Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Lady Boy” ရုပ်ရှင်မှာ ထိုင်းလိုပြောပြီး သရုပ်ဆောင်ထားတဲ့ ထူးအောင်

$
0
0

မြန်မာနဲ့ ထိုင်း ပူးပေါင်းရိုက်ကူးထားပြီး၊ မကြာခင် ရုံတင်ပြသတော့မယ့်“Lady Boy” ရုပ်ရှင်မှာ သရုပ်ဆောင်ထူးအောင်က ထိုင်းဘာသာ စကားပြောပြီး သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

“အဲဒီကားထွက်လာရင် ကျနော့်ကို ပြောကြမလားတော့ မသိဘူး။ ဒီထဲမှာကျနော်က ယိုးဒယားလိုပြောရတာဗျ။ ပထမတုန်းက ကျနော်က ယိုးဒယားလူမျိုး၊ ဗမာ မဟုတ်ဘူး။ နောက်မှ ကျနော်ကတော့ ယိုးဒယားအစစ်ကြီး မလုပ်ချင်ဘူးလို့ ဗမာရောက်တဲ့အခါ ဗမာစကားပြောလိုက်မယ်လို့ ပြောတော့ ပြန်ပြောင်းသွားတာ။ ဒါပေမယ့် ယိုးဒယားလိုပြောတယ်။ ယိုးဒယား ဂန်းစတားတွေနဲ့တွေ့ရင် ယိုးဒယားလိုပြောတယ်” လို့ သရုပ်ဆောင် ထူးအောင်က ပြောပါတယ်။

ယိုးဒယားလိုပြောရတဲ့အတွက် ဘာသာစကား အခက်အခဲရှိပြီး ဇာတ်ညွှန်းကြိုတင် မရတဲ့အတွက် ရိုက်ကွင်းပေါ်မှ သိရသော်လည်း အဆင်ပြေခဲ့တယ်လို့ ပြောပါတယ်။

“ဘာသာစကားက အခက်အခဲ ရှိတာပေါ့။ ကျနော်က ယိုးဒယားလို နှာသံ သိပ်မထွက်တတ်တော့ ကျနော့်အတွက် တိုင်ပတ်တာပေါ့။ ရိုက်ကွင်းပေါ်ရောက်မှ သိတာ။ ဇာတ်ညွှန်းတွေ ဘာတွေ ကြိုမရတော့ ရိုက်ကွင်းပေါ်ရောက်မှ သိရတာ။ ဒါပေမယ့် အဆင်ပြေပါတယ်။ ဘာသာပြန်ရှိတယ်။ ကျနော့်ကို ပြန်သင်ပေးတယ်။ အသံထွက်တာတွေမှန်လား ဆိုတာတွေကို ပြန်သင်ပေးပါတယ်”လို့ ထူးအောင်ကပြောပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာတော့ မြန်မာနိုင်ငံမှ သရုပ်ဆောင်များနဲ့အတူ ထိုင်းနိုင်ငံမှ သရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် အတူတကွ အလုပ်လုပ်ရတဲ့အချိန်မှာတော့ ပညာတွေရခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က လူမိုက်အုပ်စု။ ထိုင်းကလူမိုက်တွေလည်း ပါတယ်။ လူကြမ်းတွေလည်း ပါတယ်။ ဖိုက်တင်ခန်းတွေဆိုရင်လည်း အတူတူ လုပ်ကြတယ်။ ဘန်ကောက်မှာလည်း သွားရိုက်ခဲ့ကြတယ်။ ရိုက်ကြရင်းနဲ့နောက်တော့ ညီအစ်ကိုတွေလိုဖြစ်သွားတာ။ ရိုက်တဲ့အခါမှာလည်း သူတို့က အလုပ်လုပ်တာ တိကျတယ်။ ပညာရတာတွေလည်း ရှိတယ်”လို့ ထူးအောင်ကပြောပါတယ်။

မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲ ရောက်ရှိလာတဲ့ ထူးအောင်ကတော့ ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ရိုက်ကူးမှုများ များပြားလာပြီး သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများကလည်း ရုံတင်ဖို့အတွက် အများကြီးရှိနေသေးတယ်လို့ ဆိုပါတယ်။

“ဒီကားကတော့ ဘယ်နှကားမြောက်လဲတော့ မပြောတတ်ဘူး။ မတင်ရသေးတဲ့ ကားတွေလည်း ရှိနေသေးတော့ မပြောတတ်သေးဘူး။ အရမ်းအများကြီးတော့ မဟုတ်ပါဘူး။ တချို့ကားတွေကျတော့လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေတယ်လို့ ထင်မိပါတယ်။ ကျနော်တို့လည်း စောင့်ရုံပဲပေါ့” လို့ ထူးအောင်ကပြောပါတယ်။

ထူးအောင်ကတော့ ရုပ်ရှင်ရိုက်ကူးမှုများသာမက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ အကြောင်းအရာများကိုလည်း တနှစ်တခါ ပရိသတ်များအတွက် တင်ဆက်ပေးလေ့ရှိရာ ဒီနှစ်အတွက်လည်း မကြာခင်မှာ တင်ဆက်ပေးဖို့အတွက် ဗီဒီယိုတခု ရိုက်ကူးနေပြီလို့ သိရပါတယ်။

The post “Lady Boy” ရုပ်ရှင်မှာ ထိုင်းလိုပြောပြီး သရုပ်ဆောင်ထားတဲ့ ထူးအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ