Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထောင်ထဲက ထွက်လာပြီးနောက် ၇ နှစ်အတွင်း ရုပ်ရှင် ၂ ကားသာ ရိုက်ဖြစ်ခဲ့တဲ့ ဇာဂနာ

$
0
0

နိုင်ငံရေးပြက်လုံးများကြောင့် ထောင်ကျခဲ့တဲ့ ဟာသ သရုပ်ဆောင် ဇာဂနာကတော့ ထောင်ထဲက ပြန်လည် လွတ်မြောက်ခဲ့ပြီး အချိန် ၇ နှစ်အတွင်း ရုပ်ရှင်ဇာတ်ကား ၂ကားသာ ရိုက်ကူးခဲ့တယ်လို့ ပြောပါတယ်။

“ဒီ “ပြဿနာ”ကားက ရိုက်ထားတာ ၂ နှစ် ကျော်ပြီ။ ဒီတခေါက် ထောင်ကထွက်ပြီး ၇ နှစ်အတွင်း ၂ ကားပဲ ရိုက်ဖြစ်တယ်။ ပထမကားက “အော်တိုဘုရင်” ၊ ဒုတိယကားက “ပြဿနာ” အဲဒါပဲ ရှိတယ်။ ဒီကားတွေ နောက်ပိုင်း ဘာကားမှ မရိုက်တာပေါ့။ ကျနော်က ပိုက်ဆံလိုချင်မှု တခုတည်းနဲ့ အနုပညာအလုပ်ကို လုပ်တာ မဟုတ်တဲ့အတွက် ကိုယ်လုပ်ချင်မှ ကိုယ်လုပ်တယ်။ အဲဒါကြောင့် မလုပ်တာ။ စိတ်မပါသေးလို့။ စိတ်ပါရင်တော့ လုပ်မှာ”လို့ ဇာဂနာက ပြောပါတယ်။

ပထမရုပ်ရှင် ဇာတ်ကားကတော့ “အော်တိုဘုရင်” ဆိုတဲ့ နိုင်ငံရေးကို သရော်ထားတဲ့ ဟာသဇာတ်ကားဖြစ်ပြီး မကြာခင် ရုံတင်တော့မယ့် ဒုတိယမြောက် ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား “ပြဿနာ” ကတော့ ယောက္ခမနဲ့ သမက်ကြားထဲမှ ဟာသအလွဲများကို ရိုက်ကူးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးမှု နည်းပါးခဲ့ပြီး ဘယ်လိုအကြောင်းအရာများကြောင့် အဆိုပါ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးဖြစ်ခဲ့တာလဲ ဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“ပထမကားက ကိုညီညီထွန်းလွင်ပေါ့။ အရင်ကဇာတ်ကို ကျနော်တို့ ပြန်ပြီးတော့ Troll လုပ်တာပေါ့။ ဒီကားကတော့ ကိုမီးပွားက အနုပညာလောကမှာ တကယ့်ညီအစ်ကိုလို နေခဲ့ကြတဲ့ လူဖြစ်တော့ သူ့ယုံလို့ရိုက်တာပေါ့။ ဒါပါပဲ။ ကျန်တာတော့ ထွေထွေထူးထူးမရှိပါဘူး”လို့ ဇာဂနာကပြောပါတယ်။

အနုပညာအလုပ်တွေ လုပ်တာနည်းပါးလာပြီး နောင်လာမယ့် မျိုးဆက်ကို ပိုတော်အောင် မွေးထုတ်ဖို့အတွက် ကြိုးစားနေတာကြောင့် ရုပ်ရှင်လောကကြီးရဲ့ တိုးတက်မှုကိုလည်း နောင်မျိုးဆက်ရောက်မှ မြင်ရမယ်ထင်တယ်လို့ ဆိုပါတယ်။

“ကျနော်ကတော့ နောက်ထပ်မျိုးဆက် စတုတ္ထမျိုးဆက်အထိ ဖြစ်လာပြီ။ ကိုယ့်အသက်၊ ကျန်းမာရေးနဲ့ သိပ်လည်း ကောင်းတော့တာ မဟုတ်တော့ဘူး။ လူငယ်မျိုးဆက်ကိုပဲ မွေးထုတ်ဖို့ကြိုးစားတယ်။ လူငယ်မျိုးဆက်က ကျနော်တို့ထက် ပိုတော်ရမယ်။ ပိုတော်တဲ့ မျိုးဆက်လက်ထဲရောက်ရင် ကျနော်တို့ တိုင်းပြည် ပိုကောင်းမယ်။ ရုပ်ရှင်လောက အပြောင်းအလဲ တိုးတက်တာလည်း သူတို့ လက်ထက်ကျမှ မြင်ရမယ် ထင်တယ်။ ကျနော်တို့ လက်ထက်မှာတော့ သိပ်အားမရဘူး”လို့ ဇာဂနာက ပြောပါတယ်။

The post ထောင်ထဲက ထွက်လာပြီးနောက် ၇ နှစ်အတွင်း ရုပ်ရှင် ၂ ကားသာ ရိုက်ဖြစ်ခဲ့တဲ့ ဇာဂနာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ