Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မေဦးအတွက် အမေဟာ ဒုတိယဘုရားသခင်ပါပဲ” လို့ မိတ်ကပ်မေဦး ပြော

$
0
0

ဒီနေ့ မေလ ၁၂ ရက်နေ့ကတော့ အမေများနေ့ဖြစ်ပြီး အမေများနေ့မှာ အမေ့ကို ထူးထူးခြာခြားလက်ဆောင် ပေးဖြစ်တာမျိုးမရှိပဲ အမေကို ရသမျှပိုက်ဆံအပ်တယ်လို့ မိတ်ကပ်မေဦးကဆိုပါတယ်။

“အမေဆိုတာ ကိုယ်တွေ ဘဝအတွက်မရှိမဖြစ်ပဲလေ။ အခုလို မိတ်ကပ်ဆရာအနေနဲ့ လူတွေအားပေးပြီး လူတွေ ချစ်အောင်မွေးပေးတဲ့အတွက် အမေ့ကို ကျေးဇူးတင်တယ်။ လောကကြီးထဲမှာ လူကောင်းတယောက်အနေနဲ့ လူတွေကို အကောင်းဆုံးအကျိုးပြုနိုင်တဲ့ လူတယောက်အနေနဲ့ရပ်တည်ခွင့်ရတဲ့အတွက်အမေကို ကျေးဇူးအများကြီးတင်တယ်။ အရမ်းလည်းချစ်တယ်”

“ အမေများနေ့ကိုတော့ အထူးတလည်တော့ လက်ဆောင်တွေ ဘာတွေနဲ့ပေးဖြစ်တာမရှိဘူး။ မေဦးအတွက်က နေ့တိုင်းက အမေများနေ့ပါပဲ။ မိသားစုမှာလည်း ကိုယ်ကအကြီးဆုံး အိမ်ထောင်ဦးစီးလို့ လည်းပြောလို့ရ တယ်။ အဲ့အတွက်အမေ့ကို ပြုစုစောင့်ရှောက်ရတယ်။ အမေကယောကျာ်းဆုံးသွားတယ်။ အခုချိန်ထိလည်း ကိုယ်တွေကို ပြုစုစောင့်ရှောက်ပေးနေတယ်။ အဲ့အတွက် အမေကိုကျေးဇူးတင်ပါတယ်”

“ အမေကကိစ္စတော်တော်များများမှာလည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိဘူး။ ကိုယ့်ဟာကိုယ်လုပ်ကိုယ်ဖြစ်ရင် ကိုယ်ခံရမယ်။ ဘာမှအခုချိန်ထိ သားသမီးမျက်နှာညိုး အောင်လည်း မပြောဘူး။ အကောင်းဆုံးဖြည့်ဆည်းပေးတယ်။ မေဦးတောက်လျှောက်အလုပ်လုပ်သမျှ အိမ်ကိုပဲအပ်တယ်။ ရသမျှအကုန်အမေ့အပ်တော့ အထူးဝယ်ပေးဖြစ်တာ တော့မရှိပါဘူး”လို့ မိတ်ကပ် မေဦးကပြောပါတယ်။

မိခင်ဖြစ်သူကြောင့် အကောင်းဆုံးတွေဖန်တီးခွင့်ရခဲ့တယ်လို့ဆိုတဲ့ မိတ်ကပ်မေဦးက မိခင်က ဒုတိယဘုရားသခင်လို့ဆိုပါတယ်။

“မေဦးအတွက်ကတော့ အမေက ဒုတိယဘုရားသခင်ပါပဲ။ ဒီဘဝကြီးမှာ အရာရာကို သိမြင်အရာရာကို အကောင်းဆုံးတွေ ဖန်တီး အလှူအတန်းတွေ လုပ် ၊အလုပ်တွေလုပ် လူတွေ ရဲ့အချစ်ခံနေရတာ အမေ့ကြောင့်ပဲလေ။ မေဦး မိတ်ကပ်ပညာလုပ်တော့လည်း ဘာမှမပြောဘူး။ ဝင်ေရောက်စွတ်ဖက်ခြင်းမရှိဘူး။ အဲ့အတွက် ကိုယ်ကြိုက်တာ ကို အကောင်းဆုံး ဖန်တီး ခွင့်တွေရတယ်”လို့ မိတ်ကပ် မေဦးကပြောပါတယ်။

မိတ်ကပ်မေဦးဟာဆိုရင် လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမိတ်ကပ်ပညာရှင်တဦးအနေနဲ့ ရပ်တည်နေသူတဦးဖြစ်ကာ “မီ” ဇာတ်ကားနဲ့လည်း Special Award (Costume & Make Up Award) ကို ရရှိထားပါသေးတယ်။

You may also like these stories:

နားလည်ပေးနိုင်ပြီး ချစ်ခြင်းမေတ္တာ ပေးနိုင်တဲ့သူကို ရွေးချယ်မယ့် ဘီလီလမင်းအေး

“သတ်ပစ်မယ်လို့ ပြောတာကို ညီမ ရှေ့နေကြားတယ်၊ ညီမကိုယ်တိုင် ကြားတယ်”

တပ်မတော်သားတွေကို ဂုဏ်ပြုကြိုဆိုခဲ့တဲ့ အလှမယ် ထက်ထက်ထွန်း

အမေများနေ့ မှာ မိခင်ကို အိမ်သစ်လေးတလုံးပေးမယ့် အဆိုတော် အိမ့်ချစ်

The post “မေဦးအတွက် အမေဟာ ဒုတိယဘုရားသခင်ပါပဲ” လို့ မိတ်ကပ်မေဦး ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ