi Hoe Seong နဲ့ ကွာရှင်းခဲ့ပါတယ်။

၂၀၁ဝ ခုနှစ်မှာပဲ ဇနီးဟောင်းနဲ့ ကွာရှင်းခဲ့တဲ့ Jarre ဟာ အခု တကြိမ် မတိုင်မီ အိမ်ထောင် ၃ ခါ ကျဖူးတဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ လက်ထပ်ခဲ့ဖူးတဲ့ သူတွေထဲမှာ အင်္ဂလိပ်မင်းသမီး Charlotte Rampling လည်း ပါဝင်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ အလှဆုံး မင်းသမီးအနေနဲ့ မဲပေးရွေးချယ်ခံခဲ့ရတဲ့ မင်းသမီး ဂေါင်းလီဟာ ရွှေကြက်ဖဆု၊ ပန်းတရာဆု၊ ကိန်းစ်ရုပ်ရှင်ပွဲတော်ဆု တို့ကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

Ref: asiaone

You may also like these stories:

“Batman” သရုပ်ဆောင်အဖြစ် မင်းသား Robert Pattinson ကို ရွေးချယ်

အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုပြီး တည်ငြိမ် ရင့်ကျက်လာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ

ဒုတိယရင်သွေးလေးကို လွယ်ထားရတဲ့ မင်းသမီး ကျန်ဇီယီ

အခွန်ရှောင် အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ခဲ့ရပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဓာတ်ပုံပြန်တင်ခဲ့တဲ့ ဖန်ဘင်းဘင်း

The post အသက် ၇၀ အရွယ် ပြင်သစ် သီချင်းရေးဆရာနဲ့ လျှို့ဝှက် လက်ထပ်လိုက်တဲ့ ဂေါင်းလီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ