Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စီးပွားရေးမှာ နေရာတခု ရလာပြီဖြစ်လို့ ဂီတအလုပ်တွေ ပြန်လုပ်မယ့် အဆိုတော် ကောင်းမြတ်

$
0
0

ဂီတလုပ်ငန်းအပြင် စီးပွားရေးလုပ်ငန်းပါ လုပ်ကိုင်နေတဲ့ အဆိုတော် ကောင်းမြတ်က မိဘတွေကို ကောင်းကောင်းမွန်မွန် ထားချင်တဲ့အတွက် စီးပွားရေးလုပ်ကိုင်ဖြစ်တာဖြစ်ပြီး ဂီတလုပ်ငန်းကိုတော့ ဟိုမရောက်၊ ဒီမရောက် ဖြစ်မှာစိုးတဲ့အတွက် ဆက်လက် မလုပ်ဖြစ်တာလို့ ဆိုပါတယ်။

“ကျနော် အနုပညာလောကထဲကို ဝင်ချိန်မှာလည်း အနုပညာမျိုးရိုး တခုမှ မရှိဘူး။ ရအောင်ကြိုးစားပြီး ဝင်ခဲ့တယ်။ စီးပွားရေးလောကကို ဝင်ချိန်မှာလည်း ကျနော့် အဖေ၊ အမေဆိုလည်း စီးပွားရေး အသိုင်းအဝိုင်းက မဟုတ်ဘူး။ အဲ့တော့ ကျနော် စီးပွားရေးလောကထဲ ဝင်ချိန်မှာ တော်တော်ကို စိတ်ရော လူရော ခွန်အားတွေရော ပေးရတယ်”

“အဖေ၊ အမေကလည်း အသက်ကြီးပြီဆိုတော့ ကျနော့်မှာ မောင်နှမလည်း မရှိတော့ မိဘတွေကို ကောင်းကောင်းမွန်မွန်လေး ထားချင်တဲ့အတွက် ပိုက်ဆံရှာပြီး မိဘတွေကို ကောင်းကောင်း ထားတယ်။ အဲ့အတွက် စီးပွားရေးလုပ်ငန်း လုပ်ဖြစ်တယ်”လို့ အဆိုတော် ကောင်းမြတ်က ပြောပါတယ်။

“ကျနော် အနုပညာနဲ့ စီးပွားရေးမျှလုပ်ရင်လည်း လစ်ဟာမှုတွေ ရှိချိန်မှာ သီချင်းရေးတယ်။ Recording လုပ်တယ်။ သီချင်းတွေ တီးတယ်။ ကျနော်ပြောရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ သီချင်းသာ မထွက်တာ ကျနော့်မှာ သီချင်းအပုဒ် ၄၀ လောက် ရှိတယ်။ ဟိုမရောက်၊ ဒီမရောက် ဖြစ်မှာစိုးလို့ မလုပ်ဖြစ်ခဲ့ဘူး။ အခုကျနော့် လုပ်ငန်းတွေလည်း အတိုင်းအတာ တခုထိ လည်ပတ်သွားပြီ ဖြစ်တာကြောင့် ကျနော် ဖန်တီးထားတဲ့ သီချင်းတွေကို ပရိသတ်ဆီ စပြီးပို့မယ်”လို့ အဆိုတော် ကောင်းမြတ်က ပြောပါတယ်။

အဆိုတော် ကောင်းမြတ်ကို Little ကောင်းမြတ်အဖြစ် ပရိသတ်များက အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူတွဲပြီး သီချင်းဆိုခဲ့တာကို သိခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တကိုယ်တော် တေးသီချင်းများကို ဖြန့်ချိခဲ့ပြီး ပရိသတ်ရဲ့ အားပေးမှုကိုလည်း ရရှိခဲ့သူပါ။

သီချင်းသစ်တွေကိုလည်း အွန်လိုင်းကနေ တင်ပေးဖို့ရှိတဲ့ အဆိုတော် ကောင်းမြတ်က အားပေးတဲ့ ပရိသတ်တွေ အတွက် Limited Edition ဆိုပြီး CD အခွေထုတ်မယ်လို့ ဆိုပါတယ်။

“ကျနော့် သီချင်းတွေကို ကောင်းမြတ်ဆိုတဲ့ Facebook ကနေ တင်ပေးတယ်။ တင်ပေးတော့လည်း အားပေးတာကို တွေ့ရတဲ့အတွက် ကျနော် အားလည်းတက်တယ်။ အဲ့ကနေ သီချင်းအသစ်တွေလည်း တင်မယ်။၁၃၊ ၁၄ ပုဒ်လောက်ဆိုရင် ကျနော်ကို အားပေးတဲ့ ပရိသတ်တွေ အတွက် Limited Edition ဆိုပြီး CD လေးထုတ်မယ်။ ကျနော်ကြိုက်တဲ့ သီချင်းလေးတွေပဲ လုပ်ထားပါတယ်”

“သီချင်းတွေလည်း စတင်နေပါပြီ၊ သီချင်းတပုဒ်က ပရိသတ် ရင်ဘတ်ထဲကို ရောက်တယ်ဆိုရင် နှစ်ကာလ တော်တော်များများကို ဖြတ်သန်းနိုင်တယ်လို့ ကျနော်ယုံကြည်တယ်။ အဲ့အတွက် ကျနော့် ပုံစံဖြစ်မယ့် သီချင်းတွေ နားထောင်ရပါတော့မယ်”လို့ ကောင်းမြတ်က ပြောပါတယ်။

အဆိုတော် ကောင်းမြတ်ဟာ ပထမ တစ်ကိုယ်တော် အခွေဖြစ်တဲ့ “မျောလွင့်နေတဲ့တိမ်” သီချင်းခွေနဲ့အတူ အတွဲသီချင်းတွေများစွာ သီဆိုခဲ့ပြီး အောင်မြင်တဲ့ အဆိုတော် တဦးလည်း ဖြစ်ပါတယ်။ ကောင်းမြတ်က ဒုတိယစီးရီး “အချစ်ရှိရာအရပ်သို့ မျက်နှာမူ၍” ကိုလည်း ထွက်ထားပါသေးတယ်။

The post စီးပွားရေးမှာ နေရာတခု ရလာပြီဖြစ်လို့ ဂီတအလုပ်တွေ ပြန်လုပ်မယ့် အဆိုတော် ကောင်းမြတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)