Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုတွေကနေ မိုက်ကယ်ဂျက်ဆင်ကို ကာကွယ်ပေးလိုက်တဲ့ မက်ဒေါနား

$
0
0

“Leaving Neverland” မှတ်တမ်းရုပ်ရှင် ထွက်ရှိပြီးတဲ့ နောက်မှာ Pop ဘုရင်မဖြစ်တဲ့ မက်ဒေါနားက မိုက်ကယ်ဂျက်ဆင်ဘက်ကနေပြီး တရားစွဲဆိုသူတွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

မက်ဒေါနားက “အပြစ်ရှိတယ်ဆိုတာ သက်သေမပြနိုင်သရွေ့ ဖြူစင်တဲ့လူတယောက်ပါပဲ”လို့ ပြောခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်က အော်စကာဆုပေးပွဲမှာ သူမရဲ့ Date အဖြစ် မိုက်ကယ်ဂျက်ဆင်ကို ခေါ်သွားခဲ့တဲ့ မက်ဒေါနားဟာ “Leaving Neverland” မှတ်တမ်းရုပ်ရှင်ကိုတော့ မကြည့်ရှုရသေးဘူးလို့ ဆိုပါတယ်။

“လူတွေကတော့ တယောက်တမျိုး စကားတွေ ပြောလေ့ရှိတာပဲ။ ဒါပေမယ့် သက်သေပြနိုင်လား”ဆိုပြီး မေးခွန်းထုတ်ခဲ့ပါသေးတယ်။ Wade Robson နဲ့ James Safechuck လို့ အမည်ရတဲ့ အမျိုးသားနှစ်ယောက်က မိုက်ကယ်ဂျက်ဆင်ဟာ သူတို့ကို ငယ်ဘဝမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြထားတဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်ကို HBO ရုပ်သံလိုင်းက ထုတ်လွှင့်နေတာဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင် ထွက်ရှိပြီးနောက်ပိုင်းမှာ ပရိသတ်တွေက မိုက်ကယ်ဂျက်ဆင်ကို အမြင်မကြည်တာတွေ ရှိသလို တချို့ကလည်း သေဆုံးပြီးသားလူကို အပြစ်မဖို့စေချင်ကြပါဘူူး။

မက်ဒေါနားကတော့ “လူတွေက လိမ်ညာတတ်တာပဲ။ ဒီလို လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။ ပိုက်ဆံလိုချင်တာလား။ ဒါတွေကိုလည်း ထည့်စဉ်းစားဖို့ လိုပါသေးတယ်။ ကျမကတော့ အဲဒီ မှတ်တမ်းရုပ်ရှင်ကို မကြည့်ရသေးပါဘူး”လို့ ပြောပါတယ်။

Pop ဘုရင်နဲ့ ဘုရင်မလို့ တင်စားခံရတဲ့ မိုက်ကယ်ဂျက်ဆင်နဲ့ မက်ဒေါနားတို့ဟာ ၁၉၉၁ ခုနှစ်က အော်စကာဆုပေးပွဲကို အတူတွဲကာ တက်ရောက်ခဲ့ပြီး မက်ဒေါနားကတော့ “အဲဒီနေ့ဟာ ပျော်စရာအကောင်းဆုံး နေ့ပါပဲ။ မိုက်ကယ်နဲ့ ကျမ စွဲမက်စရာ အနမ်းတွေကိုတောင် ဖလှယ်ခဲ့ကြပါသေးတယ်”လို့ ချီးမွမ်းပြောဆိုခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ကို မှတ်တမ်ရုပ်ရှင် ရိုက်ကူးသူတွေနဲ့ ရုပ်ရှင်မှာ ပါဝင်ပြီး တရားစွဲဆိုထားသူတွေ ရန်က ကာကွယ်တဲ့ပုံနဲ့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref;Mirror

The post လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုတွေကနေ မိုက်ကယ်ဂျက်ဆင်ကို ကာကွယ်ပေးလိုက်တဲ့ မက်ဒေါနား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)