Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

စစ်မှုထမ်းပြီးနောက် ပထမဆုံး ဒရာမာစီးရီး ပြန်ရိုက်မယ့် မင်းသား လီမင်ဟို

$
0
0

ပြီးခဲ့တဲ့ လမှာပဲ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးခဲ့တဲ့ မင်းသား လီမင်ဟိုဟာ နာမည်ကျော် ဇာတ်ညွှန်းရေးဆရာမ ကင်အွန်းဆော့ရဲ့ ဒရာမာစီးရီးအသစ်တခုမှာ ပါဝင်မယ်လို့ ဇာတ်လမ်းတွဲ ထုတ်လုပ်ရေး ကုမ္ပဏီက မေလ ၇ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မင်းသားလီဟာ “The King: Permanent Monarch” လို့ အမည်ပေးထားတဲ့ စီးရီးအစစ်မှာ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်မှာ ဖြစ်တယ်လို့ Hwa & Dam Pictures ကုမ္ပဏီထံကနေ သိရပါတယ်။ ဒါဟာ မင်းသားလီ အတွက်တော့ ၂၀၁၃ ခုနှစ်မှာ SBS ရုပ်သံလိုင်းကနေ ပြသခဲ့တဲ့ “The Heirs” ဇာတ်လမ်းတွဲနောက်ပိုင်း ဇာတ်ညွှန်းရေးဆရာမ ကင်နဲ့ ဒုတိယမြောက်လက်တွဲ လုပ်ကိုင်တဲ့အလုပ်လည်း ဖြစ်ပါတယ်။

အဲ့ဒီ ဇာတ်လမ်းတွဲ ရိုက်ကူးရေးကိုတော့ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ စတင်မှာဖြစ်ပြီးတော့ လာမယ့်နှစ် ပထမနှစ်ဝက် ကာလမှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတယ်လို့ စတူဒီယိုက ဆိုပါတယ်။

“Descendants of the Sun” နဲ့ “Mr. Sunshine” တို့လိုမျိုး နာမည်ကျော် ဒရာမာတွေရဲ့ ဖန်တီးရှင် ဆရာမ ကင်ရဲ့ စီးရီးအသစ်ဟာ ဆိုရင် ယနေ့ခေတ် အချိန်ကာလက ကိုရီးယားအင်ပါယာပြည့်ရှင် လီဂွန်းနဲ့ ခေတ်ပြိုင် ကိုရီးယားရဲ ချောင်ထယ်အူးလ်တို့ကြားက အရှုပ်အထွေးတွေကို သဘာဝလွန်ပုံစံနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

သူတို့ ဇာတ်ကောင်နှစ်ခုဟာ သူတို့ရဲ့အချိန်ကာလကနေ ခွဲထွက်ပြီး ရည်ရွယ်ချက်ကိုယ်စီနဲ့ အလုပ်အတူ တွဲလုပ်ကြပုံကို မြင်တွေ့ရမှာပါ။ စတူဒီယိုရဲ့အဆိုအရကတော့ အဲ့ဒီဒရာမာဟာ ထူးခြားဆန်းကြယ်အချစ် ဇာတ်လမ်းဖြစ်ပြီး “Secret Garden” နဲ့ “Guardian: The Lonely and Great God” တို့အပါအဝင် နာမည်ကျော် အချစ်ဇာတ်လမ်းတွေ ပုံစံအတိုင်း သွားမယ်လို့ သိရပါတယ်။

ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ ကိုယ်စားလှယ် ယွန်းဟာရင်က “ဘယ်ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ်ဆိုတာနဲ့ ထုတ်လွှင့်မယ့် အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်လို့ ဘာကိုမှ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ဒါရိုက်တာနဲ့ အဓိကဇာတ်ဆောင် ရှိနေပါပြီ။ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက် ကာလတချိန်ချိန်မှာ စတင် ရိုက်ကူးမှာဖြစ်တယ်”လို့ ပြောပါတယ်။

Ref: yonhap, soompi

The post စစ်မှုထမ်းပြီးနောက် ပထမဆုံး ဒရာမာစီးရီး ပြန်ရိုက်မယ့် မင်းသား လီမင်ဟို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)