Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“သီချင်း ဖန်တီးဖို့အတွက် ငွေရေးကြေးရေးက အဓိက ဖြစ်လာတယ်”လို့ ပြောတဲ့ ညီမင်းခိုင်

$
0
0

“နွယ်နီ” သီချင်းနဲ့ ပရိသတ်များ သိရှိခဲ့ကြတဲ့ တေးရေး၊ တေးဆို ညီမင်းခိုင်ကတော့ ယခုနောက်ပိုင်းမှာ သီချင်းဆိုတာ နည်းပါးလာကာ သီချင်းလာအပ်သည်များကိုသာ ရေးသားဖြစ်နေခြင်းဟာ သီချင်းဖန်တီးရန်အတွက် ငွေရေးကြေးရေးက အဓိကဖြစ်လာတာကြောင့်လို့ ဧရာဝတီကို ပြောပါတယ်။

“အဓိကကတော့ အနုပညာခံစားဖို့အတွက်က နံပါတ် ၁ က ခံစားမှု လိုတယ်။ နံပါတ် ၂ က ပိုက်ဆံ လိုတယ်ပေါ့။ နံပါတ် ၁ ခံစားမှုအနေနဲ့ အရင်ကလောက် သီချင်းတွေအပေါ်မှာ ခံစားမှုလျော့လာတယ်။ လျော့လာပေမယ့် တချက်တချက်တော့ ဝင်တာပေါ့။ အခြေအနေ မကောင်းလာတော့ ကိုယ်တွေကလည်း အများကြီး ဒုက္ခခံပြီး ကြိုးစားနေတော့ တခါတခါ စိတ်ညစ်မိတယ်”

“အဲဒီလို အချိန်တွေဆိုရင် သီချင်း မရေးမိတာ ရှိတယ်။ အခုတာ့ ပြန်ပြီးတော့ရေးမယ်။ ရေးပြီးရင်လည်း ဒီဟာကို သွင်းဖို့ပြုဖို့အတွက် ငွေရေးကြေးရေးက အဓိကဖြစ်လာတယ်။ ငွေအဆင်ပြေမှပဲ လုပ်ဖြစ်မယ် ထင်တယ်”လို့ အဆိုတော် ညီမင်းခိုင်က ပြောပါတယ်။

ညီမင်းခိုင်ကိုတော့ ပရိသတ်များက တေးရေးဆရာတယောက်အနေနဲ့ ပိုသိကြပြီး တချို့ကတော့ နာမည်နဲ့လူ တွဲမသိကြဘူးလို့ ဆိုပါတယ်။

“တေးရေးဆရာလို့ပဲ မြင်ပါတယ်။ အခုလည်း နာမည်ကိုပဲသိကြတာ။ လူနဲ့နာမည်နဲ့သိပ်ပြီး တွဲမသိကြဘူး။ ဒါတွေက ကျနော့်ရဲ့ ကံတရားပေါ့။ ရှိုးဆိုတာတွေ နည်းတာ မဟုတ်ဘူး။ ဒီဘက်မှာကို ပွဲက နည်းတာ။ ရခိုင်မှာတော့ ဆိုရတယ်။ နိုင်ငံခြားပွဲတွေ ရခိုင်နဲ့ ပတ်သက်တဲ့ပွဲတွေ ဆိုရတယ်”

“ဒီဘက်ပိုင်းမှာကျတော့ အဆိုတော် အရမ်းများတဲ့အခါကျတော့ အရမ်းဟော့ဖြစ်တဲ့ အဆိုတော်တွေလောက်ပဲ အလုပ်ဖြစ်တာ။ ကျနော်တို့ကလည်း ပွဲစီစဉ်တဲ့သူတွေကိုလည်း သိပ်မဖားတတ်ဘူးလေ။ ကျနော့်ကံတရားလည်း ပါမှာပေါ့” လို့ ညီမင်းခိုင်ကပြောပါတယ်။

မကြာခင်မှာလည်း ရခိုင်နဲ့ ပတ်သက်တဲ့ ပွဲတပွဲအတွက် နိုင်ငံခြားခရီးစဉ်တခုရှိပြီး သူ့အနေနဲ့ ဂီတနဲ့အကျိုးပေးတယ်လို့ ခံယူထားတယ်လို့ ဆိုပါတယ်။

“ဘာပဲပြောပြော ဂီတနဲ့အကျိုးပေးတယ်လို့ပြောလို့ရတယ်။ အဆိုတော်ဖြစ်လို့လည်း နိုင်ငံခြားပွဲတွေ သွားဖြစ်တယ်။ ရခိုင်က ခေါ်လို့ပေါ့။ မလေးရှားဆိုရင် ၃ခေါက် ၊ စင်ကာပူ ၊ ထိုင်း ဒါတွေက တေးရေးဆရာဆိုရင် မခေါ်ဘူးလေ။ အဆိုတော်ဖြစ်လို့ ခေါ်တာပေါ့။ အခုလည်း နိုင်ငံခြားခရီးစဉ်တခု ရှိပါသေးတယ်။ ဒါတွေက အဆိုတော်ကြောင့် သွားဖြစ်တာပေါ့။ တေးရေးဆရာ တယောက်အနေနဲ့က ဘဝရပ်တည်လို့ ရတာပေါ့။ ဂီတက ကိုယ့်ကို အကျိုးပြုတယ်ပေါ့” လို့ ညီမင်းခိုင်ကပြောပါတယ်။

ညီမင်းခိုင်ကတော့ တကိုယ်တော်သီချင်းအခွေ ၂ခွေလည်းထွက်ရှိထားပြီး ပရိသတ် ကြိုက်နှစ်သက်ခဲ့တဲ့ သီချင်းများကို ရေးသားခဲ့တဲ့ တေးရေးဆရာ တဦးလည်း ဖြစ်ပါတယ်။

The post “သီချင်း ဖန်တီးဖို့အတွက် ငွေရေးကြေးရေးက အဓိက ဖြစ်လာတယ်”လို့ ပြောတဲ့ ညီမင်းခိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)